Entertainment

“ချစ်သူရဲ့ ဖောက်ပြန်တဲ့ ဒဏ်ကို မခံနိုင်လို့ လမ်းခွဲလိုက်ပြီ” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

Want create site? Find Free WordPress Themes and plugins.

“သုသု” လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ကတော့ အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ Facebook မှာ ချစ်သူရဲ့ဖောက်ပြန်တဲ့ဒဏ်ကို မခံနိုင်လို့လမ်းခွဲလိုက်ပါပြီလို့ ရေးသား ထားပါတယ်။

“ကိုကြီး အိမ်ပြန်မလာတာ ၄ လ ရှိပါပြီ။ ဖုန်းရော Facebook ရော Block ထားလို့ Message ကနေပဲ စိတ်ဆိုးပြေအောင် ချော့ခဲ့ပါတယ်။ သုသုဘက်က အကြီးမို့ လူသိထားလို့ အရှက် မကွဲချင်လို့ သည်းညည်းခံ စောင့်ခဲ့ပါတယ်။ သူ့ရဲ့ ဖောက်ပြန်တဲ့ ဒဏ်တွေလည်း သုသု မခံနိုင်တော့ပါဘူး။ မနေ့ညက ကိစ္စနဲ့ ပတ်သက်လို့ ခွင့်မလွှတ်နိုင်တော့ပါဘူး။ ကိုကြီးနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ ကျမနဲ့ မသက်ဆိုင်တော့ပါကြောင်း သိစေအပ်ပါသည်။ ကျမ ချစ်ပေမယ့်လည်း ဖောက်ပြန်တဲ့ ဒဏ်မခံနိုင်လို့ လမ်းခွဲလိုက်ပါပြီ” လို့ ညီညီမောင် (စမ်းချောင်း) က သူ့ရဲ့ Facebook မှ တဆင့် ရေးသားပြီး လမ်းခွဲစကား ဆိုခဲ့ပါတယ်။

ညီညီမောင်(စမ်းချောင်း) တို့ ချစ်သူနှစ်ဦးကတော့ ယခင်က အတူတူ နေထိုင်ခဲ့ကြပြီး ချစ်သူဖြစ်သူ Zippy က အိမ်ပြန် မလာတာ ၄ လခန့်ရှိနေပြီး ဖောက်ပြန်ခဲ့တာဖြစ်တဲ့အတွက် လမ်းခွဲ ပြတ်ဆဲခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ညီညီမောင်(စမ်းချောင်း) နဲ့ ချစ်သူက အသက် ၁၁ နှစ်ကျော်ကွာခြားပြီး အရမ်းချစ်ကြတဲ့ စုံတွဲတတွဲလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဖန်ပြွန်သန္ဓေသားယူဖို့အထိ စီစဉ်ခဲ့ကြပါသေးတယ်။ ညီညီမောင်(စမ်းချောင်း)ကတော့ Facebook ပေါ်မှာ ရယ်စရာ ဟာသ ဗီဒီယိုဖိုင်များတင်ပြီး ပရိသတ်ကို ပျော်ရွှင်စေသူ တယောက် ဖြစ်ပါတယ်။

အဆိုပါ ကိစ္စများနဲ့ ပတ်သက်ပြီး ညီညီမောင်(စမ်းချောင်း)ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညီညီမောင် (စမ်းချောင်း)က လတ်တလောမှာ မဖြေချင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ယခင်ကတော့ ညီညီမောင် (စမ်းချောင်း)က အချစ်ရေးနဲ့ ပတ်သက်ပြီး ဝမ်းသာရဦးမယ်လို့လည်း စာနယ်ဇင်းတွေကို ဖြေကြားခဲ့ပါသေးတယ်။

ဆက်စပ်ဖတ်ရှုရန်ဝမ်းသာရတော့မယ့် ညီညီမောင် (စမ်းချောင်း)တို့ အချစ်ရေး

Did you find apk for android? You can find new Free Android Games and apps.
Loading