• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မိဘ သဘောမတူတဲ့ လူတယောက်ကို လက်တွဲမှာ မဟုတ်ဘူး” ဆိုတဲ့ အလှမယ် အမရာငြိမ်း

by ယုဖြူဟန်
15 May 2018
in Entertainment
A A
Miss Universe Myanmar 2019 ပြိုင်ပွဲကို ဝင်ပြိုင်မယ့် အလှမယ် အမရာငြိမ်း

Miss Universe Myanmar 2019 ပြိုင်ပွဲကို ဝင်ပြိုင်မယ့် အလှမယ် အမရာငြိမ်း

3.5k
VIEWS
Share on FacebookShare on Twitter

Miss Myanmar International 2015 ဆုရှင် အလှမယ် အမရာငြိမ်းက လက်တွဲသွားမယ့် လက်တွဲဖော်နဲ့ ပတ်သက်ပြီး မိဘကို အလေးထားတဲ့သူ တယောက်အနေနဲ့ မိဘက သဘောမတူတဲ့ လူတယောက်ကို လက်တွဲမှာ မဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အဓိကအချက်ကတော့ ကိုယ့်ရဲ့မိသားစု အသိုင်းအဝိုင်းနဲ့ အဆင်ပြေတဲ့သူ ဖြစ်စေချင်တယ်။ အမရာက မိဘကို အရမ်း အလေးထားတယ်ဆိုတော့ မိဘက သဘောမတူဘူးဆိုတဲ့ လူတယောက်ကိုတော့ လက်တွဲမှာ မဟုတ်ဘူး။ အဲဒါကတော့ လုံးဝသေချာတယ်။ အမရာ မိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့သူ ဖြစ်စေချင်တယ်။ အဲဒါကတော့ အမရာ စိတ်ကူးထားတာပေါ့” လို့ အမရာငြိမ်းက ပြောပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
194
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
221
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
374

လက်ရှိမှာတော့ နားလည်မှုရှိတဲ့ ချစ်သူရှိနေပြီး မကြာခင်မှာ ယှဉ်ပြိုင်မယ့် Miss Universe ပြိုင်ပွဲအတွက် အလုပ်ရှုပ် နေတဲ့အတွက် ချစ်သူကို အချိန်သိပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ “ချစ်သူက ရှိပါတယ်။ အေးအေးချမ်းချမ်းပါပဲ။ အခုချိန်မှာ ကိုယ်ကလည်း ပြိုင်ပွဲမှ ပြိုင်ပွဲဆိုပြီး လုပ်နေတဲ့အတွက် အချိန်တော့ သိပ်မပေးနိုင်ဘူး။ နားလည်မှုရှိတဲ့သူ တယောက်ပါ” လို့ အမရာငြိမ်းက ပြောပါတယ်။

အမရာငြိမ်း အနေနဲ့ လက်ရှိ Miss Universe Myanmar 2019 ပြိုင်ပွဲကြီးမှာ ရန်ကုန်ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

“မရမှာကို စိုးရိမ်တဲ့စိတ်က သူများထက် ၂ဆမကဘူး များလိမ့်မယ်။ ဒီရန်ကုန်ပွဲမှာတင် ပြုတ်သွားမလား ၊ ကိုယ်ရပါ့ မလား ဆိုပြီးတော့ စိုးရိမ်စိတ်က ရှိပါတယ်။ သူများထက် စိန်ခေါ်မှုလည်းများတယ်။ ပွဲနီးလေ၊ စိတ်ဖိစီးလေ ဖြစ်နေတာ။ အဲဒါကို အကောင်းဆုံး ရှင်းလင်းပြီးတော့ ကြိုးစားသွားမှာပါ” လို့ အမရာငြိမ်းက ပြောပါတယ်။

အမရာငြိမ်းကတော့ စာအရမ်းဖတ်တဲ့ သူတယောက် ဖြစ်ပြီး ၊ Miss ပွဲတွေရဲ့ ဗဟုသုတဆိုင်ရာ မေးခွန်းတွေ ဖြေဆိုရာမှာ ပရိသတ်များက သဘောကျ နှစ်သက်ခံရသူ တဦးပါ။ ဒါကြောင့် ဗဟုသုတနဲ့ ပတ်သက်ပြီးတော့ အထူးတလည် ပြင်ဆင်စရာ မလိုဘဲ အမြဲတမ်း စာဖတ်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။

အမရာငြိမ်းက Miss Universe Myanmar ပြိုင်ပွဲကြီးကို ယခင်က တကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆု မရရှိခဲ့ပေမယ့် လည်း Miss Myanmar International 2015 ပြိုင်ပွဲကြီးမှာတော့ Winner ရရှိခဲ့သူ တဦးပါ။ ဒါ့အပြင် အခု အခါမှာလည်း Miss Universe Myanmar ပြိုင်ပွဲကြီးကို ဇွဲမလျော့ဘဲ ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်မှုများကို အပြင်းအထန် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Miss Universe Myanmar 2019 ဝင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အလှမယ် အမရာငြိမ်း

Your Thoughts …
Tags: အလှမယ် အမရာငြိမ်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အမရာငြိမ်း ဖေ့စ်ဘုတ်

Miss Universe Myanmar 2019 ဝင်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ အလှမယ် အမရာငြိမ်း

by ယုဖြူဟန်
3 May 2018
7.5k

မကြာသေးမီရက်ပိုင်းကလည်း ဖိလစ်ပိုင်နိုင်ငံ Gouldian တွင် Pageant Training ကို ၁၀ရက်တာ သွားရောက် ပြုလုပ် ခဲ့တယ်လို့လည်း သိရပါတယ်။

“Miss Universe Yangon East 2018” အလှမယ် အမရာငြိမ်း  / အမရာငြိမ်း Facebook

ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အလှမယ် အမရာငြိမ်းရဲ့ ဆုတောင်းစကား

by ယုဖြူဟန်
4 July 2018
5.3k

“မီဒီယာရဲ့ Supporting မပါဘဲနဲ့ အနုပညာသမားတယောက်က ဘယ်လောက်ပဲတော်တော် ပရိသတ် အရှေ့ကို ရောက်လာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။

Next Post
မောင်တော ဟိန္ဒူကယ်ဆယ်ရေးစခန်းအား တွေ့ရပုံ  / ကိုမောင်မောင် ( မောင်တော )

မောင်တော ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်မှု အခက်ကြုံတွေ့နေရ

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်တွင်းမီဒီယာတွေ အားကောင်းဖို့လိုတယ် ဆိုတဲ့ ပြန်ကြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း - ၂)

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate