အကယ်ဒမီများရှင် စင်ရော်မောင်မောင်နဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုတို့ရဲ့ တဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ကတော့ New York Film Academy မှ Final Thesis အတွက် အဖေနဲ့အမေကြားမှာ ကျင်လည် ခဲ့ရတဲ့ ဘဝခံစားချက်ကို Short Film အဖြစ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။
“မင်းသန့်မောင်မောင် သူ၏ New York Film Academy မှ Final Thesis အတွက် Short Film ရိုက်ကူးဖို့ ပြင်ဆင် နေတာ တပတ်တိတိ ရှိပါပြီ။ မနက်ဖြန်ရိုက်ကူးပါမယ်။ ကျနော့်ကို ရုံးခန်းမှာပဲ ထိုင်ခိုင်းပြီးတော့ ရူတင်ကို မလာ ရောက်ခိုင်းပါဘူး။ Assistant Director ၊ Director of Setting ၊Director of lighting၊ Director of Sound ၊Director of photograph ၊ line producer production မန်နေဂျာ ၊ gaffer အစရှိသည်တို့နဲ့ ဆောင်ရွက်နေပါတယ်။ မင်းသန့်မောင်မောင် ရိုက်မည့့်ကားက” Look At Me. ” ဖြစ်ပါတယ်။ Story , edit , Script သူ ကိုယ် တိုင် ဖြစ်ပါတယ်။ ကျနော်နဲ့ မဆင့့်တို့နှစ်ယောက်ကြားက သူကျင်လည်ခဲ့ရတဲ့ ဘဝ ခံစားချက် ဖြစ်ပါတယ်။” လို့ဖခင်ဖြစ်သူ စင်ရောက်မောင်မောင်က သူ့ရဲ့Facebook အကောင့်မှာ ရေးသားထားပါတယ်။
မင်းသန့်မောင်မောင်ရိုက်ကူးမယ့် Short Film ကိုတော့ “Look at Me” လို့ နာမည်ပေးထားပြီး ဒီထဲမှာတော့ သရုပ်ဆောင်များအဖြစ် ရဲအောင် ၊မေသန်းနု ၊မေစူးနိုင်း ၊ အားကို့ရာ နှင့် အဖွားဖြစ်သူ ဖွားစီတို့က ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းသန့်မောင်မောင်ကတော့ အမေရိကန်နိုင်ငံရှိ Los Angeles California ရှိ New York Film Academy School တွင် ပညာသင်ကြားနေတာဖြစ်ပြီး မကြာသေးမီရက်ပိုင်းအတွင်းက မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အမေရိကားမှာ ကျောင်းပြန်တက်ဖို့ အတွက် မေလ ၁၄ရက်တွင် ပြန်သွားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။