• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War”

by မစ်ကီ
28 April 2018
in Entertainment
A A
လက်ရှိ ရုံတင်ပြသနေတဲ့ "Avengers: Infinity War" ရုပ်ရှင်

လက်ရှိ ရုံတင်ပြသနေတဲ့ "Avengers: Infinity War" ရုပ်ရှင်

9.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတဝှမ်းမှာ လူစိတ်ဝင်စားမှု အများဆုံးနဲ့ လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်ကတော့ Marvel Comics ကာတွန်းရဲ့ စူပါဟီးရိုးအဖွဲ့ Avengers ကို အခြေခံထားတဲ့ အမေရိကန်စူပါဟီးရိုး ရုပ်ရှင်တခုဖြစ်ပါတယ်။ Marvel Studios က ထုတ်လုပ်ထားပြီး Walt Disney Studios Motion Pictures က ဖြန့်ဖြူးပေးထားတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ရဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်ရဲ့ Avengers: Age of Ultron ရုပ်ရှင်တို့ရဲ့ အဆက်ဖြစ်ပြီး Marvel Cinematic Universe (MCU) ရဲ့ ၁၉ ခုမြောက် ရုပ်ရှင်လည်း ဖြစ်ပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
181
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
359
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
409

ဒါရိုက်တာတွေက ညီနောင် နှစ်ဦးဖြစ်တဲ့ Anthony နဲ့ Joe Russo တို့ ဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson, Benedict Cumberbatch, Don Cheadle, Tom Holland, Chadwick Boseman, Paul Bettany, Elizabeth Olsen, Josh Brolin နဲ့ Chris Prattတို့က ဦးဆောင်ပါဝင်ထားကြပါတယ်။

စကြာဝဠာကို စတင် ဖြစ်ပေါ်စေခဲ့တဲ့ Big Bang အချိန် မတိုင်မီကတည်းက ဖြစ်တည်ခဲ့တဲ့ စွမ်းအားမြင့် Infinity Stone တွေကို လိုက်လံရှာဖွေနေတဲ့ ဗီလိန်ကြီး Thanos ကို ရပ်တန့်ဖို့ Avenger အဖွဲ့နဲ့အတူ Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းခဲ့ကြပုံကိုလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်ကို စကော့တလန်၊ အင်္ဂလန်၊ အတ္တလန္တာမြို့နဲ့ နယူးယောက် စီးတီးတို့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ နဲ့ ၄၀၀ ကြားရှိပြီးတော့ ဖန်တီးခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာ ကုန်ကျစရိတ် အမြင့်ဆုံး ရုပ်ရှင်တခု ဖြစ်ပြီး MCU အတွက်လည်း ကုန်ကျစရိတ် အမြင့်ဆုံး ဖြစ်ပါတယ်။

ရုပ်ရှင်အထူးပွဲကို ဧပြီလ ၂၃ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်မှာ ကမ္ဘာတဝန်း ပြသပါတယ်။ ကမ္ဘာတဝန်း ခန့်မှန်း ဝင်ငွေ ဒေါ်လာ ၉၅ သန်းရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်ဝေဖန်ချက်တွေကိုလည်း ရရှိထားပါတယ်။

ရုပ်ရှင်ထဲမှာ ဗီလိန် Thanos အဖြစ် ပါဝင်ထားတဲ့ Brolin ၊ အထူးပြုလုပ်ချက်၊ ဇာတ်လမ်းရဲ့ ခံစားသက်ဝင်မှု တို့ကို ချီးကျူး ထားပေမယ့် ရုပ်ရှင်ကြာချိန်နဲ့ တချို့ဇာတ်ရုပ်တွေကို အနည်းအကျဉ်းသာ ပုံဖော်ထားတာကိုတော့ ဝေဖန်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း (Spoiler Alert)

အရင်ဆုံး Infinity Stone အမျိုးအစားတွေကို ရှင်းပါ့မယ်။ အမျိုးအစား ၆ မျိုးရှိပြီး စကြာဝဠာအနှံ့ ပျံ့နှံ့ တည်ရှိပါတယ်။ အပြာရောင်ရှိတဲ့ Space Stone, အဝါရောင်ရှိတဲ့ Mind Stone, အနီရောင်ရှိတဲ့ Reality Stone, ခရမ်းရောင်ရှိတဲ့ Power Stone, အစိမ်းရောင်ရှိတဲ့ Time Stone နဲ့ လိမ္မော်ရောင်ရှိတဲ့ Soul Stone တို့ ဖြစ်ပါတယ်။ အဲဒီ Infinity Stone တွေကို Titan ဂြိုဟ်သား Thanos လိုက်လံရှာဖွေရှာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။

Asgard တိုင်းပြည်ကြီး ဖျက်ဆီးခံလိုက်ရတဲ့နောက်ပိုင်းမှာ Xandar ဂြိုဟ်ကနေ Power Stone ကို ရရှိခဲ့ပြီး ဖြစ်တဲ့ Thanos နဲ့ သူ့ရဲ့မွေးစားကလေးတွေဖြစ်တဲ့ Cull Obsidian, Ebony Maw, Proxima Midnight နဲ့ Corvus Glaive တို့ဟာ အသက်ရှင်လွတ်မြောက်လာတဲ့ Asgard တိုင်းသူပြည်သားတချို့ ပါဝင်လာတဲ့ ယာဉ်ပျံကို ဝင်စီးပြီး Tesseract တုံးထဲမှာရှိတဲ့ Space Stone ကိုထုတ်ယူဖို့ ကြိုးစားပါတော့တယ်။

Thor, Loki နဲ့ Hulk တို့ကလည်း သူ့ကို တားဆီးဖို့ရာ ဘယ်လိုမှမစွမ်းသာတော့ပါဘူး။ Asgard တိုင်းပြည်ရဲ့ စောင့်ကြပ်ရေးမှူး Heimdall က Hulk ကို ကမ္ဘာဆီပြန်ပို့လိုက်ပေမယ့် အသတ်ခံလိုက်ရပါတယ်။ Thanos ဟာ Loki ကို သတ်ခဲ့ပြီးတော့ ယာဉ်ကို ဖျက်စီးပစ်ခဲ့ပါတယ်။ ကမ္ဘာကို ပြန်ပို့ခံလိုက်တဲ့ Hulk ကတော့ နယူးယောက် စီးတီးမှာရှိတဲ့ Dr.Strange ဆီကို ရောက်သွားခဲ့ပြီး စကြာဝဠာ တဝက်ကို ဖျက်ဆီးတော့မယ့် Thanos ရဲ့ အကြံကို ပြောပေးခဲ့ပါတယ်။

Bruce Banner (Hulk) ရဲ့ သတိပေးချက်ကြောင့် Dr.Strange ဟာ Iron Man ဖြစ်တဲ့ Tony Starks ကို လူစုပြီး Thanos နဲ့ Infinity Stone တွေအကြောင်း ပြောလိုက်တဲ့အချိန်မှာပဲ Thanos ရဲ့ ကလေးတွေ ဖြစ်တဲ့ Maw နဲ့ Obsidian တို့ရောက်လာပြီး Dr.Strange ပိုင်ဆိုင်တဲ့ Time Stone ကို အပိုင်သိမ်းဖို့ ရောက်လာပါတော့တယ်။ အဲဒီ့နောက်မှာ Maw က Strange ကို ဖမ်းသွားလို့ Stark နဲ့ ပင့်ကူလူသား တို့က အာကာသယာဉ်ပေါ်ကနေ ကပ်ပြီးလိုက်သွားခဲ့ပါတယ်။ Banner ကတော့ အခြား Avenger အဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။

စကော့တလန်မှာတော့ အေးအေးလူလူ ဘဝကိုဖြတ်သန်းနေတဲ့ Vision နဲ့ Wanda Maximoff တို့ကို Midnight နဲ့ Glaive တို့က ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ Steve Rogers, Natasha Romanoff နဲ့ Sam Wilson တို့က ကယ်ခဲ့ရပါတယ်။ အဲဒီနောက် Avenger ဌာနချုပ် မှာ James Rhodes တို့ဆီသွားရောက်ခဲ့ကြပါတယ်။

သူ့နဖူးမှာရှိတဲ့ Mind Stone ကို Thanos မရစေဖို့ သူ့ကိုသူ စတေးပြီး ဖျက်ဆီးပစ်မယ်လို့ Vision က ပြောပေမယ့် Wanda ကလက်မခံခဲ့ပါဘူး။ အဲဒီနောက် Steve က ဝါကန်ဒါနိုင်ငံကို သွားပြီး Vision မသေစေဘဲ Stone ကို ဖျက်ဆီး နိုင်မယ့် နည်းလမ်းတွေကို သွားရောက်ရှာဖွေခဲ့ပါတော့တယ်။

တဖက်မှာတော့ Guardians of the Galaxy အဖွဲ့သားတွေဟာ Thor ကို ကယ်တင်ခဲ့ပြီး Thanos က Reality Stone ကို ရှာနေပြီဆိုတာ သိတဲ့အတွက် လူစုခွဲပြီး ထွက်ခဲ့ကြပြီး အဖွဲ့ထဲက Rocket နဲ့ Groot က Thor နဲ့အတူ Thanos ကို သတ်နိုင်မယ့် လက်နက် Strombreaker ကိုဖန်တီးဖို့ Nidavellir ကို သွားခဲ့ကြပါတယ်။

တဖက်မှာလည်း Peter Quill, Gamora, Drax နဲ့ Mantis တို့ဟာ Knowhere ဆိုတဲ့ဂြိုဟ်ကို Reality Stone အရှာ ထွက်ခဲ့ကြပါတယ်။ အဲဒီနောက် သူ့ရဲ့ မွေးစားသမီးဖြစ်တဲ့ Gamora ကို Thanos က ပြန်ပေးဆွဲပြီး Vormir ဂြိုဟ်မှာ သူချစ်ရတဲ့မွေးစားသမီးကို စတေးပစ်ကာ Soul Stone ကို ယူခဲ့ပါတော့တယ်။

အဲဒီနောက် Titan ဂြိုဟ်မှာ Time Stone နဲ့အတူ ရှိနေတဲ့ Dr.Strange က ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်သန်း ပေါင်း များစွာ ကို ကြည့်ရှုခဲ့ပေမယ့် Thanos ရှုံးနိုင်တဲ့ အနာဂတ် တခုကိုသာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူတို့အဖွဲ့ဟာ Thanos ကို ရင်ဆိုင်ပြီး Infinity Gauntlet ဆိုတဲ့ Stone တွေထည့်တဲ့ လက်အိတ်ကို ချွတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Gamora သေပြီလို့ သိလိုက်ရတဲ့ Quill ကြောင့် Stark မှာ ဓါးချက်ထိခဲ့ပြီး Dr. Strange က Time Stone ကို Thanos ထံ လွှဲပေး ခဲ့ပါတယ်။

ကမ္ဘာမြေပေါ်မှာတော့ Avengers အဖွဲ့က Black Panther တို့ တိုင်းပြည် ဝါကန်ဒါကို ရောက်လာခဲ့ပြီး Vision ရဲ့ နဖူးပေါ်က Mind Stone ကို အန္တရာယ်ကင်းကင်း ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းပါတယ်။ အဲဒီအချိန်မှာပဲ Midnight, Obsidian နဲ့ Glaive တို့က ဝါကန်ဒါဆီကို သောင်းနဲ့ချီတဲ့တပ်သားတွေနဲ့အတူ ရောက်လာပြီး Mind Stone ကို လာလုဖို့ ကြိုးစား ပါတော့တယ်။

Thanos ရဖို့ ကျန်နေတဲ့ နောက်ဆုံး Mind Stone ကို ရသွားမှာလား။ Captain America (Steve Rogers) ဦးဆောင်တဲ့ အဖွဲ့က တားဆီးနိုင်မှာလား။ Titan ဂြိုဟ်ပေါ်ရောက်နေတဲ့ Iron Man တို့အဖွဲ့ကရော ဇာတ်သိမ်းလှမှာလား။ Thanos ရဲ့ မူရင်းအကြံအစည်ဖြစ်တဲ့ စကြာဝဠာတဝက်ကို ချေမွဖို့ ဖြစ်လာနိုင်ပါ့မလားဆိုတာကို လက်ရှိမှာ ရုံတင်ပြသနေတဲ့ “Avengers: Infinity War” ရုပ်ရှင်မှာ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ

Your Thoughts …
Tags: Avengers: Infinity War
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

"Avengers Infinity War" ရုပ်ရှင်မှ စူပါဟီးရိုးများ

Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ

by မစ်ကီ
24 April 2018
12.2k

အခုရုပ်ရှင်ထဲမှာ ပါဝင်မယ့်ဗီလိန် Thanos က Infinity Stone တခုမှမရှိဘဲနဲ့တောင် MCU မှာ ရှိတဲ့ အခြား ဇာတ်ကောင် တွေထက်ကို အင်အားကြီးပါတယ်။ ဒါကြောင့် မလွဲမသေစူပါဟီးရိုးတယောက်ကတော့ ကျဆုံး ရမှာပါ။

Avengers: Infinity War မှာပါဝင်ကြတဲ့ သရုပ်ဆောင်များ / justjared

လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Avengers: Infinity War” ပရိသတ်တွေ့ဆုံပွဲ

by မစ်ကီ
9 April 2018
6k

Avengers: Infinity War ရုပ်ရှင်ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron ရုပ်ရှင်တို့နဲ့ နောက်ဆုံးတွဲ ဇာတ်လမ်းတခုလည်း...

“Avengers: Infinity War” ရုပ်ရှင်

“Avengers: Infinity War” ရုပ်ရှင် ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီ

by မစ်ကီ
7 May 2018
9.1k

Star Wars: The Force Awakens" ရုပ်ရှင်ဟာ ကန်ဒေါ်လာ သန်း ၄၀၀ ကို အမြန်ဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ရုံတင်ပြီး ဒုတိယမြောက် သီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၁၄၉ ဒဿမ ၂...

Next Post
ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာပြည်ခရီးစဉ် ဘယ်လိုဖြစ်လာမလဲ (ရုပ်/သံ)

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာပြည်ခရီးစဉ် ဘယ်လိုဖြစ်လာမလဲ (ရုပ်/သံ)

ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ

ကမ္ဘာ့ ဝင်ငွေအကောင်ဆုံး ဘောလုံးအသင်းများ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate