Entertainment

သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ ပန်းရောင်ခြယ်

Want create site? Find Free WordPress Themes and plugins.

ချစ်စရာမျက်နှာလေးနဲ့ တီဗီကြော်ငြာတွေမှာ တွေ့မြင်နေရတဲ့ တေးသံရှင်ဂရေဟမ်ရဲ့ သမီးဖြစ်သူ အဆိုတော် ပန်းရောင်ခြယ်ကတော့ ရုပ်ရှင်ရိုက်ပြီး သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

“ပန်းရောင်က ကြော်ငြာလေးတွေရိုက်ဖြစ်တယ်။ ပန်းရောင်ရဲ့သီချင်း Music Video တွေမှာ သရုပ်ဆောင်ဖြစ်တယ်။ အဲဒီလောက်ပါပဲ။ ရုပ်ရှင်ရိုက်ဖို့ သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိပါဘူး” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

ပန်းရောင်ခြယ်ကတော့ သူမရဲ့ တကိုယ်တောအခွေအတွက် ပြင်ဆင်နေပြီး မကြာခင်မှာ ပရိသတ်နားဆင် နိုင်တော့ မယ်လို့ ဆိုပါတယ်။

“လတ်တလောကတော့ ပွဲလေးတွေမှာ သီချင်းဆိုဖြစ်တယ်။ ကြော်ငြာလေးတွေရိုက်တယ်။ တကိုယ်တော်အခွေကို နောက် ၂လ ၃လနေရင် အပြီးထွက်နိုင်အောင် ကြိုးစားနေတယ်။ သီချင်းပုံစံကတော့ Pop ၊ R & B ပါမယ် ကလို့ကောင်းမယ့် သီချင်းလေးတွေပါမယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

သူမကတော့ ပညာရေးအနေနဲ့ သြစတြေးလျနိုင်ငံမှာ ဗိသုကာပညာနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တက်နေပြီး လက်ရှိမှာတော့ ကျောင်းကခွင့်ယူကာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်များ လုပ်နေတာဖြစ်ပါတယ်။

“ပန်းရောက်က သြစတြေးလျမှာ Hight School ပြီးသွားတော့ တက္ကသိုလ်တက်နေရင်းတန်းလန်းနဲ့ ခွင့်ယူထားတာ ၂နှစ်ကျော်ရှိနေပြီ။ တနှစ်တခါ ခွင့်တိုးရတယ်။ အခုတော့ခွင့်ရှိသေးတယ်။ အေးဆေးပဲ။ ခွင့်ကုန်သွားရင်တော့ နောက်တခေါက် ထပ်တိုးရမယ်ထင်တယ်။ တိုးကြည့်လို့လက်ခံရင် အလုပ်တွေဆက်လုပ်လို့ရမယ်။ လက်မခံရင်တော့ ကျောင်းပြန်သွားတက်ရမှာပေါ့။ ၆လ ၁နှစ်။ အပြီးတက်ဖို့ကကျတော့ ၄နှစ်ခွဲလောက်တက်ရဦးမှာ” လို့ သူမရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ပန်းရောင်ခြယ်ကတော့ တေးသံရှင်ဂရေဟမ်ရဲ့ သမီးအကြီးဖြစ်ပြီး ဖခင်ဖြစ်သူနဲ့အတူတွဲဖက်သီဆိုထားတဲ့ Wake Up Daddy ဆိုတဲ့ အခွေလေးထွက်ရှိထားကာ ပရိသတ်ရဲ့လက်ခံအားပေးမှုကို ရရှိနေတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading