Entertainment

“မိခင်အတွက် တရားစခန်းဝင်ရင်း ပူလောင်မှုတွေ လျော့သွားတယ်” ဆိုတဲ့ သွန်းဆက်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် သွန်းဆက်က မိခင်ဖြစ်သူ ကျန်းမာရေးအတွက် “အမေများနေ့” က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါး ဆရာတော်ကျောင်းမှာ တရားစခန်း ဝင်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“တရားစခန်းဝင်တာက အဖြူဝမ်းဆက်နဲ့ ၃ ရက်ပဲ ဝင်ဖြစ်တာပါ။ သစ်တံခါးဆရာတော်ကျောင်းမှာပါ။ အဓိကက အမေ့အတွက် ဝင်ဖြစ်တာပါ။ အမေက ကင်ဆာဖြစ်နေတာဆိုတော့ သွန်းဆက်က အမေ့အတွက် အရမ်းစိတ်ပူတယ်။ စိတ်ပူလွန်းလို့ အလုပ်တွေတောင် မလုပ်ဖြစ်ဖူး။ အမေ့နောက်ပဲ အမေက နိုင်ငံခြားပဲ သွားသွားပြနေရတာဆိုတော့လေ။ ဘုရားတရားလေးလုပ်ပေးတော့ အမေပိုပြီး သက်သာတာပေါ့ဆိုတဲ့ စိတ်လေးနဲ့ ဝင်ဖြစ်လိုက်တာပါ။ ပြီးတော့ အမေများနေ့နဲ့လည်း တိုက်ဆိုင်လို့ပါ” လို့ သွန်းဆက်က ဆိုပါတယ်။

တရားစခန်းဝင်ရခြင်းကြောင့် ပြောင်းလဲသွားတဲ့ စိတ်ဓာတ်နဲ့ပတ်သက်ပြီး စိတ်ပိုချမ်းသာလာတယ်လို့ ဆိုပါတယ်။ “အခုဆိုရင် အရင်ကထက် ပူလောင်နေတဲ့စိတ်တွေ လျော့သွားတယ်လို့တောင် ခံစားရပါတယ်” လို့လည်း သွန်းဆက်က ဆိုပါတယ်။

လက်ရှိသွန်းဆက်ရဲ့ အချစ်ရေးကလည်း ဒီနှစ်မှာထူးခြားမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။ “အချစ်ရေးက ဒီနှစ်မှာ ထူးခြားမှု မရှိနိုင်ဘူး။သွန်းဆက် ထင်တယ်။ နောက် ၃၊ ၄ နှစ်တော့ ကြာဦးမယ် ထင်ပါတယ်။ တယောက်နဲ့တယောက် နားလည်မှုရှိဖို့က အရေးကြီးဆုံးပဲ။ သွန်းဆက် ရည်းစားထားခဲ့မယ်ဆိုရင်လည်း ဒါကကောင်လေးတွေ သိအောင် ကြော်ငြာ ဝင်တာပေါ့။ နောက်တာနော်”

“သွန်းဆက်က အရမ်းကြီး ချုပ်ချယ်တဲ့အထဲမှာ မပါဘူး။ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကို သွန်းဆက်ကို နည်းနည်းလေး အသိပေးလိုက်ရင်ရပြီ။ တော်ရုံတန်ရုံ နေရာတွေဆို လွှတ်တယ်။ မသွားရ၊ မလာရ မလုပ်ပါဘူး။ အေးအေးဆေးဆေး၊ တယောက်နဲ့တယောက် နားလည်ပြီး ညှိညှိနှိုင်းနှိုင်းလေးနဲ့ အမြဲသွားချင်တာပါ”လို့ သွန်းဆက်က ဆိုပါတယ်။

အသားအရေ ထိန်းသိမ်းမှု အပိုင်းနဲ့လည်း ပတ်သတ်ပြီးသွန်းဆက်က လက်ရှိမှာ သဘာဝနည်းလမ်းများနဲ့ သာ အသားအရေကို ထိန်းသိမ်းဖြစ်နေပြီး အသားဖြူဆေး ထိုးတာမျိုးတော့ မပြုလုပ်ဘူးလို့ ဆိုပါတယ်။

အလှအပပိုင်းနဲ့ ပတ်သတ်ပြီး “ကိုယ့်ကိုယ်ကိုကတော့ ကြိုက်နေတယ်။ အခုလက်ရှိထိပဲ။ နောက်တာနော်။ မျက်နှာထက် ခန္ဓာကိုယ်ကိုပဲ လှီးထုတ်လို့ရတဲ့ အသားတွေကို လှီးထုတ်ပစ်ချင်တယ်။ မျက်နှာကတော့လေ အမေပေးထားတဲ့ရုပ်ကို အရမ်းကြီးလှတဲ့အထဲ မပါပေမယ့်လည်း ကိုယ့်ကိုယ်ကို သဘောကျပါတယ်”လို့ ပြောပါတယ်။

သွန်းဆက်က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ၂၀ ကားခန့်ရှိနေပြီး ဟာသ ရုပ်ရှင်ကားတွေ အရိုက်များတဲ့ မင်းသမီး တဦး ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading