သရုပ်ဆောင် နေတိုး သွားလေရာမှာ မိခင်အမြဲပါတဲ့အမေချစ်သားတယောက် အနုပညာရှင်တဦးဖြစ်ပါတယ်။ အနုပညာပွဲများ၊ ရှုတင်ကအစ မိခင်ဖြစ်သူက နေတိုးရဲ့နောက်က အမြဲလိုက်ပါစောင့်ရှောက်ပေးသူ တဦးလည်း ဖြစ်ပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ကျရောက်တဲ့ အမေများနေ့ နဲ့ အမှတ်တရများကို သရုပ်ဆောင်နေတိုးရဲ့ ခံစားချက်များကို ဧရာဝတီက မေးမြန်းတဲ့ အခါမှာ “အရမ်းကိုကြည်နူးစရာ၊ မေတ္တာဓာတ်တွေနဲ့ ထုံမွှမ်းတဲ့နေ့ ၊ အမေများနေ့ဆိုတာ အမေ နဲ့ ပတ်သက်ပြီးတော့ အမှတ်တရဖြစ်စေတဲ့ နေ့တနေ့ ၊ ရောက်ရှိလာတော့မယ့်နေ့ကိုလည်း ကြိုဆိုပါတယ်။ တကယ်ကို စိတ်ထဲမှာ ကြည်နူးပီတိနဲ့ ဝမ်းပန်းတသာကြိုဆိုပါတယ်”လို့ ဆိုပါတယ်။
သရုပ်ဆောင်နေတိုးက မိခင်ဖြစ်သူနဲ့ အမှတ်ရများစွာရှိနေပြီး မိခင်ရဲ့ မေတ္တာနဲ့ ပတ်သတ်လို့ ခံစားမိတာနဲ့ ပတ်သတ်ပြီးတော့လည်း “ကျနော်က အမေနဲ့အနီးကပ်ဆုံး အတူနေရတဲ့ သားတယောက် ဖြစ်တယ်လေ ။ အဓိက မေတ္တာတရား ။ မိခင်ရဲ့မေတ္တာတရားဟာ တကယ်ပဲ လုံခြုံနွေးထွေးမှု ဖြစ်စေတာဟာ အမြဲအမှတ်တရ ဖြစ်စေပါတယ်လို့ လည်း ဆိုပါတယ်။
နေတိုးက အမေများနေ့ ဖြတ်သန်းမှုကိုလည်း ခုလိုပြောပြပါတယ်။ “အမေများနေ့ရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ ဖြတ်သန်း ခဲ့တယ်ရယ်လို့တော့ မရှိပါဘူး။ အမေများနေ့ဆိုတဲ့ အကြောင်းအရာတခုအပေါ် ပိုပြီးလေးနက်တယ်လိုတော့ ခံစားရတယ်။ အမေ့အပေါ် မေတ္တာတရားကို ပိုပြီးသိရှိနားလည်မှုနဲ့ပဲ ဖြတ်သန်းတယ်။ ခုတော့ကိုယ်အလုပ်လုပ်နိုင်တဲ့အချိန် အမေ့ကို စိတ်ချမ်းသာ အောင်ထားမယ်၊ ပျော်ရွှင်အောင်ထားမယ်လို့ ကတိပေးနိုင်တဲ့နေ့တနေ့အဖြစ် ဖြတ်သန်းပါတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်နေတိုးက အနုပညာအလုပ်နဲ့ပတ်သတ်လို့ လတ်တလောမှာတော့ “မုန်းလို့ရရင် မုန်းချင်တယ်” အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေပြီး ဒီလထဲမှာလည်း ရုပ်ရှင်ကားကြီးတကား ရိုက်ကူးဖို့ ရှိတယ်လို့လည်း သိရပါတယ်။