Entertainment

ဗြိတိသျှဒရမ်မာ 'Mistresses' ကို ပြန်လည်ဆန်းသစ်ထားသော ကိုရီးယားဇာတ်လမ်းတွဲ မကြာမီပြသမည်

ဒီသီတင်းပတ်မှာပဲ ဒရမ်မာလောကနဲ့ ၆ နှစ်ဝေးကွာနေခဲ့ကြတဲ့ ကိုရီးယား သရုပ်ဆောင်နှစ်ဦးရဲ့ တကျော့ပြန် လှုပ်ရှားမှု တွေ ပြန်လည် စတင်လာခဲ့ပါတယ်။ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့သူတို့နှစ်ဦးဟာ နာမည်ကျော် အနောက်တိုင်း ဇာတ်လမ်းတွဲတွေကို ကိုရီးယားစကားပြောနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးမယ့် ဒရမ်မာတွေမှာ ပါဝင်ဖို့ ရွေးချယ်ထား ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသား Jang Dong-gun (ဂျန်းဒုံဂွန်း) ကတော့ အမေရိကန်ရုပ်သံ ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတဲ့ Suits ဇာတ်လမ်းတွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

မင်းသမီး Han Ga-in (ဟန်ဂါအင်း) ကတော့ ဗြိတိသျှဒရမ်မာ “Mistresses” ကို ပြန်လည် ဆန်းသစ်ရိုက်ကူးထားတဲ့ ဒရမ်မာမှာ ပါဝင်လာမှာဖြစ်ပါတယ်။ အဲဒီ ဒရမ်မာကတော့ ထူးဆန်းတဲ့ လူသတ်မှုတခုမှာ ပါဝင်ခဲ့ကြတဲ့ ရင်းနှီးတဲ့ အမျိုးသမီး သူငယ်ချင်းလေးဦးရဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေကို ဇာတ်အိမ်တည်ထားပါတယ်။

မင်းသမီး Han က “ကျမကလေးကို သိပ်ပေးပြီးတဲ့နောက် ဇာတ်ညွှန်းကို ဖတ်ခဲ့ပြီး လက်ကတော့ မချချင်ခဲ့ပါဘူး၊ ကျမ ခံစားရသလိုပဲ ကြည့်ရှုသူ ပရိသတ်တွေ ခံစားရလိမ့်မယ်လို့ ကျမယုံကြည်ပါတယ် ” လို့ ပထမဆုံးအပိုင်းကို မပြသမီ ပြုလုပ်ခဲ့တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ သူဟာ ဒီဒရမ်မာထဲမှာ ခင်ပွန်းကွယ်လွန်ပြီးနောက် သမီးကို တဦး တည်း ပြုစုပျိုးထောင်ခဲ့ရပြီး ကဖေးဆိုင်တခု ဖွင့်လှစ်ထားတဲ့ မုဆိုးမ Jang Se-yeonအဖြစ် သရုပ်ဆောင်ထား ပါတယ်။ သူ့ ခင်ပွန်း အသက်ရှင်လျက် ရှိနေသေးတယ်လို့ ယုံကြည်ထားပြီး ဘယ်သူ ခေါ်မှန်းမသိ ဖုန်းခေါ်ဆိုမှုတွေ ရရှိပြီးတဲ့ နောက် ပိုင်း စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ တကယ့်လက်တွေ့ ဘဝမှာလည်း အသက် ၃၆ နှစ်အရွယ် မင်းသမီး Han ဟာ မင်းသား Yeon Jung-hun နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ သမီးတဦးရရှိထားသူ ဖြစ်ပါတယ်။

ဒီဒရမ်မာမှာ အခြားအမျိုးသမီး ဇာတ်ကောင်တွေအဖြစ် Choi Hee-seo, Shin Hyun-bin နဲ့ Goo Jae-yi တို့လည်း ပါဝင် ထားကြပါတယ်။ မင်းသမီး Han ဟာ အထက်တန်းကျောင်းဆရာတဦးဖြစ်ပြီး နာမည်ကျော်စားဖိုမှူးတဦးရဲ့ ဇနီး ဖြစ်ပါ တယ်။ သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ သားသမီးလိုချင်ပေမယ့် မရရှိဘဲ ဖြစ်နေခဲ့ပါတယ်။ တနေ့မှာ Han ဟာ အမျိုးသား တဦးနဲ့ ပျော်ပါးခဲ့ပြီး ထိန်းမရနိုင်အောင် ဖြစ်ခဲ့ပါတယ်။

မင်းသမီး Kim ကတော့ စိတ်ရောဂါ အထူးကု ဆရာဝန်တ ဦးဖြစ်ပြီး အထက်တန်းကျောင်းမှ ဆရာတဦးကို ချစ်ခင် နှစ်သက်နေသူလည်းဖြစ်ပါတယ်။ သူ့ချစ်သူ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ ပြီးနောက် သားဖြစ်သူနဲ့ ရုတ်တရက် တွေ့ဆုံ လိုက်ရပါတယ်။

မင်းသမီး Do ကတော့ ဥပဒေကုမ္ပဏီတခုမှာ အလုပ်လုပ်နေပြီး ချစ်သူ မြောက်များစွာနဲ့ ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်ပါ တယ်။ အမှုသည်တဦးရဲ့ ခင်ပွန်းအပေါ် အယုံအကြည်မရှိကြောင်း သက်သေ ရှာခိုင်းရင်းနဲ့ အဲဒီခင်ပွန်းသည်နဲ့ မင်းသမီး Do တို့ ငြိစွန်းခဲ့ကြပါတယ်။ သူတို့လေးဦးဟာ သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်ဟာ တခုတည်း ဆိုတာကိုသိလိုက်ရတဲ့အခါ ‘Mistresses’ ဇာတ်လမ်းတွဲ ဖြစ်ပေါ်လာခဲ့ပါတယ်။

မူရင်း ဗြိတိသျှဗားရှင်းဟာလည်း ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပြသခဲ့တဲ့ အမေရိကန်စီးရီးကို ပြန်လည်ရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ အမေရိကန်ဗားရှင်းကို Season ၄ခုစာ ပြသခဲ့ပြီး အမေရိကန်ဇာတ်လမ်းတွဲ “Lost” မှာ ပါဝင်ခဲ့တဲ့ ကိုရီယားနွယ်ဖွားအမေရိကန်မင်းသမီး Kim Yun-jin ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပိုင်း ၁၂ ပိုင်းပါဝင်မယ့် အဲဒီ့ဇာတ်လမ်းတွဲကို OCN ရုပ်သံလိုင်းကနေ ကိုရီးယားစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ ကစလို့ ပြသမှာဖြစ်ပါတယ်။

Ref: Yonhap

Loading