Entertainment

အောင်မြင်မှုကို မနှမြော ၊ အချိန်တွေကိုပဲ နှမြောမိတယ်ဆိုတဲ့ အဆိုတော် မို့မို့

Want create site? Find Free WordPress Themes and plugins.

တေးသံရှင်ဖြူသီရဲ့မျိုးဆက်သစ် အဆိုတော်မို့မို့က သီချင်းတွေနဲ့ လူသိများ အောင်မြင်ခဲ့ပေမယ့် ဆက်မလုပ်ဘဲ အချိန်   အတော်ကြာ ပျောက်သွားခဲ့တဲ့ အဆိုတော်တဦးပါ။

သီချင်းတွေဆိုတာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ မို့မို့က ဒါနဲ့ ပတ်သတ်လို့ “သီချင်းတွေ အောင်မြင်နေရက်သားနဲ့၊  နာမည်ရှိနေချိန်မှာ အင်တိုက်အားတိုက် ဆက်မလုပ်ဘဲနားလိုက်တာ အစ်မမှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး ။ တကယ်ကတော့ အစ်မက အဆိုတော်အလုပ်ကို အရမ်းကြီး ဝါသနာမပါဘူး ။ အစ်မက သီချင်းဆိုရတာကို ကြိုက်တယ်။ သီချင်းတွေ ထုတ်နေရတာ ၊ ဆိုနေရတာကို သဘောကျတယ် ။ ဒါပေမဲ့ အဆိုတော်ဘဝကို မလုပ်ချင်ဘူး။ Showတွေတက်ရတယ်။ စင်ပေါ် တက်ရတယ်။ ဒီလို အင်တာဗျူးတွေ ဖြေရတယ်။ သွားရ ၊ လာရ အဲ့ဒါမျိုးတွေ အစ်မလုံးဝမလုပ်ချင်ဘူး ။ Cele Life ကို မကြိုက်ဘူး ။ အစ်မကို လုံးဝ မသိတာကိုကြိုက်လို့ပါ “လို့ ဧရာဝတီကို ပြောကြား လာပါတယ် ။

“တကယ်က မေမေက အစ်မကို လုပ်ခိုင်းတာလေ ငယ်ငယ်တုန်းက  သမီးအသံလေးက ကောင်းတယ်ဆိုပြီးတော့ မေမေစိတ်ကျေနပ်အောင် လုပ်ပေးလိုက်တာ။ မထင်မှတ်ဘဲ အဲဒီအခွေလေးက အောင်မြင်သွားတယ်။ နောက်ပိုင်း အသက်အရွယ်အရ အိမ်ထောင်ကျပြီး မလုပ်ချင်လည်း မလုပ်လို့ရတဲ့အရွယ်ဆိုတော့ မလုပ်ချင်ရင် မလုပ်ဘဲ နေလိုက်တော့တာ။ အစ်မယောက်ကျားဆို အမြဲပြောတယ်။ သူနဲ့ ယူပြီးမှ အခွေမထွက်တော့ သူမလုပ်ခိုင်းလို့လို့ ထင်ကြမယ်နော်။ ထုတ်ပါပေါ့ ။ တကိုယ်တော် show လုပ်ဖြစ်တာလည်း သူအတင်းလုပ်လို့ ပါ” လို့လည်း မို့မိုက ဆိုပါတယ်။ မို့မို့က ယခုအချိန်မှာ သားတယောက်မိခင် အိမ်ထောင်ရှင်မ တဦးလည်း ဖြစ်နေပြီ ဖြစ်ပါတယ်။

မို့မို့ က ဒီဇင်ဘာတုန်းက လုပ်ခဲ့တဲ့ Show ကို DVD လေးထွက်ဖို့ လုပ်နေတယ်လို့ သိရပြီး  သူရဲ့ တကိုယ်တော် သီချင်းခွေထွက်ဖို့လည်း ရှိကြောင်းနဲ့  အခွေကို လာမယ့် ဇွန်၊ ဇူလိုင်လ တွေမှာ ထွက်ဖို့ စီစဉ်ထား ကြောင်း အသိပေး  ပြောဆိုပါတယ်။

“အမှန်တကယ်က အစ်မက မှန်းထား တာနဲ့ လွဲတတ်တယ်ဆိုတာအဲ့ဒါမျိုးပေါ့ ။ အစ်မက Show လုပ်မယ်ဆိုတော့ လူနည်းနည်းလေးပဲ လုပ်နော်လို့ ။ ဘာလို့ဆိုတော့ ခုနောက်ပိုင်း အစ်မကိုလူတွေလည်း သိပ်မသိကြတော့ဘူး ။ အစ်မတို့ အသက်အရွယ်ပိုင်းတွေကျတော့လည်း အိမ်ထောင်တွေကျ ၊ ကလေးတွေမွေး ။ သိပ်မကြည့်ကြတော့တဲ့ အချိန်တွေရောက်ကုန်ပြီလေ။ ဆိုတော့ နည်းနည်းလေးပဲလုပ်မယ်လို့။ အစ်မကိုယ်တိုင်လည်း လူအများကြီးရှေ့မှာ ဆိုရတာ ကြောက်တယ်။ တကယ်လည်းပွဲလုပ်ရော ပရိသတ်က ၁၀ နှစ်မှတခါကြည့်ရလို့ ဆိုပြီး လက်မှတ်တွေအများကြီး ထပ်ဝယ်ကြတာ မို့မှာရောင်းစရာတောင် မရှိတော့ဘူး။ နေရာမဆံ့တော့ဘူး ။ အဲဒီလိုမျိုးတွေဖြစ်တော့ အားနာသွားတာပေါ့နော်။ အစ်မကလည်း တစ်ကိုယ်တော် Showကို ခုမှပထမဆုံး လုပ်ဖူးတာဆိုတော့ ပထမ DVDထွက်ဖို့ အစီအစဉ်မရှိဘူး ။ အဲဒီလိုလေးတွေကြောင့်ပဲ ထွက်ဖို့ လုပ်ဖြစ်သွားတာပါ ” လို့ ပြောပြခဲ့ပါတယ်။

အဆိုတော် မို့မိုနဲ့  စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ဝမ်းနည်းမှတ်တမ်း”က အရမ်းပေါက်ခဲ့တဲ့ သီချင်းတပုဒ်လည်း  ဖြစ် ပါတယ်။ ဒါနဲ့ပတ်သတ်လို့  “စိုင်းစိုင်းနဲ့ ဆိုခဲ့တဲ့ “ဝမ်းနည်းမှတ်တမ်း” သီချင်းလိုပုံစံမျိုးလည်း လုပ်ချင်ပါတယ်။ Rap နဲ့တွဲတဲ့ ဟာပေါ့ ။ ဒါပေမဲ့ ဆန်းသစ်တဲ့ ပုံစံမျိုးလေးတွေတော့ အမျိုးမျိုး စဉ်းစားထားတယ်။  အဲဒီသီချင်းလေးတုန်းကလည်း အဲဒီ သီချင်းစာသားလေးတွေ ကြိုက်လို့၊ ကိုယ်နဲ့ လည်း လိုက်မယ်လို့ ယူဆပြီး ဆိုလိုက်တာ ။ အဲဒီလောက်ထိ နာမည်ကြီး သွားမယ်လို့ မထင်ထားဘူး။ မထင်မှတ်ဘဲ လူတွေကတအား ကြိုက်ကြတယ်။ အဲဒီသီချင်းနဲ့  လူသိခဲ့တဲ့ အချိန်တွေကို နှမြောတာတော့ မနှမြောပါဘူး ။ အဲဒါကို မနှမြောတာတော့ အရမ်းသေချာတယ်။ ဒါပေမဲ့ သီချင်းအသစ်လေးတွေ မရှိတော့ သီချင်းလုပ်တဲ့ အချိန်တွေလျော့သွားတာ ၊ အသက်ကြီးလာတာ အဲဒါကိုတော့နှမြောတယ်၊ အဲဒီအချိန်တွေကိုပဲ နှမြော တယ်။ နာမည်ကြီးခဲ့တဲ့အချိန်တို့ ၊ လူသိတဲအချိန်တို့  အဲဒါတွေကိုတော့ ပြန်မတမ်းတတ်ဘူး။ အဲဒီ သီချင်းလေးကိုတော့  ပြန်ပြီးဆိုတိုင်းမှာ လူတွေကို ရိုက်ခတ်တဲ့အရာလေးကိုတော့  အစ်မခံစားရတယ်” လို့  ဧရာဝတီကို ပြောပြခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading