စာရေးဆရာမ လွန်းထားထားက သူရဲ့နာမည်ဖြစ်တဲ့ လွန်းထားထား(ဆေးတက္ကသိုလ်) အမည်နဲ့ Facebook အကောင့်တုသုံးပြီး နိုင်ငံရေး Comment များ ရေးသားခံနေရတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သတ်လို့ ဆရာမ လွန်းထားထား က သူ့ရဲ့ Facebook မှာ “မထားရဲ့ နာမည်သုံးပြီး အကောင့်ဖွင့်ထားသူ သိစေအပ်ပါတယ်။ မထားမှာ ကိုယ်ပိုင်အကောင့်ရော ပေ့ချ်ပါ ဖွင့်ထားပါတယ်။ မထားနာမည်သုံးပြီး နိုင်ငံရေးကော်မန့်တွေ ရေးထားတာလည်း တွေ့ရပါတယ်။ မလုပ်သင့်ပါဘူး လို့ မေတ္တာရပ်ခံပါရစေ၊ လူအချင်းချင်း လေးစားတန်ဖိုးထားပေး စေချင်ပါတယ် အေးဆေးစွာ နေပါရစေရှင်”လို့ ပြန်လည်ကြေညာ ရေးသားထားပါတယ်။
ဒီအကောင့်တုက စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ရဲ့ ဓာတ်ပုံနဲ့ ထွက်ရှိပြီးသား ဝတ္ထုစာအုပ်များကို တင်ထားပြီး သူရဲ့ Facebook Wall နဲ့ Comment များမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများ တင်ထားတာ တွေ့ရပါတယ်။
ဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်) ကတော့ ထွက်ရှိတဲ့ စာအုပ်တိုင်း လူငယ် စာဖတ်ပရိသတ် အများအပြားရဲ့ အားပေးခြင်းခံရပြီး ၊ ဝတ္ထုစာအုပ် တော်တော်များများကိုလည်း ရုပ်ရှင်၊ ဗီဒီယို အဖြစ်ရိုက်ကူးခံတဲ့ စာရေဆရာမ တဦး ဖြစ်ပါတယ်။ ဆရာမ လွန်းထားထားက လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေလျက် ရှိပါတယ်။