Entertainment

“လက်ခံပြီးသား ဇာတ်ရုပ်ကို ဘာကြောင့် မရိုက်ဖြစ်လဲ” ပြောပြလာတဲ့ အောင်မြင့်မြတ်

Want create site? Find Free WordPress Themes and plugins.

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ သိန်းစိုးနေရာက သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ လက်ခံ အားပေးမှု တခဲနက် ရရှိခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်က မကြာသေးခင်က ရုပ်ရှင်ဇာတ်ကားကြီး တကား ရိုက်ရန် ကမ်းလှမ်းခံခဲ့ရပြီး ကမ်းလှမ်းထားခဲ့စဉ်က ဇာတ်ရုပ်ကို ပြန်လည် ပြောင်းလဲခဲ့တာကြောင့် မရိုက်ဖြစ်တော့ဘဲ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“ဘယ်လိုခံစားရလဲဆိုရင် အစကတော့ နည်းနည်းတော့ တင်းတာပေါ့နော်။ သူတို့ဘက်ကလည်း တောင်းပန်ပါတယ်။ တာဝန်ရှိတဲ့သူကလည်း ပြန်ပြောတဲ့အတွက် အဆင်ပြေသွားပါတယ်။ ပထမတုန်းကတော့ ကျနော်နဲ့မှ အဆင်ပြေမယ် ဆိုပြီးတော့ ကမ်းလှမ်းတယ်။ အကြောင်းအမျိုးမျိုးကြောင့် ငြင်းလိုက်တယ်”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

ဆက်လက်ပြီး အောင်မြင့်မြတ်က “နောက်ထပ်လုပ်မယ့် အလုပ်ကို သေချာလေး လုပ်ချင်တဲ့အတွက် ကြာနေတယ်လို့ ပြောလို့ ရတယ်။ ဗီလိန်အနေနဲ့ မြင်တဲ့သူတွေက ဗီလိန်အတွက် ကမ်းလှမ်းတာ ရှိတယ်။ ကာရိုက်တာကွဲပြီး ကမ်းလှမ်း တာမျိုးလည်း ရှိတယ်။ ကာရိုက်တာကွဲတာကို စိတ်ဝင်စားတယ်။ ကျနော်ကတော့ ရွေးချယ်လွန်းလို့ ဖြစ်လည်းဖြစ်ပေါ့လေ။ အဲဒီလုပ်မှ အဆင်ပြေမယ်လို့ ခံယူထားတာကို ရောက်လာမှာပါ။ ကျနော်နဲ့အဆင်ပြေမယ့် ကာရိုက်တာတွေ သူ့ဘာသာ ရောက်လာမှာပါ”လို့ ပြောပါတယ်။

ကမ်းလှမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် တလခန့် အဝတ်အစားကအစ သေချာစဉ်းစားပြီးပြင်ဆင်ခဲ့ကာ ဇာတ်လမ်းတွဲ တခုနဲ့ ရုပ်ရှင်ကားကြီး တခုကိုတောင် မရိုက်ဘဲ အဲဒီကားကြီးအတွက် သေချာအချိန်ပေး စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်ပြောချင်တာက ကျနော်ဇာတ်ကားတွေ အများကြီး ကျနော် လက်ခံလိုက်ရင် ပေးချင်တာနဲ့ ပေးလိုက်တာ မတူတာတွေ ပရိတ်သတ်ဆီ အပြည့်အဝ မရောက်မှာ စိုးတဲ့အတွက် ကျနော်ကိုယ်တိုင် တခြားကားတွေကို မရိုက်ခဲ့တာပါ။ မရိုက်တာကည်း ဇာတ်မကောင်းလို့ မဟုတ်ပါဘူး။ ကျနော်ဟာ ဘာလုပ်လုပ် အဲဒီအလုပ်ပေါ်မှာ Responsibility (တာဝန်) အပြည့်အဝ ယူချင်တဲ့အတွက် ကျနော် သေချာ ပိုင်နိုင်မှ လုပ်ပါတယ်” လို့ အောင်မြင့်မြတ်က ပြောပါတယ်။

သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သူ တဦးပါ။ ဒါပေမယ့် သရုပ်ဆောင် ပီပြင်မှုကြောင့် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့ပြီး အဲဒီ ဇာတ်ပို့နေရာနဲ့ အကယ်ဒမီ ခန့်မှန်းခြင်းကိုပါ ခံထားရတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading