Entertainment

၆၆ ဃနဲ့ တရားစွဲဆိုထားတဲ့ သရုပ်ဆောင်နေဒွေးရဲ့ အမှုကို စိတ်ဝင်စားမှု များပြားနေ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်နေဒွေးက Facebook မှာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းများနဲ့ ရေးသားပြောဆိုထားတဲ့ အမျိုးသမီးတဦးကို ၆၆ဃ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင်နေဒွေးက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။

တိုင်ရခြင်းအကြောင်းအရာနဲ့ ပတ်သတ်ပြီး သရုပ်ဆောင်နေဒွေးက လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကို ထိခိုက်နစ်နာစေသည့် စကားလုံးများဖြင့် ပြောဆိုရေးသားပြီး ဂုဏ်သိက္ခာကျအောင် ရေးသားပြောဆိုခဲ့တဲ့အတွက် ဥပဒေအရ အရေးယူပေးပါရန် အတွက်” လို့ ရေးသားတိုင်ကြားထားတာ ဖြစ်ပါတယ်။

အတိုင်ကြားခံရသူ အမျိုးသမီးမှာ ၂၁ ရက်နေ့က Live လွင့်နေတဲ့ နေဒွေးရဲ့ Facebook Comment မှာ “ညီညီမောင် (စမ်းချောင်း) နဲ့ တူဒယ်” ဟု လာရေးရာမှ သရုပ်ဆောင်နေဒွေးက “ညီမလေးမျက်နှာ မှန်ထဲပြန်ကြည့်ပါ” ဟု တုန့်ပြန်ရေးသားရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုခံရသူအမျိုးသမီးက နောက်နေ့မှ သရုပ်ဆောင်နေဒွေးကို သူ့ရဲ့ Facebook အကောင့်မှ ရိုင်းပျတဲ့ အရေးအသား ပြောဆိုမှုများ ထပ်မံပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင့် သရုပ်ဆောင်နေဒွေးက ၎င်းကို ပြောဆိုရာမှာ မိဘကိုပါ ထိခိုက်အောင် ရေးသားပြောဆိုခဲ့တဲ့ အတွက် သည်းမခံနိုင်ခြင်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ အင်တာဗျူးများမှာ ဖြေဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ သရုပ်ဆောင်နေဒွေးရဲ့ တရားစွဲဆိုမှုအပေါ် ပြုလုပ်သင့်တယ်လို့ ထောက်ခံအားပေးကြသူများလည်း ရှိသလို တချို့ကတော့ ဒီလိုတရားစွဲဆိုမှုအပေါ် ဝေဖန်မှုများလည်း ရှိနေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading