Entertainment

ဂီတလောကမှာ နောက်ထပ်အချိန် ၂နှစ်ထိပဲ သီချင်းဆိုဖို့ စဉ်းစားထားတဲ့ အဆိုတော် စိန်ဝင်းထွန်း

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကမှာ တေးသီချင်း၊ ပါဖောမန့်များနဲ့ ပရိသတ်ကို ဖျော်ဖြေတင်ဆက်လျက်ရှိတဲ့ တေးသံရှင် စိန်ဝင်းထွန်းက မကြာခင်ထွက်ရှိမယ့် တကိုယ်တော်အခွေထွက်ရှိပြီး နောက် ၂ နှစ်၊ ၃ နှစ်အကြာမှာ သီချင်း မဆိုတော့ဘဲ အနားယူတော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်က အနုပညာလုပ်နေတာ နှစ် ၅၀ ရှိနေပြီ ၊ ကျနော်က ကျနော်အနုပညာကို ပရိသတ်ကို ခင်းပြဖို့ အများကြီး ကျန်သေးတယ်။ ဒါပေမယ့် ဒီစီးရီးထွက်ပြီး ၂ နှစ် ၃ နှစ်ကြာရင် မဆိုတော့ဘူးလို့ စဉ်းစားထားတယ်။ အသက်လည်း ကြီးပြီလေ။ ကလေးတွေကြားထဲမှာ ဆိုနေရတာ လွန်နေမလားလို့ ၂နှစ် ၃နှစ်နေရင် နားတော့မလားလို့ စဉ်းစား ထားတယ်။ အနုပညာကိုတော့ မစွန့်လွှတ်ဘူး။ ဆိုတဲ့လောကမှာက ကျနော်က အသက်ကြီးပြီ တချို့တွေက Facebook ကောမန့်တွေက ရေးကြတယ်။ အသက်ကြီးနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစားတယ်။ ငါဆိုလို့ ကောင်းပါတော့မလား ဆိုပြီးတော့” လို့ စိန်ဝင်းထွန်းက ပြောပါတယ်။

အဆိုတော် စိန်ဝင်းထွန်းက တကိုယ်တော်အခွေ မထွက်တာ ၅နှစ်ကြာနေပြီဖြစ်ပြီး သူဖန်တီးထားတဲ့သီချင်းတွေကို ပရိသတ်တွေ နားဆင်နိုင်ရန်အတွက် အွန်လိုင်းပေါ်မှ တဆင့်လည်း တင်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

“နောက် ၃လနေရင် စီးရီးထုတ်တော့မှာ ဖြစ်လို့ ပြင်ဆင်နေပါတယ်။ သီချင်းကတော့ ၈ပုဒ်ပြီးသွားပြီ။ နောက် ၂ပုဒ် လောက်ဆိုပြီးပြီ ထုတ်လို့ရပါပြီ ။ စီးရီးထွက်ဖို့အဆင်သင့်ပါပဲ။ စီးရီးမထွက်တာလည်း ကြာပြီလေ ၊ တော်တော်များများ ကလည်း ကျနော့်ကို မေးနေကြပြီ။ မထွက်တာ ၅နှစ်လောက်ရှိပြီ နောက်ဆုံး ပိုက်ဆံရှိတယ် အခွေထွက်ပြီး နောက်ပိုင်း မထွက်တာ ၅နှစ်ရှိသွားပြီ။ အခွေမထွက်ခင်လည်း ကျနော်သီချင်းတွေ ပြီးရင် အွန်လိုင်းပေါ် တင်ပေးပါတယ်။ စတိတ်ရှိုးတွေလည်း လိုက်ဆိုနေတယ်” လို့ စိန်ဝင်းထွန်းက ဆိုပါတယ်။

ဂီတ သက်တမ်း နှစ် ၅၀ ရှိနေပြီဖြစ်တဲ့ တေးသံရှင် စိန်ဝင်းထွန်းကတော့ ယခုအချိန်ထိ ကျန်းမာစွာနဲ့ တေးသီချင်းများ သီဆို ဖျော်ဖြေလျက် ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading