Entertainment

ရွှေမှုန်ရတီ၊ နေခြည်ဦး" တို့နဲ့ ရုပ်ရှင်ကားကြီး ရိုက်မယ့် ရွှေထူး

Want create site? Find Free WordPress Themes and plugins.

လူငယ် ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ရွှေထူးက မကြာခင်မှာ ခေါင်းဆောင်မင်းသား အနေနဲ့ ရုပ်ရှင်ကားကြီးတကား ရိုက်ကူးတော့မယ်လို့ ပြောပါတယ်။

“လတ်တလော အနုပညာလှုပ်ရှားမှုက နယ်ရှိုးတွေ ဆိုဖြစ်တယ်။ ၆ လပိုင်း ၃ ရက်နေ့မှာ ကျနော်ရယ်၊ ရွှေမှုန်ရတီရယ်၊ နေခြည်ဦးရယ် ကိုဖြိုးငွေစိုးရယ် ပါဝင်တဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ကားတကား ရိုက်ပါမယ်။ ဒါရိုက်တာကတော့ ဦးညွန့်မြန်မာညီညီအောင်ပါ။ ကာရိုက်တာက ပွေတဲ့ ကောင်လေးတယောက် နေရာက သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားအတွက် ကျနော်အဓိက အဝတ်အစားပိုင်းရယ်၊ မိတ်ကပ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းတွေကို ပြင်ဆင်ထားပါတယ်” လို့ အဆိုတော် ရွှေထူးက ဆိုပါတယ်။

အဆိုတော် ရွှေထူးက အရှေ့မှာလည်း သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အလှမယ် မိုးစက်ဝိုင်တို့နဲ့အတူ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင် ဇတ်ကားကြီးနဲ့ ပရိသတ်အားပေးမှု ရရှိသူတဦး ဖြစ်ပါတယ်။

“ပက်ပက်စက်စက်ညှို့” ဇာတ်ကားတုန်းကတော သရုပ်ဆောင်မှာ ပရိသတ်တွေက အသစ်တယောက်အနေနဲ့ ပထမဆုံးကားမို့ နားလည်ပေးလို့ ရပေမယ့် ဒုတိယကားမှာတော့ ပရိသတ်တွေကိုနားလည်ပေးခိုင်းဖို့ အားနာတဲ့အတွက် ကျနော်အများကြီး ကြိုးစားသွားမှာပါ”

“အနုပညာအလုပ်က ကျနော်ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ဘာစိတ်ညစ်စရာပဲရှိရှိ ဘာစိတ်ရှုပ်စရာပဲရှိရှိ ကျနော်ကတော့ အနုပညာတွေကို အားတင်းပြီး လုပ်သွားမှာပါ။ ရွှေမှုန်ရတီတို့ နေခြည်ဦးတို့နဲ့တော့ မရိုက်ဖူးပါဘူး။ တွေ့တော့ တွေ့ဖူးပါတယ်။ အရမ်းကို သဘောကောင်းကြပါတယ်” လို့ ရွှေထူးက ဆိုပါတယ်။

အဆိုတော် ရွှေထူးက မကြာသေးခင်ကမှ ချစ်သူနဲ့ ပြတ်သွားခဲ့ပြီး ရွှေထူးရဲ့ အချစ်ရေးကိုလည်း ပရိသတ်များက စိတ်ဝင်စားလျက် ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading