• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုယ်ပိုင်ရုပ်ရှင် Studio တခုကို မကြာခင်ဖွင့်တော့မယ့် သရုပ်ဆောင်နေတိုး

by မန်းသူ
29 May 2018
in Entertainment
A A
သရုပ်ဆောင် မင်းသား နေတိုး / Nay Toe’s Facebook

သရုပ်ဆောင် မင်းသား နေတိုး / Nay Toe’s Facebook

123.6k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် နေတိုးက ရုပ်ရှင်လောကအတွက် တထောင့်တနေရာကနေ လိုအပ်ချက် ဖြည့်ပေးချင်တဲ့စိတ်နဲ့ ရုပ်ရှင် Studio တခုကို ဒီလကုန်မှာဖွင့်ဖို့ စီစဉ်နေတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“အဓိကတော့ ရုပ်ရှင်ရိုက်တဲ့ နေရာတခုအတွက်ကို လိုအပ်တဲ့ ဖြည့်ဆည်းမှု တခုပေါ့နော်။ ကျနော်တို့်ဆီမှာ ရုပ်ရှင်ရိုက်ဖို့ နေရာရယ်လို့ သတ်သတ်မှတ်မှတ် မရှိခဲ့တာကြာပြီပေါ့။ ဟိုးအရင်တုန်းက ရှိခဲ့တယ်။ ထုတ်လုပ်ရေးတွေက ကိုယ်ပိုင် Studio တွေ လုပ်ခဲ့ကြဖူးတယ်။ ကျနော်လည်း အခု နိုင်သလောက် အကောင်အထည် ဖော်ကြည့်တဲ့ သဘောပါပဲ”လို့နေတိုးက ဆိုပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.5k
မြိတ်မြို့

မြိတ်မြို့

11 May 2025
595
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
260

ဆက်လက်ပြီး နေတိုးက Studio ရဲ့ Service ပိုင်းနဲ့ ပတ်သတ်ပြီး အခုလို ဆိုပါတယ်။ “အရင်ဆုံး Indoor အတွက်ပေါ့။ အဓိကတော့ ရိုက်ကူးရေးမှာ Virtual နဲ့ ပတ်သက်ပြီးတော့ ဦးစားပေးထားတယ်။ နောက်ပြီးတော့ Post Production ပိုင်းတွေ အများကြီး လုပ်လို့ရအောင် စဉ်းစားထားတယ်။ အဓိက ရိုက်ဖို့ခက်ခဲတဲ့ နေရာတွေကို Setting ဆောက်ပြီး ရိုက်လို့ ရအောင် စီစဉ်ထားတယ်” လို့ နေတိုးက ဧရာဝတီကို ပြောပါတယ်။

နောက်ဆုံး ရုံတင်ထားတဲ့ နေတိုးပ ါဝင်သရုပ်ဆောင်ထားတဲ့ “မုန်းလို့ရရင် မုန်းချင်တယ်”ရုပ်ရှင်ကားကလည်း ပရိသတ်ရဲ့ အပြည့်အဝ အားပေးခြင်း ခံခဲ့ရပါတယ်။ ဒီကားမှာ ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး စာရေးဆရာများနဲ့ ထုတ်လုပ်သူများကြား ပြဿနာ ရှိခဲ့ပေမယ့် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တယောက်အနေနဲ့ အမြင်ကိုတော့ အခုလိုဆိုပါတယ်။

“ဇာတ်လမ်းတွေက ကိုယ့်စိတ်ကူးနဲ့ ပေါင်းစပ်ရတာ ရှိတယ်။ အနုပညာသက်တမ်းတလျှောက် ကိုယ့်စိတ်ထဲမှာ စွဲနေတာမျိုး ရှိမယ်။ ဇာတ်လမ်း တည်ဆောက်တဲ့သူတွေ အနေနဲ့ကလည်းပဲ သူတို့ဘဝမှာ ကြည့်ဖူး၊ မြင်ဖူးတဲ့ အကြောင်းအရာတွေကို ဆင့်ပွားပြီး လုပ်တာမျိုးတွေ ရှိနိုင်တဲ့အခါကျတော့ ဒီကားက ပရိသတ် စိတ်ဝင်စားနေတဲ့အတိုင်းပဲ ဘယ်သူဆိုတာကို အတိအကျ ပြောလို့တော့ မရဘူးပေါ့။ အဓိက လူတွေရဲ့ ဖြတ်သန်းမှု အကြောင်းအရာမှာ တူနိုင်မှုရှိတဲ့ အနေအထားမျိုးလို့ ကျနော် ထင်ပါတယ်”လို့နေတိုးက ဖြေပါတယ်။

သရုပ်ဆောင် နေတိုးက လတ်တလောမှာ “တိမ်ခိုမိုး”ဆိုတဲ့ ရုပ်ရှင်ကားကို ရွှေမှုံရတီနဲ့အတူ ရိုက်ကူးနေပြီး နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မင်းမော်ကွန်းတို့နဲ့ အတူ “နှင်းဆီအဖွဲ့သားများ” ရဲ့ ပထမဆုံးကြော်ငြာဖြစ်တဲ့ Beauty Diary ကြော်ငြာကိုလည်း ဒီလထဲမှာပဲ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ရုပ်ရှင် Studioသရုပ်ဆောင် နေတိုး
မန်းသူ

မန်းသူ

Similar Picks:

သရုပ်ဆောင် နေတိုး / နေတိုး ဖေ့စ်ဘုတ်

“မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်သီချင်းသီဆိုထားတဲ့ နေတိုး

by ယုဖြူဟန်
23 April 2018
14.7k

ကြည့်ရှု နေတဲ့ တီဗီအစီအစဉ်ပေါ်ကို အာရုံစိုက်ထားမှုများခြင်းကြောင့် ပုံမှန်စားနေကျ ပမာဏထက် ပိုပြီးစားမိတတ်တာမလို့ ခန္ဓာကိုယ်အလေးချိန်ကို တက်လာစေနိုင်ပါတယ်။

သရုပ်ဆောင် နေတိုး  / ဧရာဝတီ

မွေးရပ်မြေ မာန်အောင်မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် နေတိုး

by ယုဖြူဟန်
25 April 2019
6.7k

“လုပ်ဖြစ်ရင်တော့ ဒီနှစ်ထဲမှာ စဖြစ်မှာပေါ့။ သူငယ်ချင်းတွေစုပြီးတော့ လုပ်ဖြစ်ဖို့ကတော့ မပြောတတ်သေးဘူး။ ဒေသခံနဲ့ အနုပညာရှင်နဲ့ပဲ ပေါင်းရမှာပေါ့။

သရုပ်ဆောင် နေတိုး / ယုဖြူဟန် / ဧရာဝတီ

“ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်”လို့ နေတိုး ပြော

by ယုဖြူဟန်
17 July 2019
3.5k

ကျနော်တို့လည်း အမြဲတမ်း ကြိုးစားပြီးတော့ပဲ သွားနေကြတယ်။ နောက်ပြီးတော့ ထပ်ခါထပ်ခါ ကာရိုက်တာတွေကို မထပ်အောင် ကြိုးစားနေရတဲ့ သရုပ်ဆောင်တွေ ဖြစ်တဲ့အခါကျတော့

သရုပ်ဆောင် နေတိုး  / ယုဖြူဟန် / ဧရာဝတီ

“ကျနော် အချစ်ရေးကို သို့လောသို့လော ထင်နေတာက ပိုကောင်းပါတယ်”လို့ဆိုတဲ့ နေတိုး

by ယုဖြူဟန်
21 June 2018
12.3k

သူငယ်ချင်းအပေါင်းအသင်းတွေ မင်္ဂလာဆောင်တာတွေ့ရင် အားကျမိတာရှိပြီးတော့ သူ့ကိုတော့ အပေါင်းအသင်း တွေက အချစ်ရေးနဲ့ ပတ်သက်ပြီး စနောက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

Next Post
သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် / ဧရာဝတီ

“ခင်ပွန်းနဲ့အတူ နေထိုင်နေတဲ့ သမီး ဒိန်းပိုပိုဒေါင်ရဲ့ ကိစ္စများကို တာဝန်မယူဘူး” လို့ဆိုတဲ့ ဒိန်းဒေါင်

မေလ ၂၉ ရက် မုန်တိုင်းငယ် အခြေအနေပုံ / ဒေါက်တာ ထွန်းလွင် Facebook

မုန်တိုင်းငယ် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတ်မှတ်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate