• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အမေ့ကို မွေးကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးဆပ်ခွင့်ရမယ်ဆို ကျေးဇူးဆပ်မှာပါ” ဆိုတဲ့ အဆိုတော် ပိုပို

by ယုဖြူဟန်
12 May 2018
in Entertainment
A A
ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ပိုပို / ယုဖြူဟန်

ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ပိုပို / ယုဖြူဟန်

19.6k
VIEWS
Share on FacebookShare on Twitter

ပရိသတ်တွေကို သီချင်းအေးအေးလေးတွေနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ တေးသံရှင် ပိုပိုကတော့ မိဘ မရှိဘဲ သီချင်းဆိုခြင်းကို ဝါသနာ အရင်းခံကာ အနုပညာလောကမှာ တယောက်တည်း ရုန်းကန်လှုပ်ရှားလာခဲ့ရတဲ့ အဆိုတော် တယောက် ဖြစ်ပါတယ်။

သူမ ငယ်စဉ်ကတည်းက မိဘနှစ်ဦးက ကွဲကွာခဲ့ပြီး အဖွားဖြစ်သူနဲ့အတူ အသက် ၂၂ နှစ်ထိ ဖြတ်သန်းလာခဲ့ရပါတယ်။ မကြာသေးမီအချိန်က အမေဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့သော်လည်း ထပ်မံပြီး ပတ်သက်ခွင့် မရခဲ့တဲ့ အကြောင်းများ ၊ မိဘမရှိဘဲ ခက်ခဲစွာ ဘဝကို ဖြတ်သန်းလာခဲ့တဲ့ အကြောင်းများနဲ့ ပတ်သက်လို့ ဧရာဝတီ သတင်းထောက် ယုဖြူဟန်က အဆိုတော် ပိုပိုကို သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
321
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
383
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
884

မေး။ ။ မကြာခင်မှာ ကျရောက်မယ့် “အမေများနေ့”နဲ့ ပတ်သက်ပြီးတော့ ပိုပို့ရဲ့ စိတ်ခံစားချက်။

ဖြေ။ ။အမှန်တိုင်း ပြောရရင် “အမေများနေ့”ကတော့ ကိုယ်နဲ့ မဆိုင်သလိုပါပဲ။ အဲဒီလိုနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ကိုယ်နဲ့မဆိုင်ဘူး ဆိုပေမယ့် ပိုပို့ကို အမေလိုပဲချစ်ကြတဲ့ ကျွေးမွေးစောင့်ရှောက်လာတဲ့ အဖွားရှိပါတယ်။ အဖွားကလည်း အမေပဲပေါ့နော်။ အဖွားကို ဟိုးအရင် ငယ်ငယ်ကဆို ငါချမ်းသာလာရင် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုပြီး စိတ်ကူးအိမ်မက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အဖွားက လွန်ခဲ့တဲ့ ၇ နှစ်က ဆုံးသွားခဲ့တယ်။ သူမရှိတော့တဲ့နောက်ပိုင်းမှ ပိုပို ဆိုတာဖြစ်လာတာပါ။ မလုပ်ပေးခဲ့လိုက်ရတဲ့ အရာတွေအများကြီးရှိခဲ့တယ်။ ဗုဒ္ဓဂါယာကို အဖွားက မရောက်ဖူးဘူး။ ပို့ခွင့်လည်း မရခဲ့ဘူး။ အဲဒီအတွက် အဖွားအတွက် ရည်စူးပြီး အလှူအတန်းတွေ အမြဲလုပ်ပေးဖြစ်ပါတယ်။ အဖွားက ကိုယ့်အတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့ အမေပါပဲ။

မေး။ ။ အမေအရင်းကို ပြန်ရှာခဲ့သေးတာကရော ဘယ်လိုဖြစ်သွားလဲ။

ဖြေ။ ။ ပြီးသွားခဲ့ပါပြီ။ အဲဒီဇာတ်လမ်းကတော့ ပိုပိုက အမေ့ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖုန်းလည်း မဆက်တော့ပါဘူး။ နောက်တခုက သူ့ဘဝကို နားလည်ပေးတယ်။ ဒီထက်ပိုပြီး ကိုယ်သာ မိခင်တယောက် နေရာကို ရောက်ရင် ပိုပြီးတော့ နားလည်ပေးနိုင်မယ်ပေါ့။ ကောင်းပါတယ် အခုအခြေအနေလေးက ပိုပိုလည်း ငယ်ငယ်လေး တည်းကနေ မိဘမရှိဘူး ဆိုပေမယ့် အမေလို ချစ်ပေးမယ့်သူတွေရှိတယ်။ သူငယ်ချင်းတွေရဲ့ အမေတွေဆိုရင်လည်း ပိုပို့ကို ချစ်ပေးကြတယ်။

မေး။ ။အဖွားက ငယ်ငယ်လေးတည်းက အမေတယောက်လို စောင့်ရှောက်ခဲ့တယ်။ အဖွားမရှိတော့တဲ့ နောက်ပိုင်းမှာ အမေအရင်းဖြစ်သူကို တမ်းတဲ့စိတ်ဖြစ်မိလား။

ဖြေ။ ။ ငယ်ငယ်လေးတည်းက အမေနဲ့တူတူနေချင်ပါတယ်။ အဖေအမေ အတူတူမနေခဲ့ရတော့ တူတူနေချင်တဲ့ စိတ်ရှိပါတယ်။ အဖွားဆုံးပြီးတဲ့အချိန် အသက် ၂၁နှစ်လောက်မှာ ပိုဆိုးတာပေါ့။ မိမရှိဖမရှိနဲ့ အမေဆိုတဲ့ အုတ်တံတိုင်းကြီးတခု မြင့်မိုရ်တောင်ကြီးရှိသေးတယ်ဆိုပြီး လိုက်ရှာတာပဲ။ ဒါပေမယ့် မမျှော်လင့်ပဲနဲ့ ဒါကလည်း အတိတ်ဘဝကံလို့ထင်ပါတယ်။ အခုအမေက ရန်ကုန်မြို့ထဲမှာပဲရှိပါတယ်။ ဒါပေမယ့် ကိုယ့်မှာ သူ့ကိုတွေ့ခွင့်လည်း မရှိတဲ့ လူတယောက်အနေနဲ့ ဒုက္ခပေါ့။ အဲဒါကြောင့်တော်ရုံတန်ရုံ မိဘနဲ့ ပတ်သက်တဲ့ကိစ္စတွေမတွေးပါဘူး။ အဲဒါကြောင့် တခြားသူတွေကို ပြောချင်တာက ပိုပိုတို့ဆို မိဘမရှိလို့ မိဘနဲ့တူတူနေချင်တယ်။ ဒါပေမယ့်တချို့လူတွေကျတော့ မိဘရှိရဲ့သားနဲ့ မိဘကိုဂရုမစိုက်ဘူး။ အဲဒီလို မဖြစ်စေချင်ဘူး။ ကိုယ့်မှာရှိတဲ့မိဘကို မသေခင် ကျွေးပါ မွေးပါ။ သေမှ နောင်တရမယ့် အဖြစ်မျိုး မဖြစ်ပါစေနဲ့။

မေး။ ။သွားရင်း လာရင်းနဲ့ပဲဖြစ်ဖြစ် အမေနဲ့ သမီး ၂ယောက် တွဲသွားတွဲလာတွေမြင်ရင် ခံစားရတဲ့ ခံစားချက်။

ဖြေ။ ။ အဲဒီခံစားချက်က ငယ်ငယ်တည်းကနေ အမေနဲ့ မတွေ့ခင်ထိကို ရှိခဲ့တယ်။ ၂၂နှစ်လောက်ထိကို ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ မရှိတော့ပါဘူး။ မိသားစုတွေ တူတူသွားလာနေတာမြင်ရင် အရမ်းခံစားရတာ ကျိတ်ပြီးငိုခဲ့ရတယ်။ အခုချိန်မှာတော့ ဘာမှမရှိတော့ပါဘူး။ စိတ်မကောင်းဖြစ်စရာတွေကို မတွေးတော့ဘူး။ အခုတော့ နေသား ကျသွားပါပြီ။ အခု ပိုပို ၂၈ နှစ်ပြည့်တော့မယ် မိဘမရှိပဲနေလာတာ ၂၈နှစ်ပြည့်တော့မယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပြီး ရုန်းကန်လာတာ ၂၈နှစ်ရှိတော့မယ်။ ရင့်ကျက်နေပါပြီ။

မေး။ ။ မိဘ မရှိတဲ့အပေါ်မှာ ရွယ်တူ သူငယ်ချင်းတွေကပဲဖြစ်ဖြစ် ကိုယ့်အသိုင်းအဝိုင်း ဆွေမျိုးတွေကနေ တခုခု စိတ်ထိခိုက်စရာ ပြောခဲ့တာတွေရော ရှိလား။

ဖြေ။ ။ထူးဆန်းတာက သူငယ်ချင်းတွေက တခါမှ မိဘ မရှိလို့ဆိုပြီး မပြောဘူး။ တခါမှလည်း အနိုင်ကျင့်မခံရဘူး။ မောင်နှမတွေ ဆွေမျိုး အသိုင်းအဝိုင်းတွေထဲမှာတော့ အနိုင်ကျင့်ခံရတယ်။ သူငယ်ချင်း တွေကတော့ အခုချိန်ထိ ချစ်နေတုန်း။

ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အဆိုတော် ပိုပို / ယုဖြူဟန်

မေး။ ။အမေ့ကို ပြောခွင့်ရမယ်ဆိုရင် အပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။

ဖြေ။ ။ပြောချင်တဲ့စကားဆိုရင်က မရှိတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူလည်း စိတ်မကောင်းတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ပိုပိုတို့တွေက ဝေးသွားပြီ။ အမေကတော့ မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးရှိတယ်။ အမေ့ကြောင့် လူဖြစ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသက်နဲ့ရင်းပြီးတော့ မွေးဖွားပေးခဲ့တာဖြစ်တဲ့အတွက် ဒီကနေ ပြောချင်တာက ကျေးဇူးတင်ပါတယ်။ ဘုရားရှိခိုးတိုင်းလည်း ရှိခိုးပါတယ်။ အလှူအတန်းတွေလုပ်တိုင်းလည်း ရည်စူးခဲ့ပါတယ်။ ကိုယ့်ကြောင့်လည်း အမေထိခိုက်မှာကို မလိုလားဘူး။ အခုချိန်မှာတော့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ အမေ့ကို ချစ်တာ ၊မုန်းတာ၊ နာကျည်းတာ ၊ စောင့်နေတာ ဘာမှမရှိတော့ဘူး။ သူ့အပေါ်မှာ ဘာခံစားချက်မှကို မရှိတော့တာ။ ခံစားချက်မရှိတော့သလို ကိုယ့်ဘဝမှာ အမေဆိုတာ မရှိတော့သလို ခံစားလိုက်ပြီ။ မွေးကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးဆပ်ခွင့်ရမယ်ဆို ကျေးဇူးဆပ်မှာပါ။

မေး။ ။ အခုချိန်ထိ အမေနဲ့ ဘယ်နှကြိမ်လောက် တွေ့ခွင့်ရခဲ့လဲ။

ဖြေ။ ။ ငယ်ငယ်တုန်းကတော့ ၃ခေါက်လောက် ၊ ကြီးလာတော့ ၂ခေါက်ပေါ့။ ၅ခေါက်လောက်တော့ တွေ့ဖြစ်ခဲ့တယ် ထင်တယ်။ ငယ်ငယ်တုန်းကတော့ အဖွားက လိုက်ပို့ပေးခဲ့လို့တွေ့ခွင့်ရခဲ့တယ်။ အမေက အဖေ့အကြောင်းပြောရင် မကြိုက်ဘူး။ အဖေက ဘာလုပ်လို့ညာလုပ်လို့ ပိုပို့ကို ထားခဲ့တာပါတဲ့ဆိုပြီး အမြဲပြောတယ်။ အမေ့အကြောင်းကို အဖေ့ကို ပြောပြရင် စိတ်ပြန်လည်ပြီးတော့ ပြန်ပေါင်းမလားပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ အမေက အိမ်ထောင် ကျနေပါပြီ။ ကလေးဆိုတော့ မသိဘူး။ တသက်လုံး ထင်ထားတာက အဖေနဲ့အမေ ပြန်ပေါင်းမယ်လို့ပဲ ထင်ထားတာ။ အဖေဆုံးသွားမှသာ ငါတို့မိသားစု ပြန်ပေါင်းခွင့်မရတော့ဘူးဆိုပြီး သိသွားတာ။

မေး။ ။ဒီလိုမျိုးအဆင်မပြေတဲ့ မိသားစုတခုမှာ ကြီးပြင်းလာရတဲ့သူတယောက်အနေနဲ့ တချိန်မှာ ကိုယ်သာ မိခင်တယောက်ဖြစ်ရင် ဘယ်လိုမိခင်မျိုးဖြစ်ချင်လဲ။

ဖြေ။ ။ ပိုပိုကတော့ Broken Family မှာနေခဲ့ရတာဆိုတော့ ကိုယ့်ရဲ့သားသမီးတွေ မွေးလာတဲ့အချိန်မှာ ကိုယ့်လိုမျိုး မဖြစ်အောင်တော့ ကိုယ့်ရဲ့ အိမ်ထောင်ကို ထိန်းသိမ်းစောင့်ရှောက်မယ်လို့ ရည်စူးထားတယ်။ နောက်တခုက ကိုယ့်ကို အရမ်းချစ်တဲ့ယောင်္ကျားကိုပဲ ယူမှာ အဲဒါမှသည်းညည်းခံနိုင်မှာလေ။ အချစ်တခုက သည်းလည်းခံနိုင်မှုလေးစားမှု ချစ်ခြင်းမေတ္တာ အများကြီးမရှိဘူးဆိုရင်တော့ မလွယ်ပါဘူး။ ကိုယ်တကယ်ချစ်တဲ့ ယောင်္ကျားကိုပဲယူမယ်။ ကိုယ့်လိုမျိုး မိဘမဲ့တယောက် မဖြစ်စေရဘူးလို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါပေမယ့် ကံဆိုတာမမြင်ရဘူးလေနော်။ ခင်္သြေ့လို အမေမျိုးဖြစ်ချင်တယ်။

မေး။ ။ ပိုပို့လို ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားပြောပေးပါ။

ဖြေ။ ။ မိဘ မရှိပေမယ့် ပိုပိုတို့လုပ်နိုင်တာတွေအ များကြီး ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တယောက်ဖြစ်တယ်။ အောင်မြင်တဲ့ ယောင်္ကျား၊ မိန်းမ ဖြစ်နိုင်တယ်။ အဲဒါကလည်း ကိုယ်တိုင်ကြိုးစားရမှာပဲ။ နောက်တခုက မိဘ မရှိပေမယ့် လမ်းမှား မရောက်သွားဖို့လိုတယ်။ အဲဒါက ကိုယ့်ရဲ့ကိုုယ်ပိုင်အတွေးအခေါ်နဲ့လည်း ဆိုင်တယ်။ ငါဟာ ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ ဘဝမှာ ငါ့ကိုငါ ထိခိုက်မယ့်အလုပ်ကို ဘယ်တော့မှ မလုပ်ဘူးလို့ တွေးထားရမယ်။ ကိုယ်ဖြစ်ကိုယ်ခံပဲ။ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမတယောက် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေရှိတယ်။ မိဘ မရှိတော့ မိဘရှိတဲ့သူတွေလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ ခက်ခဲတာပေါ့။

မေး။ ။ အခုချိန်မှာ ပိုပို့အတွက် အလိုအပ်ဆုံးမေတ္တာဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ အလိုအပ်ဆုံး မေတ္တာဆိုရင် ငယ်ငယ်တုန်းကတော့ မိဘမေတ္တာလိုချင်တယ်။ အသက်ကြီးလာတော့ မိဘဆီက မရတော့ ချစ်သူဆီက ရမလားပေါ့။ ဒါပေမယ့်ချစ်သူဆီကလည်း မရပြန်ဘူး။ လူတယောက်ဆီက ရမှ ပျော်ရွှင်ရတယ် ဆိုတာက ပျော်ရွှင်မှုအစစ် မဟုတ်ဘူး။ နောက်ပိုင်းကျတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ငြိမ်းချမ်းအောင် နေတယ်။ ပရိသတ်ဆီက မေတ္တာပဲရချင်ပါတယ်။ ကိုယ်မှားတာရှိရင် ထောက်ပြနိုင်သောသူ ကိုယ်မှားတာရှိရင် ခွင့်လွှင့်နိုင်တဲ့သူကို လိုချင်ပါတယ်။ တချို့ကျတော့ ထောက်လည်းမထောက်ပြနိုင်ဘူး ဝေဖန်ကြတယ်။ တချို့က ကျတော့ ခွင့်မလွှင့်နိုင်ကြဘူး။ အပြစ်တင်ကြတယ်။ အဲဒီလိုလူတွေနဲ့ ကင်းကင်းဝေးဝေးနေချင်ပါတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေဆီက မေတ္တာတရားဘဲလိုချင်ပါတယ်။ ။

Your Thoughts …
Tags: အဆိုတော် ပိုပို
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ဟိဏ်းသစ်နဲ့ ပိုပို / Hein Thit's Facebook

အဆိုတော် ပိုပို အမြန်ဆုံး ပြန်လွတ်ဖို့ ဆုတောင်းပေးတဲ့ ဟိဏ်းသစ်

by ဧရာဝတီ
18 May 2021
10.3k

သူအဆင်ပြေရဲ့လား။ သူငယ်ချင်းတယောက်အနေနဲ့ စိတ်အတော် မကောင်းဘူး။ ယူကြုံးမရ ဖြစ်တယ်။ ဝမ်းနည်းတယ်”

အဆိုတော် ပိုပို  / နေပိုင် / ဧရာဝတီ

“အခုချိန် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့”လို့ အဆိုတော် ပိုပိုပြော

by ချစ်ပိုး
4 September 2020
6.6k

“အခုက ပျံ့မှာပဲ ကူးမှာပဲဆိုတော့ အပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။ ကြောက်လည်း ကြောက်ရမယ်။ အရမ်းလည်း စိုးရိမ်ပူပန် သောကတော့ မဖြစ်ပါနဲ့။ ဂရုစိုက်ပါ။

အဆိုတော် ပိုပို / ပိုပို Facebook Page

“သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို 

by ချစ်ပိုး
4 June 2019
6.4k

"ကတုံးလေး ဖြစ်နေရတာ ကြိုက်ပါတယ်။ ခေါင်းလေးက အေးအေးလေး ဖြစ်နေတယ်။ ပူတဲ့အချိန် နေရတာ အရမ်း အဆင်ပြေတယ်။ ဆံပင်တုတွေလည်း တပ်မှာပါ။

အဆိုတော် ပိုပို / ဧရာဝတီ

“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်၊ ပစ်ခတ်တာတွေ မလုပ်စေချင်ဘူး”

by ဧရာဝတီ
4 March 2021
21.8k

“ခဲနဲ့ ပစ်လို့ သေနတ်နဲ့ ပစ်တာတဲ့။ မဆိုင်ဘူးလေ။ ခဲနဲ့ ပစ်ရင် ခဲနဲ့ ပြန်ပစ်ပေါ့။ ခဲနဲ့ ပစ်တာကို သေနတ်နဲ့ ပစ်ဖို့ လောက်ထိ လိုလို့လား။

အဆိုတော် ပိုပိုနဲ့ သရုပ်ဆောင် သီဟအောင်  / Po Po's Facebook

မောင်လေးတွေနဲ့ Music Video ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အဆိုတော် ပိုပို

by ယုဖြူဟန်
16 September 2019
17.6k

ပုံစံကတော့ မင်္ဂလာဆောင်တဲ့အချိန်မှာ ကောင်လေးနဲ့ ကောင်မလေး ဖြစ်နေကျပုံစံမျိုးပဲ ရိုက်ထားတာပါ။ ရိုမန့်တစ်တော့ ဆန်တာပေါ့။

အဆိုတော် ပိုပို / PoPo's Facebook

အသက် ၂၉ နှစ်ပြည့်မွေးနေ့မှာ သီလရှင် ဝတ်မယ့် အဆိုတော် ပိုပို

by ယုဖြူဟန်
7 January 2019
11.8k

“အခုဆံပင်လေးနဲ့ MTV တပုဒ်လောက် ရိုက်လိုက်မယ်။ ပြီးရင် ဆံပင်ညှပ်မယ်။ သြင်္ကန်ပြီးသွားရင် ဆံပင်အတိုလေးနဲ့ တွေ့မှာပေါ့နော်။ ပြီးရင် မယ်သီလရှင် ဝတ်မယ်။

Next Post
စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်များ

ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၁)

မူဆယ်မြို့တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူနှင့် သေဆုံးသူများ  / မူဆယ်သူမူဆယ်သားများ / FB

မူဆယ်မြို့တိုက်ခိုက်မှု ရဲနှင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate