အကဆရာမ ခေမီကိုက”ဂျစ်ကားစီးဖူးသလား”ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ အကများနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီဇာတ်ကားရိုက်ကူးရေးအတွက် မေလနောက်ဆုံးပတ်မှာ ဘားအံကိုသွားရမယ်လို့ ဧရာဝတီကို ဆိုပါတယ်။
ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး ခေမီကိုက “ရုပ်ရှင်ကားကြီးတွေမှာပါတဲ့ ဇာတ်ဝင်သီချင်းတွေကို အကောင်းဆုံး လုပ်ပေးထားတယ်။ ရုပ်ရှင်ကားကြီးဖြစ်ဖို့အတွက် လုပ်တဲ့နေရာမှာ ငွေအား၊လူအား အင်အားအများကြီးသုံးရတဲ့အတွက် ခေမီကိုတို့အကကိုလည်း Own Tune နဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ အကတင်မကဘူး။ အဝတ်အစားပိုင်း ကအစ သေသေချာချာလေး ဂရုစိုက်လုပ်ပေးလေ့ရှိတယ်။လည်း ရုပ်ရှင်ကားကြီး သုံး၊လေးကားလောက်ရိုက်ဖြစ်တယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “ခေမီကို ကိုယ်တိုင်သရုပ်မဆောင်ဘူး။ အကကိုပုံဖော်ပြီး အမိုက်အခုစားပုံစံမျိုးကို ပြမယ်။ အရင်က ရိုက်ကြတဲ့ တခြမ်း ထဲပါတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ အကကိုပေါ်လွင်စေပြီး မင်းသမီး၊ မင်းသားကို ပံ့ပိုးပေးရလောက်တဲ့ အကမျိုးတွေကို တီထွင်ပြီးတော့ ကြိုးစားထားတာ တွေရှိပါတယ်” လို့ ဧရာဝတီကို ဆိုပါတယ်။
ခေမီကိုက အကဆရာမအဖြစ်ရပ်တည်လာတာ အနုပညာသက်တမ်း ကြာမြင့်ပြီဖြစ်တဲ့အတွက်လည်း အသက်အရွယ်နဲ့ အကသက်တမ်းအရ ပြောင်းလည်းဖြစ်ချင်တဲ့ အရာတွေအကြောင်းကိုလည်း အခုလိုဆိုပါတယ်။
“မကချင်တဲ့ အကပုံစံမျိုး မရှိဘူး ။ ဒါပေမယ့် အရွယ်နဲ့လိုက်ဖက်တဲ့ အကမျိုးပေါ့ ။ တခါတလေ ဝုန်းဒိုင်းတွေ ကြဲနေတဲ့ ဟာမျိုး ၊ EDM ဆိုရင် Performance လုပ်လို့ကောင်းတဲ့ Music မဟုတ်ဘူး။ ဆိုပြီးကတဲ့ အခါကျရင်လည်း EDM က သိပ်အဆင်မပြေဘူး။ EDM သည် ပါတီပွဲတွေမှာပဲ ဝုန်းဒိုင်းတွေကြဲလို့ကောင်းတဲ့ Music ဖြစ်တယ်”
“အဲဒီလိုမျိုးပဲ ခေမီကိုတို့ ငယ်ငယ်တုန်းက ကတဲ့အကတွေကိုစင်ပေါ်မှာလေးဘား၊ ရှစ်ခေါက်လောက်ကို ကပြနေရင် ပျင်းဖို့ကောင်းတယ်။ ပရိသတ်တွေကလည်း အရမ်း နားလည်သွားပြီ။ ပညာတတ်သွားပြီ။ လိမ်လို့မရတော့ဘူး။ အခုခေတ်က လိမ်လို့မရတော့ဘူး။ ခေတ်ရေစီးကြောင်း ကိုလေ့လာပြီး ပရိသတ်ကို ဘယ်လိုဆွဲဆောင်မလည်း လို့ဆိုပြီး အကကိုဖန်တီးတီထွင်ပါတယ်” လို့ ခေမီကိုက ဆိုပါတယ်။
အကပိုင်းအပြင့် အဆိုပိုင်းကိုပါ ဝါသနာပါတဲ့ ခေမီကိုက “အခုခေတ်မှာက မိန်းမတွေက ယောက်ကျားတွေနဲ့ ရင်ဘောင် တန်းပြီး အလုပ်လုပ်လာကြတဲ့ မိန်းကလေးတွေ အများကြီးပါ ။ ကိုယ့်ဘဝကိုတယောက်ထဲ လက်တွဲဖော်မပါဘဲနဲ့ ကြိုးစားနေကြသူတွေရှိတယ်။ ဒါကြောင့် “အာဂမိန်းမ” ဆိုတဲ့နာမည်ကိုကြိုက်လို့ စီးရီး Title ရွေးလိုက်တာ”လို့ ဆိုပါတယ်။
“အာဂမိန်မ” တေးစီးရီးဟာ ခေမီကို ရဲ့ တတိယမြောက်တေးစီးရီးဖြစ်ပြီး ယင်းတေးစီးကို မေလ ၂၆ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။