Entertainment

"Mission: Impossible" ရုပ်ရှင်ကား စတန့်ပြကွက်အတွက် လေယာဉ်ပေါ်ကနေ ၁၀၆ ကြိမ်ခုန်ချခဲ့ရတဲ့ မင်းသား Tom Cruise

 

အကောင်းဆုံးအရာ မရ ရအောင်ယူလေ့ရှိတဲ့ မင်းသား Tom Cruise က မကြာမီရုံတင်ပြသတော့မယ့် “Mission: Impossible” ရုပ်ရှင်မှာ စတန့်ပြကွက်တခုအတွက် လေယာဉ်ပေါ်ကနေ ၁၀၆ ကြိမ် ခုန်ချခဲ့ရတယ်လို့ ပြောဆိုလိုက်ပါ တယ်။ ကမ္ဘာကျော် မင်းသားချော Cruise ဟာ ဧပြီ ၂၅ ရက်၊ လတ်စ်ဗေးဂတ်စ် မြို့မှာ ပြုလုပ်တဲ့ CinemaCon ကွန်ဗင်းရှင်း စင်မြင့်ထက်မှာ အဲဒီ အက်ရှင်ပြကွက်ကို ပြန်သရုပ်ဆောင်ပြခဲ့ပြီး သူရဲ့ နောက်ဆုံးရုပ်ရှင် အမြည်း ဗီဒီယို တခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

ပရိသတ်တဦးက “သူဟာ အဲဒီစတန့်ပြကွက်ကို ဘယ်လောက် လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဖော်ပြဖို့ မိနစ် ၃ဝ ကျော် လောက် အချိန်သုံးစွဲခဲ့ရပါတယ်၊ အဲဒီပြကွက်နဲ့ ပတ်သက်လို့ သူဟာ တော်တော်လေးကို စိတ်လှုပ်ရှားနေတဲပုံပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ အခုအသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ထဲမှာတော့ Ethan Hunt (Tom Cruise) နဲ့သူ့ရဲ့ IMF အဖွဲ့တို့ဟာ မစ်ရှင်တခု အမှားအယွင်းဖြစ်ခဲ့ပြီးတဲ့နောက် အချိန်နဲ့အတူ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ညပိုင်းမှာပြုလုပ်ခဲ့တဲ့ Cinemacon ပွဲမှာ Pioneer Award ကို ရရှိခဲ့တဲ့ မင်းသား Cruise က အခုနှစ် နွေရာသီမှာ ရုံတင်တော့မယ့် “Mission: Impossible – Fallout” ရုပ်ရှင်သစ်အတွက် ဒါရိုက်တာ Christopher McQuarrie နဲ့အတူ စင်ပေါ်မှာ တက်ရောက်လာခဲ့တာပါ။ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှုတင်တခုရဲ့ အဆောက်အဦးပေါ် ကနေ ခုန်ချခဲ့ရတဲ့ ပြကွက်တခုမှာ မင်းသား Cruise ခြေကျင်းဝတ် ကျိုးသွားခဲ့လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ထုတ်လုပ် ရေးကို ရပ်နားခဲ့ရပါတယ်။

Ref: aceshowbiz

Loading