"Jurassic Park" ရုပ်ရှင်ကြောင့် ဒေါသထွက်ခဲ့ရတယ်လို့ ဒါရိုက်တာကြီး Steven Spielberg ဆို
နာမည်ကျော် ဒိုင်နိုဆောအခြေခံရုပ်ရှင်တခုဖြစ်တဲ့ “Jurassic Park” ရိုက်ကူးရေး လုပ်ငန်းတွေကြောင့် Schindler’s List ကို ရိုက်ကူးရေးမှာ အချိန်ပုပ်ခဲ့ရတဲ့အတွက် ဒေါသထွက်ခဲ့ရတယ်လို့ ဒါရိုက်တာကြီး Steven Spielberg က ပြောကြား ခဲ့ပါတယ်။
ဒါရိုက်တာကြီး Spielberg က ပိုလန်နိုင်ငံမှာ လုပ်ဆောင်နေတဲ့ Schindler’s List ရုပ်ရှင်ရိုက်ကွင်းကနေ နာမည်ကျော် ဒိုင်နိုဆောရုပ်ရှင်အတွက် နောက်ဆုံးအတည်ပြုစရာ ကိစ္စတွေအတွက် ကယ်လီဖိုးနီးယားပြည်နယ်ကို လေယာဉ်နဲ့ ကူးချီ သန်းချီလုပ်ခဲ့ပြီး အဲဒီလိုခရီးသွားရတာကို မကြိုက်နှစ်သက်ဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါရိုက်တာကြီးက “ဇန်နဝါရီလ ပိုလန်မှာ ရိုက်ကူးရေးလုပ်ရမယ်လို့ ကျနော် သိခဲ့ပါတယ်၊ ဒါကြောင့် မြန်မြန်လေး လက်စသတ်လိုက်ပြီးတော့ ပိုလန်မှာ ရိုက်ကွင်းကို နောက်ဆုံးမှာ စတင်နိုင်ခဲ့ပါတယ်၊ တပတ်ကို ၂ ရက် ၃ ရက်လောက် အိမ်ပြန်ပြီးတော့ T-Rex ရိုက်ချက်တွေကို အတည်ပြုပေးနိုင်ဖို့ ကယ်လီဖိုးနီးယား မြောက်ပိုင်းကို တော်တော်လေး ပင်ပင်ပန်းပန်းသွားခဲ့ရပါတယ်” လို့ ဧပြီ ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Schindler’s List ရုပ်ရှင် ပြသခဲ့ခြင်း သက်တမ်း ၂၅ နှစ်ပြည့် Tribeca Film Festival ပွဲတော်မှာ ပြောကြားခဲ့ပါတယ်။
သူကဆက်ပြီး “အဲဒီအတွက် စိတ်ဆိုးတာတွေရော ဒေါသတွေရော ကြီးကြီးမားမားထွက်လာခဲ့ပါတယ်၊ Schindler’s List ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို ဂျစ်ကားတွေနောက်လိုက်နေတဲ့ ဒိုင်နိုဆောတွေရဲ့ အတွေ့အကြုံ ကို ယူခိုင်းရမလိုဖြစ်ခဲ့ရတယ်၊အဲဒီအချိန်မှာ ဘယ်လောက်တောင် ဒေါသထွက်ခဲ့ရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် “Jurassic Park” ရုပ်ရှင်ဟာ ဒါရိုက်တာကြီး Spielberg ရဲ့ အကြိုက်ဖြစ်တဲ့ ကမ္ဘာတဝန်း မှာ ရုံဝင်ငွေ ၁ ဘီလီယံ ကျော်ရရှိခဲ့ပါတယ်။ သူက “ဇွန်လမှာတော့ ကျနော် တော်တော်လေးကို ကျေးဇူးတင်ခဲ့ရပါတယ်၊ အဲဒီ့အချိန်ကစလို့ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Ref: aceshowbiz