• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာသီချင်း ဆိုဖို့အတွက် မြန်မာစာကို လေ့လာနေတယ်ဆိုတဲ့ “အဝင်း”

by ယုဖြူဟန်
23 May 2018
in Entertainment
A A
အဝင်း (ခေါ်) မိုရီဆာကီဝင်း   / ငြိမ်းဇော် / ဧရာဝတီ

အဝင်း (ခေါ်) မိုရီဆာကီဝင်း / ငြိမ်းဇော် / ဧရာဝတီ

10.4k
VIEWS
Share on FacebookShare on Twitter

“အဝင်း”လို့ မြန်မာပရိသတ်က ချစ်ခင်အားပေးကြတဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းက  မြန်မာဘာသာနဲ့ သီချင်းများကို ကိုယ်တိုင်ရေးစပ် သီဆိုချင်တဲ့အတွက်  မြန်မာစာသားကို ရေးစပ်ရန် မြန်မာစာ လေ့လာနေတယ်လို့ ဆိုပါတယ်။

“မြန်မာသီချင်း ဆိုဖို့ အစီအစဉ် ရှိတာပေါ့။ ကျနော်က သီချင်းလည်း ကိုယ့်ဘာသာ စပ်တယ်ဆိုတော့ အခုက မြန်မာစာသားကို ရေးဖို့အတွက် လေ့လာစရာတွေ အများကြီး၊ စာတွေ ပြန်ကျက်ရမှာ ရှိသေးတော့ စာကျက်ရင်းနဲ့ တကြောင်း နှစ်ကြောင်း ရေးကြည့်နေတယ်။ ပထမဆုံး ကျနော် သီဆိုချင်တာကတော့ ကျနော့်ကို အားပေးနေတဲ့သူတွေ အတွက် ကျေးဇူးတင်တဲ့ သီချင်းလေးကို စပ်ချင်တယ်လို့ စိတ်ကူးထားပါတယ်”လို့ အဝင်းက ပြောပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
547
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
387
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
423

မကြာသေးမီ အချိန်ကလည်း ဟောလိဝုဒ် ဒါရိုက်တာ Steven Spielberg  ရိုက်ကူးထားတဲ့ “Ready Player One” ရုပ်ရှင်မှာ ဟောလိဝုဒ် သရုပ်ဆောင်တွေနဲ့အတူ အဝင်းက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

“Ready Player One” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ သူ့ရဲ့အတွေ့အကြုံကို မေးကြည့်တဲ့အခါ “ဒါရိုက်တာ Steven Spielberg က တကယ့် Legend ပေါ့ ။ ကျနော့်ဘက်က ကြည့်မယ်ဆိုရင် အလွယ်တကူ စကားပြောခွင့် ရတာတောင် ကျေးဇူးတင်ရမယ်။ အရမ်းကြီးမားတဲ့ အတွေ့အကြုံတခုကို ရခဲ့တယ်။ ရိုက်ကွင်းမှာဆိုရင် သူက Steven Spielberg အနေနဲ့ မဟုတ်ဘဲ ကျနော်တို့ လူငယ်တွေနဲ့ အိုက်တင်လုပ်နေတဲ့ မင်းသား၊ မင်းသမီးတွေကို စိတ်ဓာတ် တက်ကြွနေအောင် မြှင့်တင်ပေးပြီး ပါဝါတွေ အရမ်းပေးတယ်လို့ ခံစားရပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Ready Player One” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၉ ရက်နေ့က ဟောလိဝုဒ်မှာ ပြသခဲ့ပြီး မြန်မာနိုင်ငံမှာတော့ မတ်လ ၂၀ ရက်နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကား အတွက် ၂၀၁၅ ခုနှစ်မှာ အဝင်းက Audition ဝင်ခဲ့ပြီး ၄ လခန့် စောင့်ဆိုင်းခဲ့ရကာ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံသို့ ၄ လ ကြာသွားရောက် ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

မိုရီဆာကီဝင်း(ခေါ်) အဝင်းကို မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားပြီး အသက် ၁၀ နှစ်မှာ ဂျပန်နိုင်ငံကို မိဘများနဲ့အတူ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာတော့ အနုပညာနယ်ပယ်ကို ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ “Prizmax Boy Band” ကို ဝင်ရောက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ “Sherry” ဇာတ်ကားနဲ့ ပွဲထုတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံမှ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကား “ဇာတိမြေ” ရုပ်ရှင်မှာ မင်းသား အောင်ရဲလင်း၊ မင်းသမီး ဝတ်မှုန်ရွှေရည် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး

Your Thoughts …
Tags: မိုရီဆာကီဝင်းအဝင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

မိုရီဆာကီဝင်းနဲ့ နေခြည်ဦး  / ချစ်ပိုး / ဧရာဝတီ

“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း

by ချစ်ပိုး
15 August 2019
6.6k

“ အရင်ကတည်းက သရုပ်ဆောင်လုပ်ရတာ အရမ်းကြိုက်ပေမယ့် ဂျပန်မှာလည်း အနုပညာတွေ လုပ်နေတော့ အချိန်တွေ အပြည့်ဖြစ်နေတာ။

မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

by မစ်ကီ
29 March 2018
9k

ဒီရုပ်ရှင်ကို ဝေဖန်ရေး ဆရာတွေက အကောင်းမြင်ဘက်ကနေ ဝေဖန်သုံးသပ် ထားပြီးတော့ အထူး ပြုလုပ်ချက်၊ တင်ဆက်မှု တို့ကိုလည်း ချီးကျူးပြောဆို ထားပါတယ်။ ဒါပေမယ့် ဇာတ်ကောင်အကြောင်း သရုပ်ဖော်တဲ့ နေရာမှာ

အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်း  / Win Morisaki's Facebook

ဂျပန်မှာ မိသားစုနဲ့ မတွေ့ရဘဲ တယောက်တည်း နေနေရတဲ့ မိုရီဆာကီဝင်း

by ယုဖြူဟန်
22 April 2020
6.6k

ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ တခြားသူတွေလည်း တွေ့လို့ မရတဲ့ အခြေအနေတွေ ရှိတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

အဆိုတော် ၊ သရုပ်ဆောင် မိုရီဆာကီဝင်း / Win Morisaki's Facebook

ဂျပန်မှာ ရိုက်ကူးရေးတွေ လုပ်ရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေတဲ့ မိုရီဆာကီဝင်း

by ယုဖြူဟန်
17 September 2020
6.8k

“ကျနော် အခု ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီးတော့ TV Show တွေမှာ ပါဝင်ပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။

ဟာသ သရုပ်ဆောင် အရိုင်း  / ဧရာဝတီ

မိုရီဆာကီဝင်းအပေါ် အမြင်ကို ပြောပြတဲ့ သရုပ်ဆောင် အရိုင်း

by ယုဖြူဟန်
8 September 2019
8.4k

“အဝင်းဆိုတာ ဂျပန်နိုင်ငံမှာ ကြီးပြင်းတဲ့ မြန်မာနိုင်ငံပေါက် လူငယ်တယောက် ဖြစ်တယ်။ ဒီနိုင်ငံမှာ ကြီးပြင်းတာနဲ့ ဟိုနိုင်ငံမှာ ကြီးပြင်းတာ သူ့ရဲ့ စိတ်ကိုက ကွာသွားတာပေါ့”

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

မိုရီဆာကီဝင်းနဲ့ သရုပ်ဆောင်တာ တကယ့် သမီးရည်းစားတွေလို ခံစားရတဲ့ နေခြည်ဦး

by ယုဖြူဟန်
27 December 2019
6.7k

နေခြည်တို့ Body Language လုပ်တာလေးတွေ လက်လေးတွေ ကိုင်တာလေးတွေက တကယ့် သမီးရည်းစားလို နေခြည် ကိုယ်တိုင်လည်း ခံစားရတယ်”

Next Post
ဆေးရုံမှာ ဦးဝင်းနိုင်(အနုပညာ) သွားရောက် လှူဒါန်းခဲ့တဲ့ “အင်ပါယာ”လူရွှင်တော်အဖွဲ့  / U Kaung Kyaw’s Facebook

ဆေးရုံမှာ ၂ ပတ်နီးပါး ဆေးကုသမှု ခံယူရဦးမယ့် သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)

“A Quiet Place” ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်း တခန်း

အသံ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်ရှုဖို့ အကြံပြုချင်တဲ့ “A Quiet Place” ရုပ်ရှင်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate