Entertainment

သမီးလေး Stormi ရဲ့ ဖခင်အရင်း မဟုတ်ကြောင်း Kylie Jenner ရဲ့ ကိုယ်ရံတော် ပြန်လည်ရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Kylie Jenner ရဲ့ ကိုယ်ရံတော်က သူဟာ အသက် ၃ လအရွယ် Kylie ရဲ့ သမီးလေး Stormi ရဲ့ ဖခင်ဖြစ်တယ်လို့ဆိုတဲ့ ကောလာဟလတွေကို ပယ်ချလိုက်ပါတယ်။

Kylie ရဲ့ ကိုယ်ရံတော်နဲ့ လော့စ်အင်ဂျလိစ်ရဲတပ်ဖွဲ့ အရာရှိတဦးဖြစ်တဲ့ Tim Chung က Kylie နဲ့ သူ့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအပေါ် ပထမဆုံးနဲ့ နောက်ဆုံး မှတ်ချက်ပေး ပြောကြားတာပါ ဆိုတဲ့ သတင်း စကားတခုကို ပြီးခဲ့တဲ့ မေ ၁၂ ရက်တုန်းက Instagram မှာ တင်ခဲ့ပါတယ်။

အသက် ၂ဝ အရွယ် Kylie ဟာ သမီးလေးရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် တင်ရာကနေ လူတချို့က Stormi ဟာ ကလေးရဲ့ ဖခင်ဖြစ်တဲ့ Kylie ရဲ့ ချစ်သူ Travis Scott ထက် ကိုယ်ရံတော် Chung နဲ့ ပိုပြီးအသွင်အပြင် ဆင်တူနေတာကို သတိထားမိပြီး ပြောဆိုရာကနေ ဆိုရှယ်မီဒီယာမှာ ကောလာဟလတွေ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ရံတော် Chung က “ကျနော်ဟာ သီးသန့် နေတတ်တဲ့သူပါ၊ ပေါက်တတ်ကရတွေနဲ့ ရယ်ဖို့ကောင်းတဲ့ ဇာတ်လမ်း တွေနဲ့ အတင်းအဖျင်း စကားတွေကို ပုံမှန်ဆို ဘယ်တုန်းကမှ ပြန်ဖြေလေ့ မရှိပါဘူး။ Kylie, Travis နဲ့ သူတို့ရဲ့ သမီးလေးနဲ့ အတူ သူတို့ မိသားစုဝင်တွေကိုပါ တော်တော်လေး လေးစားမိပြီး Kylie နဲ့ သူ့မိသားစု အပေါ်မှာ ထားရှိတဲ့ ကျနော့်ရဲ့ ပြုမှု ဆက်ဆံမှုဟာ ပရော်ဖက်ရှင်နယ် လုပ်ဆောင်နိုင်ခွင့် အပေါ်မှာ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်” လို့ ရေးသားထားပါတယ်။

ဆက်ပြီး သူက “နောက်ကွယ်က အကြောင်းတွေလည်း မရှိပါဘူး၊ သူတို့ မိသားစုအပေါ် မလေးမစား ဖြစ်စေမယ့် ပြောဆိုမှု တွေထဲမှာ ကျနော် မပါဝင်စေပါနဲ့လို့ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

Kylie နဲ့ Travis တို့ရဲ့ သမီးလေး Stormi ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မျာ မွေးဖွားခဲ့တာဖြစ်ပြီး ချစ်စဖွယ် သမီးလေး ရဲ့ ပုံစံကို တလကြာပြီးတဲ့နောက် ပရိသတ်ထံ အသိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အီစတာပွဲတော်မှာ သမီးလေးနဲ့ အတူ ပျော်ရွှင်နေရပြီး ဂုဏ်ယူနေရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ Kylie နဲ့ Travis တို့ကလည်း အခုလိုမျိုး အဖေရင်း ဘယ်သူဖြစ်ကြောင်း ပြောဆို မှုတွေနဲ့ ပတ်သက်လို့ အာရုံစိုက်ထားပုံ မရပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာလုပ်ခဲ့တဲ့ Met Gala မှာ တဦးနဲ့ တဦး ကြင်ကြင်နာနာ ရှိနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဆက်စပ် သတင်းလင့်ခ်ပထမဆုံး ရင်သွေးလေးကို အနီးကပ်ကိုယ်ရံတော်နဲ့ ရခဲ့တာလို့ သတင်းထွက်နေတဲ့ Kylie Jenner 

Ref : etcanada.com

Did you find apk for android? You can find new Free Android Games and apps.
Loading