ပညာရေးဘက်ရော အနုပညာဘက်မှာပါ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်၊ အဆိုတော် ဖြူဖြူကျော်သိန်းက အမေနဲ့ပတ်သက်တဲ့ မမေ့နိုင်စရာအကြောင်းတွေ ရှိပါတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
ငယ်စဉ်က မိခင်ဖြစ်သူနဲ့ အမှတ်တရများစွာလည်း ရှိခဲ့ပြီး ဒါနဲ့ပတ်သတ်လို့ ပြောပြီး ဒါနဲ့ပတ်သတ်လို့ “ငယ်ငယ် ကတည်း က ဖြူဖြူတို့က မေမေ့ကို အရမ်းကြောက်ရတာ။ မေမေကဆရာမလေ ။ စည်းကမ်းကလည်း အရမ်း ကြီးတယ်။ ကလေးတွေ အကြောက်ဆုံးကလည်း စည်းကမ်းကြီးတာကို ဟုတ်တယ်မလား ။ ကိုယ်က ဗရမ်းဗတာ နေချင်တာကိုး။ သူ့ရဲ့ ဆုံးမစကားတွေက ကိုယ့်ရဲ့ဘဝတလျှောက်မှာ တည်ဆောက်စရာတွေ ဖြစ်လာတာပေါ့လေ။ကလေး ဆိုတဲ့ သဘောကတော့ ပေါက်ပန်းဈေးနေချင်တာပေါ့ ။ ဒါပေမဲ့ အဲဒီအရွယ်ကတည်းက မေမေက ဖြူဖြူတို့ညီအစ်မနှစ်ယောက်ကို စည်းနဲ့ကမ်းနဲ့ ပေတံနဲ့ထားတာ။သူချပေးတဲ့ Rulesနဲ့ပဲ ကြီးပြင်းလာတာပေါ့။ ကလေးတုန်းကတော့ ဆော့ချင်တာပဲသိလို့ အဲဒါတွေနားမလည်ခဲ့ဘူး ။ မေမေက ငယ်ငယ်တုန်းက ကစားချိန် ၊နားချိန် ၊ထမင်းစားချိန်၊ TV ကြည့်ချိန်၊ စာကျက်ချိန် ဆိုပြီး ညီအစ်မနှစ်ယောက်စလုံးကို Time Table ဆွဲပေးထားတာ ။ အဲဒီလိုနဲ့ပဲ ဒီလို မိန်းကလေးတွေ ဖြစ်လာကြတယ်ပေါ့လေ”လို့ ဧရာဝတီကို ဆိုပါတယ်။
ဖြူဖြူကျော်သိန်းရဲ့ “မေမေနဲ့ မခွဲနိုင်ဘူး” ဆိုတဲ့ သီချင်းကလည်း အမေကိုချစ်ကြတဲ့ ပရိသတ်များ အားပေးခြင်း ခံခဲ့ရတဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။ ဒီနေမှာကျရောက်တဲ့ အမေမျာနေ့နဲ့ ပတ်သတ်တဲ့ ခံစားချက် အမှတ်တရ ကိုတော့ ဖြူဖြူကျော်သိန်းက “အမေများနေ့ကျမှ အမေကိုဂရုစိုက်တယ်ဆိုတာပြတာထက် နေ့တိုင်း သူအသက်ရှိနေတဲ့အချိန် ၊ကိုယ်အသက်ရှိနေတဲ့အချိန် တန်ဖိုးထားပြီးတော့ ဂရုစိုက်ပြနိုင်ရင် ပိုပြီးတန်ဖိုးရှိတယ်လို့ ဖြူဖြူကတော့ မြင်တယ်” လို့ ဆိုပါတယ်။
ဖြူဖြူကျော်သိန်းက အမေများနေ့မှာ နှစ်တိုင်းလိုလို မိခင်ဖြစ်သူနဲ့ တူတူ ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်အစီအစဉ်များနဲ့ ပတ်သတ်ပြီး ဧရာဝတီကို အခုလိုဆိုခဲ့ပါတယ်။
“များသောအားဖြင့်က International mother day က မေလရဲ့ ဒုတိယပတ် တနင်္ဂနွေ ဆိုတဲ့အခါကျတော့ အမြဲတမ်းလိုလို ဘုရားကျောင်းမှာပဲ ရှိနေတယ်။ ကိုယ်ရန်ကုန်မှာ ရှိနေတဲ့နေ့တွေဆိုရင် မေမေနဲ့အတူတူ ဘုရားကျောင်း သွားတာ များတယ်။ဘုရားကျောင်းကတော့ Sunday တိုင်းတက်နေကျပါပဲ ။ ဒါပေမဲ့ အမေများနေ့ဆိုရင် အဲဒါနဲ့ပတ်သက်တဲ့ ပရိုဂရမ်လေးတွေ ဘုရားကျောင်းမှာရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘုရားကျောင်းမှာ ပင်တိုင်ဆိုလေ့ရှိသူဆိုတော့ အဲဒီနေ့မှာ အမေနဲ့ပတ်သက်တဲ့ သီချင်းလေးတွေ ဦးစားပေးဆိုဖြစ်တယ် ။ ပြီးတော့အဲဒီနေ့မှာ ခရီးတွေဘာတွေမသွားရဘဲ အေးအေးဆေးဆေး ရှိတယ်ဆိုရင် မေမေနဲ့အတူ Lunch စားတာမျိုးလုပ်တယ်။ ကိုယ်က အဝေးရောက်နေခဲ့တာမျိုး ဆိုရင် မေမေ့ကို ပန်းစည်းပို့ပေးလိုက်တယ်ပေါ့။ ဒီနှစ်တော့မေမေနဲ့ ဘုရားကျောင်း တူတူတက်မယ်။ နေ့လည်စာစားကြမယ်ပေါ့ “လို့ ဆိုပါတယ်။