Entertainment

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက်အတွက် နှင်းဆီအဖွဲ့သားများ၏ ဆုတောင်းစကားများ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီ သတင်းဌာန၏ ၂၅နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး “နှင်းဆီအငြိမ့်အဖွဲ့သားများ” ဖြစ်ကြသည့် သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း (Examplez) နဲ့ ကျော်ကျော်ဗိုလ်တို့၏ ဆုတောင်း စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

“ဧရာဝတီ သတင်းဌာန ၂၅ နှစ်ပြည့်အတွက် ဝမ်းသာကြည်နူး ဂုဏ်ယူခြင်းများစွာနဲ့ ၂၅ နှစ်ပြည့်တဲ့အချိန်ကစလို့ နောက်နှစ်ပေါင်း များစွာတိုင်အောင် လူထုအကျိုးပြုနိုင်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်” ဟု သရုပ်ဆောင် အကယ်ဒမီ နေတိုးက ဧရာဝတီအတွက် ဆုတောင်းပေးသည်။

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကလည်း “ဧရာဝတီ သတင်းဌာန ၂၅ နှစ်တောင် ပြည့်သွားပြီဆိုတော့ အတွေ့အကြုံတွေက အများကြီး ရှိသွားပြီ။ အခုချိန်ထိလည်း အောင်မြင်စွာ ရပ်တည်နေနိုင်သလို နောင်နှစ်ပေါင်းများစွာ ဆက်လက်ပြီးတော့ ချီတက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဆုတောင်းစကား ဆိုသည်။

အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းကလည်း “နှစ်ပေါင်း ၂၅ နှစ်တိုင် ရပ်တည်နေနိုင်တဲ့ အတွက် အများကြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နောက်ထပ် နှစ်ပေါင်းများစွာတိုင် ဆက်လက်ပြီး ရပ်တည်နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်” ဟု ဆိုသည်။

“ဧရာဝတီရဲ့ ၂၅ နှစ်ပြည့်မှသည် ကျနော်တို့ နှစ်ပေါင်းများစွာတိုင်အောင် အများပြည်သူကို သတင်းအချက်အလက်များ မှန်ကန် လျင်မြန်စွာနဲ့ တိကျစွာ ဖြန့်ဝေပေးနိုင်တဲ့ မီဒီယာကောင်းတခု ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မင်းသား ကျော်ကျော်ဗိုလ်က ဧရာဝတီအတွက် ဆုတောင်းစကား ပြောသည်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ဧရာဝတီသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊သတင်းဆောင်းပါး ၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့ အာဘော်များဖြင့် စာဖတ် ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့သည်။

ဆက်စပ် သတင်းလင့်ခ် – ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၁)

Did you find apk for android? You can find new Free Android Games and apps.
Loading