Entertainment

ပရိသတ်အကြိုက်များတဲ့ Netflix ရဲ့ “Busted!” အစီအစဉ်ကို Season အသစ် ထပ်တိုးပြမည်

Want create site? Find Free WordPress Themes and plugins.

Netflix လိုင်းကနေ ပြသနေတဲ့ ရသစုံအစီအစဉ်တခုဖြစ်တဲ့ “Busted!” အစီအစဉ်ဟာ ဒုတိယမြောက် Season အနေနဲ့ ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာဦးမှာပါ။

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အစီအစဉ်ကို အသစ်ထပ်ပြမှာ ဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။ “Busted!” အစီအစဉ်ဟာ အပိုင်းတိုင်းမှာ ကြုံတွေ့ရမယ့် မတူကွဲပြားတဲ့ အမှုတွေကို ဖြေရှင်းဖို့ ကြိုးစား ကြတဲ့ နာမည်ကျော် စုံထောက် ၇ ဦးပါဝင်တဲ့ အဖွဲ့တခုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ စုံစမ်းထောက်လှမ်းရေး ရသစုံ အစီအစဉ်ပဲ ဖြစ်ပါတယ်။

Company Sang Sang က ထုတ်လုပ်ပြီး “Jo Hyo Jin, Jang Hyuk Jae နဲ့ Kim Joo Hyung” တို့က ထုတ်လုပ်ရေး ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးပေးထားကြပါတယ်။ Company Sang Sang ရဲ့ စီအီးအို Jang Hyuk Jae က “‘Busted!’ စိတ်ဝင်တစားနဲ့ ချစ်ခင်ပေးကြတဲ့အတွက် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ပါတယ်။ ဒုတိယမြောက် Season မှာ ပိုမို ရယ်မော ပျော်ရွှင်ရပြီး ယှဉ်ပြိုင်မှု အဆင့်မြင့်မှုတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ပရိသတ် တိုင်းကို ပြန်လည် ပေးဆပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

“Busted!” အစီအစဉ်မှာ ပါဝင်သရုပ်ဆောင် ထားသူတွေကတော့ Running Man အစီအစဉ်နဲ့ နာမည်ကျော်ကြားတဲ့ Yoo Jae Suk နဲ့ Lee Kwang Soo၊ မင်းသား Ahn Jae wook၊ ဟာသသရုပ်ဆောင် Kim Jong Min၊ EXO အဖွဲ့ဝင် Sehun၊ မင်းသမီးတွေဖြစ်ကြတဲ့ Park Min Young နဲ့ Kim Se Jeong တို့ ဖြစ်ကြပါတယ်။

ထုတ်လုပ်ရေးဒါရိုက်တာ Jo Hyo Jin က “ပထမကတော့ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ့်ဖြစ်ရပ်နဲ့ ရသစုံ အစီအစဉ်တွေကို ပေါင်းစပ်ဖို့ ပထမဆုံး ကြိုးပမ်းမှုဖြစ်တဲ့ အတွက်ကြောင့်ပါ။ ပြီးတော့ ကျန်ရစ်ခဲ့ နိုင်တဲ့ ရှုထောင့် တော်တော်များများလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မတူကွဲပြားတဲ့ ဇာတ်လမ်းတွေကို ဖော်ထုတ်ဖို့ အခွင့်အရေး ရတဲ့အတွက် ပျော်ရွှင်ရပါတယ်”

“ဒုတိယမြောက် Season သာ ဆက်ရိုက်ဖြစ်မယ်ဆိုရင် ကျနော် ပြသချင်တဲ့ ဇာတ်လမ်း တော်တော်များများ ရှိနေပါတယ်။ ဒုတိယမြောက် season မှာ မူရင်း Plot တွေ၊ ဖျော်ဖြေမှုတွေနဲ့အတူ ပြန်လည် စဉ်းစားသုံးသပ်၊ ပြင်ဆင်ပြီး ပြန်လာမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ “Busted!” အစီအစဉ်ပထမဆုံး Season ရဲ့ ကျန်ရှိတဲ့ နောက်ဆုံးအပိုင်း ၂ ပိုင်းကို ဇွန် ၁ ရက်မှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။

Ref: soompi

Did you find apk for android? You can find new Free Android Games and apps.
Loading