Entertainment

“ဦးဝင်းဦးနဲ့ အနှိုင်းခံရလို့ ပျော်တာပေါ့ဗျာ” ဆိုတဲ့ ရဲရင့်အောင်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ရဲရင့်အောင်က မကြာခင် ရုံတင်ပြသတော့မယ့် “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားမှာ အဆိုတော် လွှမ်းပိုင်၊ မင်းသမီး ဖွေးဖွေးတို့နဲအတူ အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပတ်သတ်လို့ စိတ်လှုပ်ရှားနေတယ်လို့ သူက ဆိုပါတယ်။

“ကျနော်လုပ်ခဲ့တဲ့ ဇာတ်ကောင်အတွက် အသိအမှတ်ပြုပေးတာ ပျော်ပါတယ်။ ဝမ်းသာပါတယ်။ မကြာခင်မှာလည်း ရုံတင်တော့မှာ ဆိုတော့ ကျနော် စိတ်လှုပ်ရှားနေပါတယ်။ အောင်မြင်မယ်လို့ ထင်ထားခဲ့ပြီးတော့ မအောင်မြင်မှာကိုတော့ စိတ်ထဲမှာ မရှိခဲ့ဘူး။ ကျနော်လုပ်ရမယ့်နေရာမှာ တာဝန်ကျေပါ့မလား ဆိုတာတော့ စိုးရိမ်မှု ရှိခဲ့တယ်။ အစွမ်းကုန်တော့ ကြိုးစားခဲ့တာပါပဲ။ ကျနော် အနုပညာအလုပ်တွေကို ကြိုးစားနေပါတယ်၊ အားပေးကြပါ” လို့ ရဲရင့်အောင်က ဆိုပါတယ်။

ဒါ့အပြင့် အဆိုတော် ရဲရင့်အောင်ကို “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ဇာတ်ကားမှာ သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က သရုပ်ဆောင်ကောင်းကြောင်းနဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦး ပေါက်စလေးကို ကြည့်နေရတဲ့အတိုင်းပဲလို့ မီဒီယာတခုကို ဖြေကြားခဲ့ပါတယ်။

ဒီလိုသုံးသပ်မှုနဲ့ ပတ်သတ်ပြီး ရဲရင့်အောင်က “ကျနော်ကန ှုတ်ခမ်းမွှေးလေးပါလို့ ဦးဝင်းဦးနဲ့ နှိုင်းခံရတယ်လို့ ထင်ပါတယ်ဗျာ။ ဦးဝင်းဦးကိုတော့ ဘယ်မှီဦးမလဲဗျာ။ ကျနော်က အခုမှ သူငယ်တန်းက စတဲ့သူပါ။ အဲ့လို နာမည်ကြီး မင်းသားကြီးနဲ့ အနှိုင်းခံရတာ ပျော်တာပေါ့။ ကျနော် နှုတ်ခမ်းမွှေးနဲ့ ဂျစ်ကန်ကန်ပုံ ပေါက်နေလို့ ဦးဝင်းဦးနဲ့ တူတယ်လို့ပဲ ကျနော် ယူဆပါတယ်’’လို့ ပြောပါတယ်။

အဆိုတော် ရဲရင့်အောင်ဟာ ဒုတိယခွေထွက်နိုင်ဖို့လည်း ပြင်ဆင်နေပြီး ဇာတ်ကားတွေ ရိုက်ကူးခွင့် ရရင်လည်း ရိုက်ကူးသွားဦးမယ်လို့ ပြောပါတယ်။ ရဲရင့်အောင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading