Entertainment

ကိုရီးယားပထမဆုံး အဆိုတော်အဖွဲ့အဖြစ် BTS က Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်

Want create site? Find Free WordPress Themes and plugins.

Billboard 200 ဇယားမှာ BTS အဖွဲ့ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ အယ်ဘမ် “Love Yourself: Tear” အခွေက နံပါတ် ၁ ချိတ်သွားပါပြီ။ ဒီလို ကိုရီယား အဆိုတော်အဖွဲ့တွေထဲမှာ ပထမဆုံးအကြိမ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာပီတိတွေကို အဖွဲ့ဝင် တယောက်ချင်းစီက ပြန်လည်ဝေမျှပေးထားပါတယ်။

BTS အဖွဲ့ရဲ့ခေါင်းဆောင် RM က “Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်တဲ့ သတင်းလည်း ကြားရော ဝမ်းသာပြီး ပြောမထွက်နိုင်အောင်ပါပဲ။ ဒီနေ့တော့ အဖွဲ့သားတွေနဲ့ အတူတူ အောင်ပွဲခံပြီး မနက်ဖြန်မှာ အလုပ်တွေကို ပိုကြိုစား သွားမှာပါ။ တကမ္ဘာလုံးက BTS ကို အားပေးနေတဲ့ ARMY တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးကို ချစ်ပါတယ်၊ အရင်ထက် ပိုကောင်းတဲ့ BTS အဖြစ် ပြန်လာခဲ့ပါမယ်” လို့ ဆိုပါတယ်။

အဖွဲ့ဝင် ဂျင်းကလည်း “BTS သီချင်းတွေကို နားထောင်တဲ့သူတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ ARMY တွေကြောင့် လည်း အခုလို Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်နိုင်ခဲ့တာပါ။ ကိုရီးယားဘာသာနဲ့ သီဆိုထားတဲ့ သီချင်းခွေ နံပါတ် ၁ ဖြစ်သွားတာ ဂုဏ်ယူစရာ ကောင်းပြီး BTS ကို ဒီထက်ပိုပြီး စိတ်ဝင်စားလာနိုင်သလို ကိုရီးယား ယဉ်ကျေးမှုကိုလည်း စိတ်ဝင်စားလာကြလိမ့်မယ် ထင်ပါတယ်” ဆိုပြီး ကျေးဇူးတင်စကား ပြောသွားပါတယ်။

ကိုရီးယား အဆိုတော် အဖွဲ့ BTS အဖွဲ့သားများ

အဖွဲ့ဝင် ရူးဂါးကတော့ “နံပါတ် ၁ ဖြစ်တာ ဂုဏ်ယူစရာပါ။ စိတ်ကူးယဉ်ထားသမျှ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ အထူး ကျေးဇူး တင်ချင်တာကတော့ ARMY တွေပါ။ ဒီလိုအဆင့်နဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနိုင်တဲ့ပုံစံနဲ့ ပြန်ပေးဆပ်ပါ့မယ်” လို့ ပြောပါတယ်။

နောက်ထပ် အဖွဲ့ဝင် J-Hope ကလည်း “Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်တာ အရမ်းဝမ်းသာပါတယ်။ ကျနော် အမြဲအိပ်မက် မက်ခဲ့ရတဲ့ နေရာပါ။ ကမ္ဘာ့အကောင်းဆုံး သီချင်းခွေတွေထဲမှာ ပါသွားပါပြီ။ အဆင့် ၁ ရအောင် လုပ်ပေးတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်သလို အတူတူကြိုးစားလုပ်ခဲ့တဲ့ အဖွဲ့ဝင်တွေနဲ့အတူတူ ပျော်စရာသတင်းကို မျှဝေ ချင်ပါတယ်” တဲ့။

“မဖြစ်နိုင်တဲ့ကိစ္စကြီးက တကယ်ဖြစ်လာခဲ့ပါပြီ။ တကျော့ပြန်လာတဲ့ အခွေသစ်က Billboard 200 ဇယားမှာ နံပါတ် ၁ ရတယ်ဆိုတာ လုံးဝဆန်းကြယ်တဲ့ဖြစ်ရပ်ပါ။ တခြားအရာတွေထက် BTS ကို ချစ်ခင်အားပေးတဲ့ ပရိသတ်ကို အရမ်း ကျေးဇူးတင်ပါတယ်။ အတူတူကြိုးစားခဲ့တဲ့ အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ အဖွဲ့ဝင် ဂျင်မင်းက အပျော်တွေ ဝေမျှခဲ့ပါသေးတယ်။

V ကတော့ “Billboard 200 ဇယားမှာ နံပါတ် ၁ ရအောင် လုပ်ပေးခဲ့တဲ့ ARMY တွေကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့အတူတူ ဘယ်လောက်ထိရောက်အောင် သွားနိုင်မယ်ဆိုတာ မခန့်မှန်းနိုင်တော့ဘူး။ ARMY တွေ ဂုဏ်ယူရမယ့် BTS အဖွဲ့ဖြစ်စေရမယ်” ဆိုပြီး ကတိတွေပေးသွားပါတယ်။

နောက်ဆုံးအဖွဲ့ဝင် ဂျွန်ဂုကလည်း “Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်တာ အဓိပ္ပာယ်အရှိဆုံး ဖြစ်ရပ်ပါပဲ။ Billboard Music Award မှာ ဆုရခဲ့တာကစပြီး အခု Billboard 200 ဇယားမှာ နံပါတ် ၁ ချိတ်တာအဆုံး ကောင်းတာတွေပဲ တခုပြီးတခု ဆက်တိုက်ဖြစ်နေတာပါ။ ကျနော်တို့အတွက် ဖိအားတွေ ပိုများလာတယ် ဆိုပေမယ့် အရင်ထက် ပိုကြိုးစားပြီး ပိုကောင်းတဲ့ ဆုတွေ ဆွတ်ခူးနိုင်အောင် လုပ်ပါ့မယ်”လို့ ပြောသွားပါတယ်။

ဒီတပတ်ထဲမှာ ကြေညာသွားတဲ့ Billboard 200 ဇယားမှာ BTS အဖွဲ့ နံပါတ် ၁ ချိတ်ခဲ့သလို မေ ၃၀ ရက်မှာ ထပ်မံ ကြေညာမယ့် အကောင်းဆုံးသီချင်းများ the Hot 100 ဇယားမှာ နောက်ဆုံး ထွက်ရှိထားတဲ့ အခွေထဲက “Fake Love” နဲ့ “Love Yourself: Tear” သီချင်းတွေက ဘယ်အဆင့်တွေထိ တက်လှမ်းနိုင်မလဲဆိုတာ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်။

Ref: Soompi

Did you find apk for android? You can find new Free Android Games and apps.
Loading