• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“နာမည်တလုံးကို လွယ်လွယ်ရခဲ့တာ မဟုတ်ပါဘူး” ဆိုတဲ့ နေမျိုးအောင်

by ချစ်ပိုး
23 May 2018
in Entertainment
A A
နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် နေမျိုးအောင် / ချစ်ပိုး / ဧရာဝတီ

နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် နေမျိုးအောင် / ချစ်ပိုး / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် နေမျိုးအောင်က အနုပညာလောကမှာ နှစ်ပေါင်းတော်ကြာကြာ အောင်မြင်စွာ ရပ်တည်ထားနိုင်တဲ့ သရုပ်ဆောင် မင်းသား တဦးပါ။ အဓိက နယ်ပရိသတ်ကြိုက် ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ပြီး သဘာဝကျကျ ဇာတ်ရုပ်များနဲ့ လိုက်ဖက်တယ်လို့လည်း ပရိသတ်က လက်ခံထားကြပါတယ်။

သရုပ်ဆောင် နေမျိုးအောင်ရဲ့ ဖြတ်သန်းလာတဲ့ အနုပညာ လမ်းခရီး၊ လက်ရှိ ရုပ်ရှင်လောကပေါ်အမြင်နဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းများ အကြောင်းကို ဧရာဝတီ အနုပညာ သတင်းထောက် ချစ်ပိုးက နေမျိုးအောင်နဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.3k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
415
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

မေး။ ။ ကိုနေမျိုးအောင် အခု လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။ ။ ကျနော် အခု လတ်တလောတော့ “25%” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ကိုသားညီနဲ့ ရိုက်နေပါတယ်။ ပြီးရင် ဗီဒီယို ဇာတ်လမ်းတခု ဝင်မယ်။ ကျနော် “25%” ကား နဲ့ ဗီဒီယိုကို ခွရိုက်မယ်။ နည်းနည်းတော့ ပင်ပန်းမှာပေါ့။ ၆ လပိုင်းမှာ ဒါရိုက်တာ ကိုစတီးလ်(ဒွေးမေတ္တာ) နဲ့ မေမြို့မှာ၂ကားရိုက်ပါမယ်။ ကျနော် ၉လပိုင်းထိ ကားကြီးတွေ ရိုက်ဖို့ရှိပါတယ်။

မေး။ ။ ကိုနေမျိုးအောင်ကို နယ်ဘက် ပရိသတ်တွေက ပိုအားပေးကြတဲ့အပေါ် ဘာများ ပြောချင်လဲ။

ဖြေ။ ။ နယ်ကြိုက် မြို့ကြိုက်ရယ်လို့တော့ ကျနော် ခွဲခြားပြီး မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်လည်း ကားတွေ အများကြီး ရိုက်ခဲ့ပါတယ်။ နေမျိုးအောင်ဆိုတဲ့ နာမည်တလုံးကို အခုလက်ရှိထိ အားပေးနေတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကော အခြားနိုင်ငံမှာသွားပြီး အလုပ်လုပ်နေတဲ့ ပရိသတ်တွေ ရှိပါတယ်။ ကျနော်ရောက်တဲ့ အသက်အရွယ်နဲ့ ကိုက်တဲ့ ဇာတ်လမ်းမျိုးတွေ ရှာပြီးတော့ ရိုက်ပါ့မယ်။၂၀၁၈၊၂၀၁၉ ခုနှစ်မှာလည်း ကျနော် ကားကြီးတွေ ရိုက်ထားပါတယ်။ ပရိသတ်တွေက အားပေးကြပါဦး။

မေး။ ။ ကိုနေမျိုးအောင် အနုပညာသက်တမ်း၂၁ နှစ် အတွင်းမှာ ကြုံတွေ့ခဲ့တဲ့ ၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့က လွယ်လွယ်လေးနဲ့ မင်းသားတလက် ဖြစ်လာခဲ့တဲ့ထဲမှာ “နေမျိုးအောင်” မပါဘူး။ အရင်တည်းက အောင်မြင်ထားတဲ့သူတွေရော အခုလက်ရှိ အောင်မြင်နေတဲ့ သူတွေရော၊ ကျနော်မှ မဟုတ်ပါဘူး။ သရုပ်ဆောင် တော်တော် များများက အောက်ခြေကနေ လာတာ များပါတယ်။ ကျနော်တို့ နိုင်ငံမှ မဟုတ်ပါဘူး၊ အခြားနိုင်ငံတွေက လူတွေ စီးပွားရေးကနေပဲ ကြည့်မလား၊ အဘက်ဘက်ကနေ ကြည့်လိုက်ပါ။ အောင်မြင်ဖို့အတွက် အောက်ခြေကနေ ပေးဆပ်ခဲ့ရတဲ့ သူတွေချည်းပဲ။
လွယ်လွယ်လေးလေးနဲ့ အောင်မြင်ဖို့ဆိုတာ မရပါဘူး။ ကျနော်တို့ဆိုရင်လည်း အရမ်းကို ကြမ်းတမ်းခဲ့တယ်။ “နေမျိုးအောင်” ဆိုတဲ့ ဒီနေရာနဲ့ နာမည် တလုံးမျိုး ရဖို့ အရမ်းကြမ်းတမ်းခဲ့တယ်။ အဲဒီ အကြောင်းတွေကို ပြန်ပြော ပြရင်တော့ အရှည်ကြီးပါပဲ။

မေး။ ။ ဗီဒီယို ဇာတ်ကားတွေ နည်းပြီးတော့ ဇာတ်လမ်းတွဲတွေ၊ TV Channel လိုင်းတွေ အများကြီး ပေါ်ထွက်လာတယ်။ အဲ့အတွက် ပရိသတ်က ဗီဒီယိုကားတွေ သိပ်မကြည့်ဖြစ်ကြတော့ဘူး။ ဒီအပေါ် ကိုနေမျိုးအောင်ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ အနုပညာကတော့ ဆုတ်ယုတ် မသွားပါဘူး။ ကျနော်တို့ ဗီဒီယိုလောက ပျက်တာ မှန်တယ်။ ဇာတ်လမ်းတွဲတွေနဲ့ Channel လိုင်းတွေ အများကြီး တိုးတက်လာတာ မှန်တယ်။ Channel လိုင်းတွေ ဇာတ်လမ်းတွဲတွေ နိုင်ငံအသီးသီး မှာလည်း ရှိပါတယ်။ ဒါပေမယ့် အနုပညာတော့ ဆုံးရှုံး မသွားပါဘူး။ ဒါပေမယ့် ဗီဒီယိုလောကတော့ ပျက်သွားတယ်။ အနုပညာတော့ ဆုံးရှုံးမသွားဘူးဆိုတာ နေမျိုးအောင်ကိုကြိုက်တဲ့ ပရိသတ်ကတော့ နေမျိုးအောင်ကား Channel က လာရင် ကြည့်တယ်။ ပရိသတ်က သူတို့ကြိုက်တဲ့ မင်းသား လာမယ့်ကားဆိုရင် သူတို့ကကြည့်ဖို့ စောင့်နေကြမှာပဲ။
ကျနော်တို့ရဲ့ အနုပညာက ဆုတ်ယုတ် မသွားပါဘူး။ ဒါပေမယ့် ဗီဒီယိုလောကတော့ ပျက်သွားတယ်။ တိုးတက်လာတယ် ပြောလို့ ရတယ်။ ဆုတ်ယုတ်သွားတယ်လို့လည်း ပြောလို့ရတယ်။ ဒါကတော့ ၅၀ ၊ ၅၀ ပါပဲ။ ဗီဒီယို လောက ဆုံးရှုံး ရပေမယ့် ရုပ်ရှင်မှာ အရမ်းတိုးတက်သွားတယ်။ အောင်မြင်သွားတယ်။ ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ကြရတယ်။ အနုပညာကတော့ မဆုတ်ယုတ်ပါဘူး၊ အမြဲတမ်း ရှင်သန်နေမှာပါ။

မေး။ ။ ကိုနေမျိုးအောင်က စီးပွားရေး လုပ်ကိုင်နေတယ်လို့ သိရတယ်။ ဘာတွေ လုပ်တာလဲ။

ဖြေ။ ။ ကျနော် ပုပ္ပားမြို့မှာ “နေမင်းသား ဟိုတယ်”ရှိပါတယ်။ နဂါးမောက်လည်း စိုက်ပါတယ်။

မေး။ ။ စီးပွားရေး လုပ်ငန်းတွေ အများကြီးရှိတဲ့ အထဲကမှ ဒီလုပ်ငန်း လုပ်ကိုင်ဖြစ်တာ ဘာကြောင့်လဲ။

ဖြေ။ ။ ကျနော်တို့ အနုပညာသမားတွေ ဆိုတာ တဖက်စီးပွားရေး လုပ်ငန်းလေးတခု ကျားကန်ထားဖို့ အရေးကြီးပါတယ်။ အနုပညာသမားတွေက ဒီတိုင်းအမြဲတမ်း ပုံသေ ကားချပ်တိုင်း ရပ်တည်သွားလို့ မရပါဘူး။ အောင်မြင်မှု ရှိသလို ကျရံှူးဖို့လည်း ရှိပါတယ်။ အောင်မြင်တဲ့အချိန်မှာ မသိသာသေးပေမယ့် ကျရှုံးတဲ့အချိန်မှာ အထိနာမှာစိုးလို့ ကျနော်က ကြိုတင် ပြင်ဆင်ထားတာပါ။ သုံးသင့်တဲ့ နေရာမှာ သုံးပါ၊ မဖြုံးပါနဲ့။ ကျနော် “နေမင်းသား” ဟိုတယ်ကို တည်ထောင်ထားတယ်ဆိုတာ ကျနော်ရဲ့ အနုပညာကြေး သန့်သန့်ရှင်းရှင်းနဲ့ တည်ထောင်ထားတာပါ။ ပုပ္ပါးဘက်မှာ ကားရိုက်တယ်။ ပုပ္ပါးက ကျနော်ရဲ့ အောင်မြေလို့ ပြောလို့ရတယ်။ ကားရိုက်ရင်းနဲ့ ခြံလေးတကွက် လိုချင်တယ်ဆိုလို့ ခြံရှာပြီး ဝယ်လိုက်တယ်။ ဝယ်လိုက်ပြီး ကျနော်ကားလာရိုက်ရင် နားနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်လိုက်တာ၊ ဆောက်ရင်းနဲ့ ကားရိုက်လိုက် အနုပညာကြေးလေးနဲ့ ဆောက်ထားတဲ့ ဟိုတယ်ပါ။ အိမ်ဆောက်ရင်းကနေ “နေမင်းသား” ဟိုတယ် ဖြစ်လာတယ်။ အသီးတွေပါ စိုက်လာတာပေါ့။

မေး။ ။ အခုခေတ် အနုပညာရှင်လေးတွေ အများကြီးပေါ်ပေါက်လာတဲ့ အပေါ် ကိုနေမျိုးအောင်က ဘယ်လိုမြင်လဲ။

ဖြေ၊ ။ မျိုးဆက်သစ်ဆိုတာ လိုအပ်ပါတယ်။ နေရာဆိုတာ ဖယ်ပေးရစမြဲပဲလေ၊ ဖယ်ပေးမယ်။ ကျနော်ကလည်း ဒီလောကထဲက ပျောက်မသွားဘူး။ သူတို့အတွက် ကျနော် ဘာတွေဖြည့်ဆည်း ပေးရမလဲ။ ဇာတ်ကားအနေနဲ့ ဘာတွေ ပံ့ပိုးပေးရမလဲ၊ မျိုးဆက်သစ်ဆိုတာလည်း လိုအပ်ပါတယ်။ မင်းသားတွေ မင်းသမီးတွေ အများကြီး ထွက်စေချင်တယ်။ အောင်မြင်စေချင်တယ်။ မြန်မာ့ရုပ်ရှင် ဈေးကွက်ကြီးလည်း အောင်အောင်မြင်မြင်နဲ့ဆိုရင် ကျနော်တို့ ရုပ်ရှင်လောကကြီး ပျောက်ကွယ်သွားဖို့ မရှိပါဘူး။

မေး။ ။ ကိုနေမျိုးအောင်ကို အားပေးတဲ့ ပရိသတ်တွေအတွက်လည်း အမှတ်တရ စကားလေး ပြောပေးပါဦး။

ကျနော်ကတော့ ကျနော့် အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကို ရိုက်ကူး နေဦးမှာပါပဲ။ အားပေးကြပါဦး။

ဆက်စပ်ဖတ်ရှုရန်  – “တဘက် တထည်ရှိရင် ဇာတ်ကားတကား ရိုက်လို့ရတယ်” ဆိုတဲ့ သရုပ်ဆောင် နေမျိုးအောင်

Your Thoughts …
Tags: နေမျိုးအောင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် နေမျိုးအောင်နှင့် ဇနီး  / ချစ်ပိုး / ဧရာဝတီ

“ဗီဒီယိုခေတ် ပျက်တာဟာ မင်းသားသစ် ထပ်ပေါ်ဖို့ ခဲယဉ်းတယ်”လို့ နေမျိုးအောင် ပြော

by ချစ်ပိုး
10 June 2019
18.1k

“ကျနော်တို့ဆီမှာ ဗီဒီယိုကနေ စခဲ့တဲ့သူ တော်တော်များပါတယ်။ ကျနော်လည်း သရုပ်ဆောင် မင်းသားတယောက် ဖြစ်ဖို့အတွက် ဗီဒီယိုကနေ စခဲ့ရတာ။

သရုပ်ဆောင် နေမျိုးအောင်တို့ သားအဖ  / နေပိုင် / ဧရာဝတီ

“သားတွေ အနုပညာ ဝါသနာပါရင် ပံ့ပိုးဖို့ အဆင်သင့်ပဲ”လို့ နေမျိုးအောင် ပြော

by ချစ်ပိုး
15 March 2020
5.2k

“သားငယ်နဲ့ ဗီဒီယို တွဲရိုက်ထားတာ ၂ ကားလောက် ရှိတယ်။ ရုပ်ရှင်ကားကြီးကတော့ ပထမဆုံးပေါ့။ သားသားက "ငါ၏အမိန့်" ဇာတ်ကားမှာ ထွန်းထွန်း ငယ်ဘဝ ရိုက်ထားတာ။

သရုပ်ဆောင် နေမျိုးအောင်  / ချစ်ပိုး / ဧရာဝတီ

“သားများကို ရှေ့ကနေ မှန်တယ်၊ မှားတယ် လမ်းပြပေးမယ်” ဆိုတဲ့ နေမျိုးအောင်

by ချစ်ပိုး
17 June 2018
4.3k

"ကျနေ်ာတို့ မိသားစုလေးက ပျော်စရာလေးပါ။ တကယ်ကို ပျော်စရာကောင်းတယ်။ ကျနော် ကားရိုက်ရှိရင် ရိုက်တယ်။ မရှိတာနဲ့ မိသားစုကို ကျနော် အချိန်ပေးတယ်။

Next Post
A Quiet Place ရုပ်ရှင်

တရုတ်နိုင်ငံမှာ ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော်သွားခဲ့တဲ့ “A Quiet Place’” ရုပ်ရှင်

Fujifilm Myanmar ရဲ့ Brand Ambassador ခန့်အပ်ခြင်း အခမ်းအနား  / ယုဖြူဟန် / ဧရာဝတီ

Fujifilm Myanmar မှ မိုရီဆာကီဝင်းကို Brand Ambassador အဖြစ် ခန့်အပ်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

15 hours ago
3.6k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate