Entertainment

ပျားရည်ဆမ်းခရီးထွက်ဖို့ အချိန်ရွှေ့ဆိုင်းထားတဲ့ ပူပူနွေးနွေး တော်ဝင်ဇနီးမောင်နှံ

Want create site? Find Free WordPress Themes and plugins.

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ Meghan Markle တို့ဟာ သူတို့ရဲ့ ပျားရည်ဆမ်းခရီးထွက်ဖို့ အစီအစဉ်ကို ရွှေ့ဆိုင်း ထားပြီးတော့ မကြာမီရက်ပိုင်းအတွင်းမှာ ကျရောက်မယ့် ဟယ်ရီရဲ့ ဖခင်၊ မင်းသား ချားလ်စ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ တော်ဝင်အနွယ်တော်တွေ၊ နာမည်ကျော်ကြားသူတွေနဲ့ ရုပ်မြင်သံကြားကို ကြည့်ရှုနေတဲ့ ပရိသတ် သန်းပေါင်းများစွာရဲ့ ရှေ့မှောက်မှာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က လက်ထပ်ပွဲဆင်နွှဲခဲ့ကြပြီးတဲ့နောက် အဲဒီညနေပိုင်းမှာ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

မင်းသား ဟယ်ရီနဲ့ မင်းသမီး Meghan Markle တို့နှစ်ဦးဟာ မင်းသားချားလ်စ်ရဲ့ သက်တော် ၇၀ ပြည့်မွေးနေ့ပွဲကို Sussex မြို့စားနဲ့ မြို့စားကတော်အဖြစ် မတက်ရောက်မီ Kensington နန်းတော်ထဲမှာရှိတဲ့ သူတို့ရဲ့ အိမ်ဆီကို သွားကြဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၀ ရက်၊ တနင်္ဂနွေနေ့မှာတော့ ဘုရင်မကြီးက ဘုရားကျောင်း တက်လာခဲ့ပေမယ့် ပူပူနွေးနွေး တော်ဝင်ဇနီး မောင်နှံကိုတော့ မတွေ့ခဲ့ရပါဘူး။

သူတို့နှစ်ဦး ပျားရည်ဆမ်းခရီးဘယ်ကို သွားကြမယ်ဆိုတာ မသိရသေးသလို တချို့မီဒီယာတွေကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ သူတို့နှစ်ဦး သွားရောက်ခဲ့ကြတဲ့ ဆာဖာရီ Camp ရှိရာ Botswana ကို သွားရောက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စေ့စပ်လက်ထပ်ထဲက စိန်ကိုလည်း ကမ္ဘာ့အကြီးဆုံး စိန်ထုတ်လုပ်ရာ Botswana ကနေ မင်းသားဟယ်ရီက ရယူ လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်ထီးနန်းမွေကို ဆက်ခံမယ့်နေရာမှာ အဆင့် ၆ မှာ ရှိတဲ့ အသက် ၃၃ နှစ်အရွယ် မင်းသားဟယ်ရီနဲ့ အသက် ၃၆ နှစ်အရွယ် အမေရိကန်ရုပ်ရှင်မင်းသမီး Meghan တို့ဟာ အရင်တုန်းက မြင်ဖူးတွေ့ဖူးတဲ့ တော်ဝင်မိသားစုနဲ့ မတူပါဘူး။

အမေရိကန် Episcopalian ဘုန်းတော်ကြီး Michael Bruce Curry ရဲ့ ပြောကြားချက်ကို ကိုးကားပြီး “ဟယ်ရီနဲ့ Meg တို့ဟာ ထီးနန်းအတွက် သမိုင်းဝင် အပြောင်းအလဲတခုဖြစ်ပါတယ်၊ အဲဒါဟာ အချစ်ရဲ့စွမ်းအားတွေပဲ ဖြစ်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။ သူတို့ဟာ ညစာစားပွဲ ပါတီအတွင်းမှာ Meghan ဟာ ဝမ်းမြောက်စကားပြောကြားခဲ့ဖွယ်ရှိပြီး သူတို့နှစ်ဦး ရဲ့ပထမဆုံး စုံတွဲအကကို ဆင်နွှဲခဲ့ပုံရပါတယ်။

Ref: Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading