Entertainment

'Incredibles 2' မှာ အသံသရုပ်ဆောင်မယ့် ဘောလိဝုဒ် မင်းသမီး Kajol

Want create site? Find Free WordPress Themes and plugins.

Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ သူတို့ရဲ့ ရုပ်ရှင်တွေမှာ နာမည်ကျော် ဘောလိဝုဒ် စတားတွေကို ငှားရမ်းခဲ့တဲ့ ပုံစံအတိုင်းပဲ အခုမှာတော့ မင်းသမီး Kajol ကို မကြာမီ ပြသတော့မယ့် “Incredibles 2” ရုပ်ရှင်မှာ Elastigirl နေရာကနေ အသံပါဝင်သရုပ်ဆောင်ဖို့ ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

မင်းသမီးဟာ အဲဒီရုပ်ရှင်ရဲ့ ဟင်ဒီဗားရှင်းမှာ ပါဝင်မယ့် ဇာတ်ကောင်အတွက် အသံသရုပ်ဆောင် ပေးရမှာဖြစ်ပြီး Disney-Pixar ပူးပေါင်း ထုတ်လုပ်တဲ့ အဲဒီရုပ်ရှင်မှာ ခင်ပွန်းသည် Bob နဲ့ သားသမီးတွေဖြစ်ကြတဲ့ Dash, Violet နဲ့ Jack-Jack တို့နဲ့အတူ မိခင် Helen Parr အဖြစ် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

မင်းသမီး Kajol ကတော့ အဲဒီ ဇာတ်ကောင်အတွက် အသံသရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ မင်းသမီးက “Incredibles 2 ရုပ်ရှင်က ကျမတို့လိုမျိုး မိသားစုတခုရဲ့ နွေးထွေးတဲ့ အကြောင်းအရာကို ဆောင်ယူလာ ပါတယ်။

ဒါပေမယ့် သူတို့က နည်းနည်းတော့ ကွဲပြားပါတယ်။ ကျမ ပြန်စဉ်းစားလို့ရမယ့် ဇာတ်လမ်းထဲမှာ ဇာတ်ကွက် တော်တော်များများရှိပါတယ်။ တော်တော်လေးလည်း ပျော်ရပါတယ်။ စူပါမိသားစုရဲ့ တစိတ်တပိုင်းဖြစ်ရတာ ကျမ တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ကျမ ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ပါဝင်ရတာ ပျော်ဖို့ကောင်းပါတယ်” လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့အဲဒီရုပ်ရှင်ပထမအပိုင်းမှာတော့ ဖခင် Bob (Mr Incredible) အဖြစ် မင်းသား Shah Rukh Khan ကလည်းကောင်း၊ မိခင် Helen အဖြစ် Rakshanda Khan ကလည်းကောင်း သရုပ်ဆောင်ခဲ့ပါတယ်။

Disney India ရဲ့ Head Studio Entertainment မှ Bikram Duggal က “အံ့သြဖွယ် ဇာတ်လမ်းတွေ၊ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းပြီး Disney နဲ့ Pixar ဟာ အိန္ဒိယ ပရိသတ် သန်းပေါင်းများစွာရဲ့ နှလုံးသားထဲက အထူးနေရာကို အမြဲတမ်းရယူထားခဲ့ပြီး ဖြစ်ပါတယ်။ Helen အဖြစ်သရုပ်ဆောင်မယ့် Kajol နဲ့အတူ ကြီးမားတဲ့မိသားစုတွေ၊ ပရိသတ် အသစ်တွေကို Incredibles 2 က ဖြေသိမ့်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Ref:ptinews

Did you find apk for android? You can find new Free Android Games and apps.
Loading