အကယ်ဒမီလူမင်းကတော့ လက်ရှိမြန်မာရုပ်ရှင်ဇာတ်ကားများအပေါ်ဝေဖန်နေမှုများနဲ့ ပတ်သက်ပြီး ယခင်က မြန်မာကားမကြည့်တဲ့သူများကပင် ယခုအခါမှာ မြန်မာကားကို ကြည့်ရှုလာတာကို တွေ့ရကြောင်းနဲ့ ဘယ်သူပဲ ရိုက်ရိုက် မြန်မာကားက မြန်မာကားပါပဲလို့ ပြောလိုက်ပါတယ်။
“အခု ဝေဖန်ထောက်ပြတဲ့သူတွေပေါ်လာတယ်။ နောက် ပရိသတ်ပေါ့ အဲဒီလိုကျကျနနမှ ကြည့်ချင်တဲ့ ပရိသတ် ပေါ်လာတယ်။ ဒါပရိသတ်တိုးလာတာပဲ။ အရင်တုန်းက မြန်မာကားမကြည့်ဘူးဆိုတဲ့ပရိသတ်က အခုကြည့်ချင်လာ ကြပြီဆိုတော့ ဘယ်သူရိုက်ရိုက် မြန်မာကားက မြန်မာကားပဲ ကျနော်ကတော့ ပရိသတ်တွေ တိုးလာတယ်လို့ပဲ ခံယူ တယ်။ အဲဒီလိုပရိသတ်များရင် အဲဒီလိုဇာတ်ကားတွေ အများကြီးထွက်လာမှာပေါ့။ ဒါကျနော်တို့ အနုပညာ ဆိုတာက ကိုယ့်ဘာသာယုံကြည်လို့ ထိုင်ဖန်တီးနေလို့မရဘူး။ ပရိသတ်ရှိမှ လည်း ရပ်တည်လို့ရတာဆိုတော့ ကျနော်လည်း ကိုယ့် ကိုယ်ကိုယ်ပြင်ဆင်ဖို့အတွက် ကြိုးစားနေပါတယ်” လို့ လူမင်းကပြောပါတယ်။
စနစ်တကျသင်ကြားလာခဲ့ရခြင်း မရှိဘဲ ကြုံရင်ကြုံသလိုသာ လုပ်လာရခြင်း ဖြစ်တဲ့အတွက် စနစ်ကျမှု အားနည်း နေတာ ဖြစ်တယ်လို့ ရုပ်ရှင်လောကအပေါ် ပရိသတ်များ ဝေဖန်မှုနဲ့ ပတ်သတ်ပြီး လူမင်းက ဆိုပါတယ်။
“ဒီလိုပြောဆိုဝေဖန်နေတာတွေက မုန်းလို့ပဲဖြစ်စေ ချစ်လို့ပဲဖြစ်စေ သေချာတာကတော့ ကျနော်တို့ အနုပညာ လောကကို စိတ်ဝင်စားကြလို့လေ။ တချို့တွေဆို တကယ်ကိုချစ်လို့ ဂရုဏာဒေါသောတွေနဲ့ ပြောဆိုကြတာတွေ လည်း ရှိတယ်ဆိုတော့ ပြင်ဆင်ရမှာတွေလည်း အများကြီး ပြင်ဆင်ရမှာပါ။ ကျနော်တို့သည် စနစ်တကျ သင်ကြား တတ်မြောက်ပြီးတော့ ဒီအခြေအနေကို လုပ်လာကြတာ မဟုတ်ဘူး။ ကြုံရင်ကြုံသလိုနဲ့ လုပ်လာ ကြတဲ့ သူတွေဆို တော့ စနစ်တကျရှိမှုတော့ အင်မတန်အားနည်းပါတယ် ”လို့ လူမင်းက ပြောပါတယ်။
သရုပ်ဆောင်လူမင်းက နောက်ပိုင်းမှာ သရုပ်ဆောင်အပြင့် ဒါရိုက်တာ အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်လာတာ တွေ့ ရပါတယ်။ လက်ရှိမှာတော့ အကယ်ဒမီလူမင်း ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်ထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကား ကြီးနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။
“ကျနော်တို့အနုပညာဆိုတာက ကိုယ့်ဘာသာယုံကြည်လို့ ထိုင်ဖန်တီးနေလို့မရဘူး။ ပရိသတ်ရှိမှလည်း ရပ်တည်လို့ ရ တာဆိုတော့လေ။ ကျနော်လည်း ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့အတွက် ကြိုးစားနေပါတယ်’ လို့လူ မင်းကပြောပါတယ်။
သရုပ်ဆောင်လူမင်းက လတ်တလောမှာတော့ “Cover” ရုပ်ရှင်ဇာတ်ကားကြီးကို ရန်အောင် ၊ရဲမင်းပိုင်း ၊နေဆန်း တို့နှင့်အတူ ရိုက်ကူးလျက်ရှိပြီး ဒါရိုက်တာသားညီနဲ့လည်း “၂၅ ရာခိုင်နှုန်း” ဆိုတဲ့ ရုပ်ရှင်ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။