Entertainment

“Avengers: Infinity War” ရုပ်ရှင် ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီ

Want create site? Find Free WordPress Themes and plugins.

“Avengers: Infinity War” ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကို ဒုတိယမြောက် အမြန်ဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပြီး ကမ္ဘာတဝန်းမှာ ရုံဝင်ငွေဒေါ်လာ ၁ ဘီလီယံ ကျော်ရရှိခဲ့ပြီ လည်းဖြစ်ပါတယ်။ Marvel ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အခုရုပ်ရှင်ဟာ ရုံတင်ပြီး ဒုတိယမြောက် သီတင်းပတ်မှာပဲ ဒေါ်လာ ၁၁၂ သန်းကျော် ရရှိခဲ့ပြီး ထိပ်ဆုံးမှာရပ်တည်နေခဲ့ပါတယ်။ ”

Star Wars: The Force Awakens” ရုပ်ရှင်ဟာ ကန်ဒေါ်လာ သန်း ၄၀၀ ကို အမြန်ဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ရုံတင်ပြီး ဒုတိယမြောက် သီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၁၄၉ ဒဿမ ၂ သန်း ရရှိထားပါတယ်။

အခု “Infinity War” ရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၁ ဒဿမ ၁၆ ဘီလီယံ တောင် ရရှိထားပြီးဖြစ်လို့ IMAX 4DX ရုပ်ရှင်ရုံတွေအတွက် စံချိန်အသစ်လည်း ဖြစ်ပါတယ်။ မြောက်အမေရိကမှာတော့ တခြားထိပ်တန်းရုပ်ရှင် ၁၀ ကားထဲက ၉ ကားပေါင်းထားရဲ့ နှစ်ဆကျော် ရုံဝင်ငွေ ရရှိထားပါတယ်။

မင်းသမီး Anna Faris နဲ့ မင်းသား Eugenio Derbez တို့ရဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Overboard” ကတော့ ရုံတင်ပြီး ပထမဆုံး သီတင်းပတ်မှာပဲ ဒေါ်လာ ၁၄ ဒဿမ ၇ သန်းရရှိထားပြီးဖြစ်ပါတယ်။ အဲဒီမူရင်းရုပ်ရှင်မှာတော့ မင်းသမီး Goldie Hawn နဲ့ မင်းသား Kurt Russell တို့ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ပြသခဲ့ပါတယ်။

“A Quiet Place” ရုပ်ရှင်ကတော့ ရုံဝင်ငွေ စာရင်းထဲ တတိယနေရာမှာ ရပ်တည်နေပါတယ်။ မင်းသမီး Amy Schumer ရဲ့ ဟာသဇာတ်မြူး “I Feel Pretty” ကတော့ နံပါတ် ၄ နေရာမှာရှိနေပြီး မင်းသား The Rock ရဲ့ “Rampage” အက်ရှင် ရုပ်ရှင်ကတော့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။ မင်းသမီး Charlize Theron ရဲ့ ရုပ်ရှင်အသစ် “Tully” ကတော့ ပထမဆုံးသီတင်းပတ်မှာတင် ဒေါ်လာ ၃ ဒဿမ ၂ သန်းရရှိထားပြီး နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။

“Black Panther” ရုပ်ရှင်ကတော့ ရုံတင်ပြီး သီတင်း ၁၂ ပတ်အတွင်း ဒေါ်လာ ၃ ဒဿမ ၁၄ သန်းနဲ့ နံပါတ် ၇ နေရာမှာ ရှိနေပြီး မြောက်အမေရိရုံဝင်ငွေစာရင်းမှာ စုစုပေါင်း ဒေါ်လာ သန်း ၇၀၀ ရရှိထားပြီး ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင် “Truth or Dare (2018)”, “Super Troopers 2” နဲ့ “Bad Samaritan” တို့က နံပါတ် ၈ ကနေ နံပါတ် ၁၀ အထိ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မြောက်အမေရိကမှာ ရုံတင်ပြီး ၃ ရက်အတွင်း ရုံဝင်ငွေအများဆုံးရရှိတဲ့ ရုပ်ရှင်အဖြစ် Avengers မှတ်တမ်းဝင်

Ref; aceshowbiz

Did you find apk for android? You can find new Free Android Games and apps.
Loading