ဂစ်တာကို အခုမှ စပြီး အတီးသင်နေတဲ့ သူတွေအတွက် အထောက်အကူဖြစ်ဖို့၊ အချိန်မြန်မြန်နဲ့ တီးတတ်နိုင်ဖို့ အကြံ ပြုချက် ၇ချက် ဖော်ပြလိုက်ပါတယ်။ ဆုံးဖြတ်ပါ ပထမဆုံးအနေနဲ့ ဂစ်တာ ကို တကယ်ပဲ တီးတတ်အောင်သင်မှာလား ဆိုတာ ဆုံးဖြတ်ချက်ချပါ။ ဇွဲလုံ့လ ရှိမှု ၊ စိတ်ရှည် သည်းခံနိုင်မှု အများကြီးရှိဖို့လိုအပ်ပါတယ်။ ဒီတော့ ကိုယ်တကယ်ပဲ အတီးသင်မှာလား ဆိုတာ ကို ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် ပြန်မေးဖို့လိုပါတယ်။
ကိုယ်ပိုင်ဂီတာ ရှိအောင်လုပ်ပါ
ဒီလိုမေးပြီး ဂစ်တာတီးသင်ဖို့ သေချာဆုံးဖြတ်လိုက် ပြီဆိုရင် ဂစ်တာတလုံး ကို ကိုယ်နဲ့မကွာ အမြဲတမ်း ရှိနေအောင် ထားပါ ။ ကိုယ်နဲ့ မကွာထားပါ ဆိုတာ ကိုယ်ပိုင်ဂစ်တာ တလုံးရှိ အောင်ထားခိုင်းတာပါ။ သင်တန်း မှာ သင်တာပဲ ဖြစ်ဖြစ်၊ ခင်မင်ရင်းနှီးတဲ့ သူဆီသင်တာပဲဖြစ်ဖြစ် ကိုယ်နဲ့ မကွာ ဂစ်တာတလုံးရှိနေ မှ အချိန်ပြည့် လေ့ကျင့် နေလို့ ရမှာပါ ။ ဂီတကို ဝါသနာပါမြတ်နိုးသူတွေအနေနဲ့ ဂစ်တာတီးချင်စိတ်ဆိုတာ ဖြစ်လာတတ်ပါတယ်။ အဲ့လိုအချိန်မျိုး လေ့ကျင့်ရင် ပိုပြီးတော့ အတတ် မြန်စေပါတယ် ။
ဂစ်တာအဟောင်းရှာပါ
အဲ့လို ဂစ်တာတလုံးဝယ်တဲ့အခါ ၊ ငှားတဲ့အခါ ဖြစ်နိုင်ရင် ဂစ်တာအဟောင်းပဲ ရှာပါ။ ကိုယ်က အတီးသင်ကာစ မို့လို့ တီးချင်တိုင်းတီးတဲ့အခါ ဂစ်တာ အသံက ကြောင်သွားတတ်ပါတယ်။ ဈေးကြီးတဲ့ ဂစ်တာ အကောင်း ၊ ဂစ်တာ အသစ် တွေ ဆိုရင် နှမြော စရာကောင်းပါတယ် ။ ဒါကြောင့် တခြားလူ ဆီကငှားတီးတာမျိုး ဆိုရင်လည်း ဒီအချက်ကို သတိပြု ဖို့သင့်ပါတယ်။
အသားနာအောင်လုပ်ပါ
ဂစ်တာအတီးသင်တဲ့ သူအများစုက လက်မှာ အရည်ကြည်ဖု ထလာတဲ့ အဆင့်မှာရပ်သွားကြတာများပါတယ်။ ဒီအဆင့် ကို ကျော်လွန်နိုုင်မှ ဂစ်တာတီးတတ်ဖို့ နီးစပ်မှာပါ။ အခုနောက်ပိုင်း လက်မနာအောင် စွပ်တဲ့ သားရေ အစွပ်တွေ လာပါ တယ်။ ကိုယ်က သူများလေးစားအားကျလောက်တဲ့အထိ ဂစ်တာတီးတတ်အောင်သင်မယ်ဆိုရင် အဲ့လို အထောက်အကူ ပြု ပစ္စည်းတွေကို လုံးဝမသုံးပါနဲ့လို့ အကြံပြုပါရစေ။
လက်ကိုပဲ အနာခံပါ
လက်ကြီး ပြတ်မကျသွားပါဘူးဆိုတဲ့ စိတ်မွေးပါ ။ ပိုခက်တာကိုသင်ပါ ကိုယ်က ဂစ်တာလက်ကွက် C ကို တဝက်တပျက် လောက်ကိုင်နိုင်နေပြီ ။ တဝက်တပျက်လောက် တီးတတ်နေပြီဆိုရင် သူ့ထက် ခက်တဲ့ F လက်ကွက်ကို ကိုင်ပါ။ အား ထည့်ပြီး သုံးလေးရက် လေ့ကျင့်ပါ ။ ပြီးရင် C ကိုပြန်ကိုင်ကြည့်ပါ ၊ လွယ်လွယ်ကူကူ ကိုင်နိုင်ပါလိ်မ့်မယ် ။ဒီလိုပြောတာက ရစ်သမ်မတီးတတ်သေးခင် ၊ Lead အတီးသင်ဖို့ ပြောတာမျိုး မဟုတ်ပါဘူး။
ပိုခက်တာကိုလေ့ကျင့်ပါ
အဆင့်တော့မကျော်ပါနဲ့ ။ အဆင့်မကျော်ပါနဲ့ ဂစ်တာတီး သင်ကာစ မှာ သီချင်တပုဒ်ရဲ့ Intro တီးလုံး ၊ lead တီးလုံး တွေကို လိုက်တီးချင်စိတ် ဖြစ်တတ်ကြပါတယ် ။ အဲ့ဒီအခါ တီးလုံးတီးတဲ့ဘက်ကို အသားပေး လေ့ကျင့်လာကြပြီး တတ် မြောက်မှုကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ဂစ်တာ အခြေခံတွေဖြစ်တဲ့ C D E F G A B ကို အရင်ဆုံး ပိုင်နိုင်ကျွမ်းကျင် အောင် လေ့ကျင့်သင့်ပါတယ်။ ဒီလို Lead တွေ ၊ တီးလုံးတွေက နောက်ပိုင်းတီးတတ်လာမှ ပါ ။ ဒါကြောင့် အဆင့်မကျော်
ကြပါနဲ့။
လေ့လာပါ
ဂီတပညာရှင် ဆရာကြီးစောဘွဲ့မှူး ၊ ဆရာကြီးချစ်စမ်းမောင် တို့ခေတ်က ဒီဘက်ခေတ်လောက် လေ့လာစရာ မပေါ များသေးပါဘူး။ သူတို့ဟာအဘက်ဘက်က မပြည့်စုံမှုတွေကြားကနေ အများက လေးစားအားကျရတဲ့ ဂီတပညာရှင်ကြီး တွေအဖြစ် ရပ်တည်လာကြတာပါ ။ ဒီဘတ်ခေတ်မှာတော့ ဂစ်တာ အခြေခံတီးနည်းတွေက စပြီး ကိုယ်တီးတတ်ချင်တဲ့ သီချင်းတွေအထိ သင်ခန်းစာ ကို Youtube အစရှိတဲ့ အင်တာနက် စာမျက်နှာတွေ မှာအလွယ်တကူ ရှာလို့ရနေပါပြီ ။ ဒီတော့ အမြဲမပြတ် လေ့လာကြပါ ။ ကိုယ်က အခုမှစ အတီးသင်တယ်ဆိုပြီး အားငယ်ဖို့ မလိုပါဘူး။ ဂစ်တာတီး နေတဲ့ သူအားလုံးက သင်ယူဆဲ ၊ လေ့လာဆဲပါ ၊ ဒီတော့ ကိုယ်လည်း သူတို့နဲ အတူ သင်ယူပါ ၊ လေ့လာပါလို့ အကြံပြု လိုက်ပါ တယ်။