Entertainment

အမေများနေ့ မှာ မိခင်ကို အိမ်သစ်လေးတလုံးပေးမယ့် အဆိုတော် အိမ့်ချစ်

Want create site? Find Free WordPress Themes and plugins.

အဆိုတော်အိမ့်ချစ်မှာ သူ ၁၄နှစ်သမီးအရွယ်ကတည်းက မိဘတွေရဲ့အိမ်ထောင်ပြိုကွဲသွားခဲ့ပြီး ဒီနေ့အထိအမေနဲ့အတူတူ ဘဝခရီးကိုလျှောက်လှမ်းနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေမှာ ကျရောက်မယ့် “အမေ့များနေ” နဲ့ပတ်သတ်ပြီး “အိမ့်ချစ်အတွက် နေ့တိုင်း အမေများနေ့ဖြစ်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီနေ့ ဒီအချိန်ထိ အိမ့်ချစ်ဆိုတဲ့ ဖြစ်တည်မှုက အမေကြောင့် 100% ပေါ့နော် ။ ဒါကြောင့် အမေ့ကို ကျေးဇူးအများကြီးတင်ရပါတယ်။ အမေသာမရှိခဲ့ရင် အိမ့်ချစ်ဆိုတာလည်း ရှိလာဖို့ မသေချာဘူးပေါ့နော် ။ ဘာကြောင့်လဲဆိုတော့ အဖေနဲ့သီချင်း တွဲဆိုလို့ အိမ့်ချစ်ဆိုတာသိသွားတယ် ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အိမ့်ချစ်လမ်းပျောက်နေခဲ့တယ်။ အဲဒီပျောက်နေတဲ့လမ်း ကို ဒီနေ့ ဒီအချိန်ထိ အောင်မြင်တဲ့သူတယောက်ဖြစ်အောင် အနောက်ကနေ တွန်းပို့ပေးခဲ့တာက အမေပါပဲ။ ဒါကြောင့် အမေ့ကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ မိခင်ဖြစ်သူနဲ့ပတ်သတ်ပြီး ခံစားချက်များကို ဆိုပါတယ်။

မိခင်နဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီးထဲက အမှတ်တရတခုကိုလည်း အိမ့်ချစ်က အခုလို ပြောပါသေးတယ်။ “မမေ့နိုင်တဲ့အမေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကတော့ အများကြီးရှိပါတယ်။ တချို့ အကြောင်းအရာလေးတွေကိုတော့ မပြောပြချင်တော့ဘူး ။ အမေကအိမ့်ချစ်နဲ့ပတ်သက်ရင် စိတ်ပူလွန်းတာကိုတော့ အမြဲတမ်း အမှတ်တရရှိတယ်။ သတိတရရှိနေတယ် ။ ဘာလို့်လည်းဆိုတော့ အခုချိန်ထိ အိမ့်ချစ်အသက်ပဲ ၂၈ နှစ်ထဲရောက်နေပြီ ။ ဂီတသက်တမ်း လည်း ၁၄ နှစ်ရှိနေပြီ ။ စင်ပေါ်တက်ခါနီးရင်လေ “ဟဲ့စကားကိုဘယ်လိုပြောနော် ။ ဘယ်သီချင်းလေးကိုရွေးဆိုလိုက်ဆိုတာကို ခုချိန်ထိမှာနေတုန်းပါ”လို့ ဆိုပါတယ်။

အမေ့များနေ့ အတွေက် မိခင်ကို ဘာလက်ဆောင်ပေးဖြစ်မလည်း ဆိုတာနဲ့ ပတ်သတ်လို့ အိမ့်ချစ်က”မနှစ်ကတော့ အိမ့်ချစ်က အမေများနေ့မှာ သီလရှင်ဝတ်ပေးဖြစ်တယ် ။ ဒီနှစ်တော့ ထူးထူးခြားခြား အမေများနေ့မှာ အိမ်အသစ်လေး အမေ့ကိုအပ်ပါမယ်လို့” ဆိုပါတယ်။

အိမ့်ချစ်က အိမ်ဟောင်းကနေ အိမ်သစ်ကို မေလ ၁၄ရက်မှာ စတင် ပြောင်းရွှေ့နေထိုင်မယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading