Entertainment

ကြည့်ရှုသင့်တဲ့၂၀၁၇ ခုနှစ်ထွက် ဟောလိဝုဒ် ဒရာမာဇာတ်ကား (၅) ကား

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒရာမာရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ ကြည့်ရှုပြီးတဲ့အထိကို စိတ်ကိုထိပြီး ခံစားစေနိုင်တဲ့ Drama ရုပ်ရှင်ဇာတ်ကားကောင်း စာရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Darkest Hour

ဒါရိုက်တာ Joe Wright ရိုက်ကူးထားပြီး War Drama ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားမှာ Gary Oldman ကို ဝန်ကြီးချုပ် ဝင်စတန်ချာချီအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး နာဇီတွေရဲ့ ပရိယာယ်တွေကို ချာချီတယောက် ဘယ်လိုပါးပါးနပ်နပ် ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၂) Dunkirk

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတာဖြစ်ပြီး အက်ရှင်ဒရာမာ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ Fionn Whitehead, Damien Bonnard, Tom Hardy တို့အပြင် အခြားသော သရုပ်ဆောင်များကလည်း ဒုတိယကမ္ဘာစစ်အတွင်းက လူသားတွေရဲ့ နိစ္စဓူဝဘဝတွေကို အနုစိပ်ပုံဖော်ထားတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၃) Tulip Fever

ဒါရိုက်တာ Justin Chadwick ရိုက်ကူးထားပြီး Romance , History ဒရာမာရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသား Danny Dehaan နဲ့ မင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ဲ ချစ်မေတ္တာမပါဘဲ လူချမ်းသာကြီးနဲ့ လက်ထပ်လိုက်ရတဲ့ ကောင်မလေးတယောက်၊ ပန်းချီဆရာတယောက်နဲ့ အမ်စတာ ဒန်ရဲ့ ၁၇ ရာစုကာလတွေကို နောက်ခံထားပြီး ရုပ်ရှင်နာမည်လှသလောက် ရုပ်ရှင်ကလည်း လှပလွန်း တာကြောင့် ကြည့်ရှု ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) Lady Bird

ဒါရိုက်တာ Greta Gerwig ရိုက်ကူးထားပြီး Comedy Drama ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မင်းသမီး Saoirse Ronan က အသက် ၁၇ နှစ်အရွယ် စူးစမ်းစွန့်စားချင်တဲ့ စိတ်ကူးယဉ်တတ်သူ အထက်တန်းကျောင်းသူလေးအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ချစ်စရာမိုက်ရူးရဲဆန်မှုတွေနဲ့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ခြယ်မှုန်း ပြသထားတဲ့ Drama ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။

(၅) The Zookeeper’s Wife

ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး မင်းသမီး Jessica Chastain ၊မင်းသား Johan Heldenbergh နဲ့ Daniel Bruhl တို့ပါဝင်ထားတဲ့ True story War Drama ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဝါဆောမြို့ရဲ့ တိရစ္ဆာန်ရုံကို ထိန်းသိမ်း စောင့်ရှောက်သူလင်မယားနှစ်ယောက်ဟာ ဂျာမနီတွေကျူးကျော်ဝင်ရောက်တဲ့ စစ်အတွင်းကာလမှာ ရာပေါင်း များစွာ သောဂျူးလူမျိုးတွေနဲ့ တိရစ္တာန်ရုံတွင်းက တိရစ္တာန်တွေကို ကယ်ဆယ်ခဲ့တဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဒရာမာ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။

Ref. https://www.ranker.com

Loading