ဂီတသင်ခန်းစာအတွက် ဆရာတွေ သုံးတဲ့ Recorder အကြောင်း
၂၀၁၈ ခုနှစ် Grade – 2 မူလတန်းသင်ရိုးသစ် မိတ်ဆက်သင်တန်းမှာ အသုံးပြုကြတဲ့ အရာကို “ပုလွေ” လို့ လွယ်လွယ် ခေါ်နေကြပါတယ်။ အဲဒီအရာကို အမှန်တကယ်ခေါ်တာက Recorder ဖြစ်ပြီး ပုလွေ အုပ်စုဝင်ထဲက တမျိုးဖြစ်ပါတယ်။
သမိုင်းတွေ အရ Recorder ဟာ ၂၀ ရာစု ကတည်းက စတင်ပေါ်ပေါက်ခဲတာ ဖြစ်ပြီး ယနေ့အချိန်မှာတော့ အခြေခံ ဂီတသင်ကြားဖို့ အတွက် တန်ဖိုးနည်း တူရိယာတမျိုးအဖြစ် ရပ်တည်နေပါတယ်။ နိုင်ငံတော်တော်များများက အခြေခံပညာ ကျောင်းတွေက ဂီတအခြေခံ သင်တန်းများမှာ စတင် အသုံးပြုပြီး အခုဆိုရင် မြန်မာနိုင်ငံက International ကျောင်းတွေ ၊ အချို့ ကိုယ်ပိုင်ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေမှာ အရင်ကတည်းက အခြေခံ ဂီတ သင်ခန်းစာ အဖြစ် သင်ကြား ပေးလာပါပြီ။ အစိုးရ ကျောင်းတွေမှာလည်း သင်ကြားဖို့ ဆရာတွေ သင်တန်းတက်နေရပါပြီ။
တခု ဂရုပြုသင့်တာက ဒီ Recorder တွေမှာ ပလတ်စတစ်သား အညံ့စားကို အသုံးပြုထားမယ်ဆိုရင် pitch မမှန်တာ များပါတယ်။ အသက် ၄ နှစ်ကနေ ၇နှစ်ကြားမှာ ရှိတဲ့ ကလေးငယ်တွေဟာ pitch တွေကို အကောင်းဆုံး မှတ်သားနိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Recorder တွေက အသံထွက် အတိအကျမှန်ဖို့ အရေးကြီးပါတယ်။
ပလတ်စတစ်အသား မကောင်းတာတွေ အသုံးပြုလို့ pitch မမှန်ဘူးဆိုရင် ကလေးငယ်တွေ ရဲ့ ဂီတအပေါ် မှတ်သားတဲ့ အကြားအာရုံတွေ ချို့ယွင်းသွားနိုင်ပါတယ်။ ဒီတူရိယာဟာ ပါးစပ်နဲ့ မှုတ်ရတဲ့ တူရိယာ ဖြစ်တဲ့ အတွက် တယောက်တခုပဲ အသုံးပြုသင့်ပါတယ်။
ဒါ့အပြင် Recorder မှာ အသုံးပြုထားတဲ့ ပလတ်စတစ်က အရည်အသွေး မမှီရင် ကင်ဆာရောဂါ အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကတော့ စာသင်ကျောင်းတွေမှာ ဂီတသင်ခန်းစာအတွက် ဆရာ၊ ဆရာမတွေ သုံးတဲ့ Recorder အကြောင်း ဗဟုသုတအနေနဲ့ ရေးသား ဖော်ပြပေးတာ ဖြစ်ပါတယ်။
Ref ; Yamaha Myanmar