Entertainment

ဂျယ်ဂျူးကျွန်းရဲ့ အလှအပတွေအကြောင်း စပ်ဆိုထားတဲ့ သီချင်းတပုဒ် ဖြန့်ချိမယ့် ကိုရီးယားအဆိုတော်၊ မင်းသမီး Yoona

Want create site? Find Free WordPress Themes and plugins.

Girls’ Generation အဖွဲ့ဝင်၊ မင်းသမီး Yoona ဟာ လက်ရှိမှာသူ ပါဝင်သရုပ်ဆောင်နေတဲ့ ရသစုံအစီအစဉ် ထဲက အဆိုတော်-သီချင်းရေးဆရာတဦးနဲ့ ပူးတွဲသီဆိုထားတဲ့ Single သီချင်းတပုဒ်ကို အခုသီတင်းပတ်ထဲမှာပဲ ဖြန့်ချိမယ်လို့ သူ့ရဲ့ အေဂျင်စီက မေ ၉ ရက်မှာ ပြောဆိုထားပါတယ်။

“To You” အမည်ရှိတဲ့ အဲဒီ Single သီချင်းကို လာမယ့် မေ ၁၃ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ အွန်လိုင်း ဂီတစတိုးတွေကနေ ဖြန့်ချိမှာ ဖြစ်တယ်လို့ SM အင်တာတိန်းမန့်က ဆိုပါတယ်။

နာမည်ကျော်ကိုရီးယားအဆိုတော် Lee Hyo-Ri ရဲ့ခင်ပွန်း အဆိုတော်-သီချင်းရေးဆရာ Lee Sang-Soon နဲ့အတူ တွဲဖက်သီဆိုထားတဲ့ အဲဒီသီချင်းဟာ ဂျယ်ဂျူးကျွန်းရဲ့ တောတောင်ရေမြေအလှအပ ရှုခင်းတွေ အကြောင်း ရေးဖွဲ့ စပ်ဆိုထားတဲ့ အလွမ်းအဆွေး သီချင်းတပုဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုတော် Hyo-Ri နဲ့အတူ သူ့ရဲ့ခင်ပွန်းနဲ့ Yoona တို့ဟာ လက်ရှိမှာ နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့အပန်းဖြေကျွန်းကို နောက်ခံထားတဲ့ ရသစုံအစီအစဉ်တခုမှာ ပါဝင်နေပါတယ်။

JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “Hyori’s Home Stay” အစီအစဉ်ကြောင့် သူတိုအခုလိုမျိုး ပူးတွဲ သီဆိုဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဆိုတော် Lee က အဲဒီ Single သီချင်းအတွက် တီးခတ်ပေးထားပြီး Yoona က သီချင်းကို ရေးသားပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီသီချင်းကို မဖြန့်ချိခင်မှာပဲ Teaser ပုံရိပ်တော်တော်များများကို Yoona ရဲ့ တရားဝင် Homepage နဲ့ သူ့အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ တင်ထားခဲ့ပြီး ဖြစ်ပါတယ်။ Yoona ဟာ မေ ၂၀ ရက်မှာ “So Wonderful Day #Story_1” ပထမဆုံး ပရိသတ်တွေ့ဆုံပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Yonhap

Did you find apk for android? You can find new Free Android Games and apps.
Loading