Entertainment

"နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်" ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)

Want create site? Find Free WordPress Themes and plugins.

ညီညီမောင်(စမ်းချောင်း) က သူ့မှာ နှလုံးရောဂါရှိတာကြောင့် ပစ်သွားတဲ့ ချစ်သူက သူကို စိတ်မပူတဲ့အတွက် ခံစားနေရကြောင်း ဧရာဝတီကို ဆိုလိုက်ပါတယ်။

“သုကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ စိတ်ပူတဲ့ချစ်သူက ၃၊ ၄ လ ပစ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သုမှာ နှလုံးရောဂါရှိတာ အားလုံးလည်း သိတယ်။ အဲ့တော့ သူစိတ်ပူတယ်ဆိုတာ ဖြစ်နိုင်မလား။ တကယ်တမ်း စိတ်ပူတယ်ဆိုတဲ့ သူကတယောက်က နှလုံးရောဂါသည် တယောက်ကို စိတ်ပူပြီး ပစ်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားရှင့်။ ကျမအဲ့မေးခွန်းကို စိတ်ဝင်စားနေပါတယ်။ ကျမမှာတော့ အဖြေမရှိဘူး။ သူ့မှာတော့ အဖြေရှိမယ် ထင်ပါတယ်” လို့ ညီညီမောင်က ဧရာဝတီကို ဆိုပါတယ်။

ဆက်ပြီး ညီညီမောင်က ချစ်သူ Zippy စိတ်ပူနေတယ်လို့ ဆိုတဲ့အပေါ် “သူကကိုယ့်ကို အပြင်ကနေ စိတ်ပူနေတာလား။ ဘယ်လိုစိတ်ပူနည်းနဲ့ စိတ်ပူနေတာလဲ။ ငါ့ရည်းစား ငါ့မိန်းမက အိမ်မှာ တယောက်တည်း သေသွားပြီးတော့မှ လာငိုမှာလား။ သူစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး။ လုံးဝ မယုံဘူး။ အပြင်ကနေ နှိပ်စက်နေတယ်လို့ ခံစားရတယ်။ သု နှလုံးအဆို့ရှင် မကောင်းတဲ့ အတွက် အိပ်ရာထဲမှာ လဲနေမလား အဲ့လိုမျိုး မပူဘဲနဲ့ သု့ကိုစိတ်ပူတယ်ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)

မိတ်ကပ် ညီညီမောင်(စမ်းချောင်း)ရဲ့ ချစ်သူ Zippy က သုသု(ညီညီမောင်)ရဲ့ ပတ်ဝန်းကျင်က သွေးထိုးစကား တွေကြောင့် ဖောက်ပြန်နေတာပါ သူယုံနေတယ်လို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်လို့လည်း သုသု(ညီညီမောင်)က “သု ပတ်ဝန်းကျင်ကလူတွေက သုကို အကောင်းပဲပြောကြတာပါ။ အဖိုးကအစ ပြန်မလာလို့ မေးနေကြတာ။ သူကအဆောင်မှာနေတာကို သောကြာ၊ စနေဆို ပြန်ပြန်သွားတာ အခုမှ သူအလုပ်တွေဖြစ်လို့ တိုက်ခန်းငှားနေနိုင်တာလေ။ အိမ်ထောင်ပြုပြီးတဲ့သူတွေဆို စဉ်းစားကြည့်ပါ”

“ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ မိဘအိမ်မှာ ၂ရက် ပြန်အိပ်တာ လက်ခံနိုင်တယ်။ သူငယ်ချင်းနဲ့ ၂ရက် ပြန်အိပ်တယ်ဆိုတာ ဘယ်သူ လက်ခံနိုင်မှာလဲ။ ကျမက၂နှစ်ခွဲတိတိ လက်ခံလာတဲ့ သူတယောက်ပါ။ ကျမ မပြောချင်ဘူး။ ပြောရင် မကောင်းဖြစ်မှာ စိုးလို့” ဆိုပြီး ပြောပါတယ်။

လက်ရှိမှာတော့ သုသု(ညီညီမောင်)(စမ်းချောင်း)က အချစ်သစ်ကို မရှာဘဲ မိတ်ကပ်လုပ်ငန်းကိုသာ အကောင်းဆုံး လုပ်ကိုင်သွားတော့မယ်လို့ ဆိုပါတယ်။

ဆက်စပ်ဖတ်ရှုရန်“ဖောက်ပြန်တယ်ဆိုတာ တဖက်သတ်အထင်ပါ”လို့ ပြောတဲ့ ညီညီမောင်ရဲ့ ချစ်သူဟောင်း Zippy

Did you find apk for android? You can find new Free Android Games and apps.
Loading