Entertainment

“ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy

Want create site? Find Free WordPress Themes and plugins.

အခု လတ်တလော Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) အချစ်ရေးနဲ့ ပတ်သတ်ပြီး ချစ်သူ Zippy က ဖောက်ပြန်တယ်ဆိုတာ သူ့ရဲ့ တဖက်သတ် အထင်ပါလို့ ဧရာဝတီကို ပြောပါတယ်။

ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ ချစ်သူက ဖောက်ပြန်တဲ့အတွက် ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာ အပြီးမှာ ချစ်သူဖြစ်ခဲ့သူ Zippy အပေါ် အများရဲ့ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ချစ်သူ Zippy က အခုလို ဆိုပါတယ်။

“ဖောက်ပြန်တယ်ဆိုတာက သူ့ရဲ့ တဖက်သက် အထင်ပေါ့နော်။ ကျနော်ကတော့ ဖောက်ပြန်တာတွေ ဘာတွေ ဘာမှ မရှိဘူး။ ကျနော် ဒီဇိုင်နာ အလုပ်ကိုပဲ အကောင်းဆုံး ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ ကျနော့်ကို သူက ဖောက်ပြန်တယ်လို့ ထင်တာ သူ့အနီးနားမှာ ရှိတဲ့သူတွေ သူကျွေးထားတဲ့သူတွေက ပြောတဲ့စကားကို သူ့ဟာသူ ယုံပြီးတော့ ဖောက်ပြန်တယ်လို့ စွပ်စွဲတာ ပေါ့နော်။ကျနော့်အနေနဲ့ မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှလည်း ရှင်းပြနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ်ပဲ အလုပ်ကို အေးအေးဆေးဆေး အလုပ်ကိုပဲ အကောင်းဆုံး လုပ်နေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ညီညီမောင်(စမ်းချောင်း)က ချစ်သူနဲ့ပြတ်စဲပြီ ဖြစ်ကြောင်း အင်တာဗျူးများမှာ ဖြေဆိုနေတဲ့အပေါ်ကိုလည်း အခုလို ဆိုပါတယ်။

“သူလည်း အင်တာဗျူးတွေမှာ ဖြေထားတယ် ပြတ်သွားပြီဆိုတော့ ကျနော်ဘက်ကလည်း ပြတ်သွားပါပြီ။ အခုတော့ သင်တန်းမှာ အကောင်းဆုံး သင်ကြားပေးနေပြီး အင်္ကျီတွေပဲ ချုပ်နေပါတယ်။ ကျနော်အခု လက်ရှိ ကျန်းမာရေး အခြေအနေက ကောင်းနေပါတယ်။ သူ့ကို ကျနော်ကသာ စိတ်ပူနေတာပါ”လို့ ညီညီမောင်(စမ်းချောင်း)ရဲ့ ချစ်သူဟောင်း Zippy က ပြောပါတယ်။

ပရိသတ်တွေက “သုသု” လို့ ချစ်စနိုး ခေါ်ကြတဲ့ ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ မိတ်ကပ် ပညာရှင်တဦး ဖြစ်ပြီး သူ့ရဲ့ ချစ်သူဟောင်း စိုးရာဇာ(Zippy)ကတော့ ဖက်ရှင်ဒီဇိုင်နာ တဦးအနေနဲ့ ရပ်တည်နေသူတဦး ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ရေးကို လူသိထင်ရှား ဖော်ပြခဲ့ပေမယ့် အခုချိန်မှာတော့ ပြတ်စဲသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ် ဖတ်ရှုရန်“ချစ်သူရဲ့ ဖောက်ပြန်တဲ့ ဒဏ်ကို မခံနိုင်လို့ လမ်းခွဲလိုက်ပြီ” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

Did you find apk for android? You can find new Free Android Games and apps.
Loading