Entertainment

“ဇာတ်လမ်းတွဲ ရိုက်ရတာ ပိုအားသန်နေတယ်” ဆိုတဲ့ အလှမယ် မေဘရဏီသော်

Want create site? Find Free WordPress Themes and plugins.

အလှမယ် တယောက်အနေနဲ့ ပရိသတ်က သိရှိခဲ့ပြီး အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ အလှမယ် မေဘရဏီသော်က သရုပ်ဆောင် တယောက်အနေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီး ရုပ်ရှင်ကားကြီးထက် ဇာတ်လမ်းတွဲရိုက်ရတာကို ပိုအားသန်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရုပ်ရှင်ကားကြီးကတော့ ပြောတာတော့ ပြောကြတယ်။ ညီမအနေနဲ့ကတော့ ဇာတ်လမ်းတွဲကို ပိုအား သန်တယ်။ ဘယ်အရာမဆို အာရုံစိုက်ပြီး လုပ်ချင်တယ်။ ကိုယ်ရထားတဲ့ ကာရိုက်တာကို စိတ်နှစ်ပြီး လုပ်ချင်တဲ့ အတွက်ပေါ့” လို့ မေဘရဏီသော်က ပြောပါတယ်။

လက်ရှိမှာတော့ “ဇနီးချောများကွန်ရက်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ ကလေးဆန်ပြီး ဂျစ်တိုက်တတ်တဲ့ အိမ်ထောင်ရှင်မ အမရာမောင်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အလှမယ်တယောက်အနေနဲ့ သရုပ်ဆောင်လုပ်တဲ့အပေါ် အတွေ့အကြုံနဲ့ ပတ်သတ်ပြီးတော့လည်း အခုလို ဆိုပါတယ်။ “အတွေ့အကြုံတွေကတော့ အများကြီးပေါ့။ ပထမကား ပန်းနှစ်ပွင့်စီးချင်းထဲမှာတော့ ရှေ့နေ ကာရိုက်တာပေါ့။ ကိုယ့်ကာရိုက်တာနဲ့က သိပ်မကွာဘူးပေါ့။ ရှေ့နေတယောက် ဖြစ်တဲ့အတွက် ထက်မြက်တဲ့ ပုံစံ၊ ရင့်ကျက်တဲ့ပုံစံ ၊ အေးတဲ့ပုံစံ ရှိရမယ်ပေါ့။ ကိုယ့်ရဲ့နဂိုပုံစံကလည်း အေးတယ်ဆိုတော့ အဆင်ပြေတယ်”

“အခု ဒီကားထဲမှာကျတော့ ကလေးဆန်တဲ့ အိမ်ထောင်ရှင်မ တယောက်ပေါ့။ ဂျစ်တိုက်တတ်တယ်။ နွဲ့ဆိုးဆိုးတတ်တဲ့ ကလေးပုံစံလေးပေါ့။ ကိုယ့်အတွက်တော့ Pressure လည်းများတယ်။ ကာရိုက်တာကလည်း ပြောင်းပြန် ဖြစ်နေတဲ့ အတွက်ပေါ့။ အများကြီးတော့ ကြိုးစားထားပါတယ်”လို့ မေဘရဏီသော်က ပြောပါတယ်။

သူမရဲ့ ပထမဦးဆုံးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ “ပန်းနှစ်ပွင့်ရဲ့စီးချင်း” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာတော့ ထက်မြက်ပြီး ရင့်ကျက်တဲ့ ရှေ့နေတယောက်အနေနဲ့ သရုပ်ဆောင်ရတာဟာ အပြင်ကပုံစံနှင့် ကွာဟမှု သိပ်မရှိဘဲ အခု လက်ရှိ ရိုက်နေတဲ့ “ဇနီးချောများကွန်ရက်” ရုပ်သံဇာတ်လမ်းတွဲနဲ့ ကာရိုက်တာချင်း မတူတဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“ပထမတုန်းက ရှေ့နေကာရိုက်တာက ဒိုင်ယာလော့တွေ အများကြီးပြောရတယ်။ ကိုယ်တိုင်ကလည်း အတွေ့အကြုံ မရှိခဲ့ဖူးဘူး ဆိုတော့ အဖက်ဖက်က အခက်အခဲတွေက များတယ်ပေါ့။ ဒါပေမယ့်လည်း ကြိုးစားပြီးတော့ လုပ်ခဲ့တယ်။ အကုန်လုံးက သင်ပေးကြတယ်။ အခုနောက်ပိုင်းမှာတော့ အရှေ့ကထက်တော့ အဆင်ပြေလာတယ်။ ကာရိုက်တာက မတူတဲ့အတွက် နည်းနည်းလေးတော့ အခက်အခဲရှိပါတယ်” လို့ မေဘရဏီသော်က ပြောပါတယ်။

မေဘရဏီသော်ကတော့ ၂၀၁၅ ခုနှစ် Miss Universe Myanmar အဖြစ် ရွေးချယ်ခံထားရတဲ့ အလှမယ်တယောက် ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading