Entertainment

သက်ငယ်မုဒိမ်း ပပျောက်ရေး အသိပညာပေး ဟောပြောပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ခိုင်နှင်းဝေ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခိုင်နှင်းဝေက မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးနှင့် သက်ငယ်မုဒိမ်း ပပျောက်ရေး အသိပညာပေး ဟောပြောဆွေနွေးပွဲမှာ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ပွဲမှာတော့ သက်ငယ်မုဒိမ်းကို မဖြစ်ပွားစေဖို့ ဘယ်လို ကြိုတင်ကာကွယ်ရမလဲ ဆိုတဲ့အပိုင်းကို အဓိကထား ပြောခဲ့တယ်လို့ သိရပါတယ်။ ကလေးသူငယ် အခွင့်အရေးနဲ့လည်း မထိခိုက်အောင် မိဘတွေ အနေနဲ့ ကလေးတွေကို ဘယ်လို ကြည့်ရှုစောင့်ရှောက်ရမယ်။ ကလေးတွေ အနေနဲ့လည်း ဘာတွေပြန်ပြီး တုန့်ပြန်တတ်မယ်ဆိုတဲ့ အကြောင်းကို ပြောကြားခဲ့တယ်လို့ ခိုင်နှင်းဝေက ဧရာဝတီကို ပြောပါတယ်။

ခိုင်နှင်းဝေက သူ့ဆီကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးတွေနဲ့ ဆက်သွယ်အကူအညီ တောင်းခံလာတဲ့ ကလေး ၁၂ ဦး လောက်ရှိကြောင်း၊ အဲဒီကလေးတွေကို အစအဆုံး ကူညီပေးနေကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ် မုဒိမ်းမှုကို တင်းတင်းကြပ်ကြပ် မချုပ်ကိုင်သေးတဲ့အပေါ် ခိုင်နှင်းဝေက “အစ်မ လွှတ်တော်ထဲမှာ ဝင်ရောက် တောင်းဆိုခဲ့ပါတယ်။ တောင်းဆိုတဲ့ဟာက ခုတလောလည်း ကြားနေရတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူ၊ အရင်တုန်းက ကျူးလွန်ခဲ့တဲ့ သူ့ရဲ့သမီးကိုပဲ ပြန်ပြီးတော့ ကျူးလွန်တယ်ပေါ့။ အစ်မတို့ တောင်းဆိုတဲ့ ဟာက သက်ငယ်မုဒိမ်းနဲ့ ပတ်သတ်လို့ စီရင်ချက် ချမှတ်လိုက်ပြီ ဆိုရင်လည်း နိုင်ငံတော်ရဲ့ မည်သည့် အကျိုးခံစားခွင့်မှ မရှိစေရပေါ့။ အဲ့တာရယ် နောက်တခုက ကြိုတင်ကြံစည်မှုက ဘာဖြစ်လဲဆို သက်ငယ် မုဒိမ်းကို ကာကွယ်ပေးချိန်မှာ သိရတာက ကြိုတင် ကြံစည်မှုဆိုရင် လွတ်လွတ်သွားတာ များတယ်ပေါ့နော်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ခိုင်နှင်းဝေက “အကျိုးအကြောင်း မခိုင်လုံတာက တကြောင်း၊ သက်သေ မရှိတာတွေက တကြောင်း အဲ့တာတွေကို ကလေးဘဲ သိတယ်။ အဲ့တော့ အစ်မတို့ ကြိုတင်ကြံစည်မှုကိုလည်း ဘယ်လို ပြစ်ဒဏ်ပေးမလဲ ဆိုတာ ကိုလည်း တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ဒီအမှုတွေကို ချမှတ်ပေးဖို့ ကြိုးစားနေဆဲ ကာလာပေါ့။ ဘာမှ တိတိကျကျတော့ သတင်းထုတ်ပြန်ချက် ကြေညာချက် ထုတ်ပြန်တာ မရှိသေးဘူး။ဒါပေမယ့် ဒီကနေ အမကတော့ တောင်းဆိုစရာ ရှိတာတွေ တောင်းဆိုထားပါတယ်” လို့ ဆိုပါတယ်။

ခိုင်နှင်းဝေဟာ လက်တလော အနုပညာ လုပ်ငန်းများနှင့် ပတ်သတ်ပြီး MRTV-4 ဇာတ်လမ်းတွဲရိုက်ကူးဖို့ ရှိကြောင်း သိရပြီး ပရဟိတ လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် လုပ်ကိုင်နေတယ်လိုု့ သိရပါတယ်။

ခိုင်နှင်းဝေဟာ အနုပညာသက်တမ်း ၁၈နှစ်ရှိပြီ ဖြစ်ပြီး ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေး အထူးသံတမန် အဖြစ်လည်း ခန့်အပ်ခြင်း ခံထားရပါတယ်။ ဒါ့အပြင့် ၂၀၁၇ ခုနှစ်အတွက် အထူးချွန်ဆုံး မြန်မာအမျိုးသမီးဆုကိုလည်း ရရှိထားပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်စာရင်းမှာ နံပါတ် ၃နေရာက ပါဝင်လာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

“သက်ငယ်မုဒိမ်းမှုတွေပပျောက်ဖို့ စုပေါင်းပါဝင်ပေးပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading