ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဆာကာမြို့မှာ အလည်လာကြမယ့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ အနေနဲ့ Adventure World ကိုသွားမယ့် ပန်ဒါရုပ်တွေနဲ့ အလှဆင်ထားတဲ့ ရထားတွဲတွေဆွဲဖို့ စတင် လိုက်ပါပြီ။ ရထား ကိုယ်ထည် တခုလုံးကို ပန်ဒါပုံ ဖန်တီးထားရုံတင်မကဘဲ ထိုင်စရာခုံတွေကအစ အတွင်း ပိုင်းအပြင်အဆင် အားလုံးကို ပန်ဒါပုံတွေနဲ့ပဲ ပြင်ဆင်ထားတာပါ။
ပို့ဆောင်ပေးမယ့် Adventure World ဆိုတာ အိုဆာမြို့ရဲ့ ဝါကာရာမာမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ ကြည့်ရှု့ နိုင်မယ့် ပန်းခြံကြီးတခုပါ။ တောရိုင်းတိရစ္ဆာန်တွေအပြင် ရင်သပ်ရှုမောစေမယ့် ပြကွက်ဆန်းရှိုးပွဲတွေပါ တနေရာတည်း ကြည့်ုရှု နိုင်လို့ ခရီးသွားတွေ အကြိုက်တွေ့ကြတဲ့ နေရာတခုပါ။
ရထားခေါင်းကအစ ပန်ဒါဝက်ဝံပုံဖန်တီးထားလို့ အထူးသဖြင့် ကလေးငယ်လေးတွေ သဘောကျ နေကြပါတယ်။ အတွင်း ပိုင်းခုံတွေ၊ ပြတင်းပေါက်တွေနဲ့ တတွဲကနေတတွဲအကူး တံခါးချပ်တွေကိုပါ ပန်ဒါပုံလုပ်ပေးထား တာပါ။ ဒီလို ပြီးပြည့်စုံ အောင် ဖန်တီးပြုလုပ်ထားတဲ့ အထူးပန်ဒါရထားတွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလလယ် လောက်ထိ ပြေးဆွဲသွားဖို့ စီစဉ်ထား ပါတယ်။
ရထားတွဲတွေကို ပန်ဒါဝက်ဝံပုံ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ Adventure World မှာရှိတဲ့ လူစိတ်ဝင်စား အခံရဆုံး ပန်ဒါဝက်ဝံအကြီး ငါးကောင်ကို ကိုယ်စားပြုချင်တဲ့ သဘောပါ။ ပထမဆုံး ရထားတွဲကို စတင်ဖွင့်လှစ်ခဲ့တဲ့ ပွဲကို တက် ရောက်ခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးကလည်း ရထားအတွင်းထဲက ပုံတွေကို သဘောကျလွန်းလို့ မြန်မြန်စီး ကြည့်ချင်နေပြီလို့ ဆိုပါတယ်။
အိုဆာကာမြို့ဟာ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သလို ခေတ်မီအဆောက်အအုံနဲ့ ညဈေးက အရသာရှိတဲ့ အစား အသောက်တွေကြောင့် နာမည်ကျော်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်ပြီး နေထိုင်သူ သန်း ကျော်ရှိတဲ့ ကမ္ဘာ့လူနေထိုင်မှု အကြီးဆုံးမြို့ကြီးများ စာရင်းဝင်လည်း ဖြစ်ပါတယ်။
Ref: Japan Insides