Entertainment

နင်ဇီမေကို ချီးကျူးလိုက်တဲ့ အဆိုတော် ချောစုခင်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံကျော် ဝါရင့် အဆိုတော် တဦးဖြစ်တဲ့ အဆိုတော် ချောစုခင်က Myanmar Idol အစီအစဉ်ကနေ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် နင်ဇီမေကို သီချင်းသီဆိုမှု အပိုင်းနဲ့ ပတ်သတ်ပြီး ချီးကျူးစကား ဆိုလိုက်ပါတယ်။

“အစ်မက သီချင်းတွေကို ကြိုက်တဲ့ အတွက် Myanmar Idol မှာ ပြိုင်တာလေးတွေကို အစ်မလည်း ကြည့်မိတယ်။ ဒီကောင်မလေး အသံကောင်းတယ် ဆိုပြီးပြောမိတယ်။ အဲ့လို ပြောမိတဲ့ထဲမှာ နင်ဇီမေပါတယ်။ နင်ဇီမေ အခွေထွက်တော့ အစ်မဝယ်ပြီး နားထောင်တယ်။ အစ်မကလည်း သီချင်းတွေ ကြိုက်တဲ့အတွက် မျိုးဆက်သစ်လေးတွေ သီချင်းကို ပြန်အားပေးတာပေါ့။ သူ့သီချင်းကိုနားထောင်ကြည့် သူကြိုးစားထားတာကို တွေ့တယ်။ သီချင်းလေးတွေ ကောင်းတယ်” လို့ ချောစုခင်က ဧရာဝတီကို ပြောပါတယ်။

လက်ရှိ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း အဆိုတော် ချောစုခင်က မကြာခင်မှာ ကိုယ်ပိုင် Single Song တပုဒ်ကို အွန်လိုင်း ကနေ ဖြန့်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

“ဖြန့်ချိမယ့် သီချင်းလေးက အချစ်အကြောင်းလေး ဖြစ်မယ်။ အဆိုတော်တွေ ခွေထုတ်ဖို့ လန့်နေတာ တော်တော်ကြာပြီ။ ရင်းလိုက်သမျှတွေ အားလုံးက ပြန်မရဘူးလေ။ အနုပညာသမားတွေကတော့ ရတဲ့ ပိုက်ဆံလေးတွေနဲ့ ခွေလေးတွေ ထွက်နိုင်အောင် ပြန်ပြီး လုပ်နေကြတာပေါ့။ အိမ်မက်ဆုံရာမှာ ဒိုင်လုပ်ပြီးနောက်ပိုင်း အစ်မကို ပြောထားတာတွေတော့ ရှိတယ်။ ပွဲအကြီးတွေတော့ မဟုတ်သေးပါဘူး” လို့ ချောစုခင်က ဆိုပါတယ်။

ဂီတလောကရဲ့ ယနေ့ခေတ်နဲ့ အရင်ခေတ် ကွာခြားပုံနဲ့ပတ်သက်ပြီးတော့လည်း ချောစုခင်က အခုလို ဆိုပါတယ်။ “အခုခေတ် အဆိုရှင်လေးတွေ အများကြီး ပေါ်ထွက်လာတာ။ သူတို့ ဝါသနာပါလွန်းလို့ ကြိုးစားကြလို့ပေါ့နော်။ အစ်မတို့တုန်းကလည်း ဒီလိုပဲ သင်တန်းကျောင်းလည်း မရှိဘူး။ အစ်မတို့က သိသလောက်လေးတွေ တတ်သလောက်လေး တွေနဲ့ ဆိုခဲ့ကြတာ ဆိုတော့ အလုပ်ကနေပဲ သင်ယူပြီးသွားကြမှာဆိုတော့ အများကြီးတော့ ပြောစရာစကား မရှိဘူး။ တော်ပါတယ်လို့ပဲ ပြောချင်ပါတယ်”

“အစ်မတို့ခေတ်နဲ့ ဒီဘက်ခေတ် အများကြီးတော့ ကွာသွားတယ်။ အဲ့တာကို ပြောရင် ပြီးမှာ မဟုတ်ဘူး။ တခုက အခ ုခေတ်မှာတော့ ပရိုဂျူဆာ တအား ရှားသွားပြီ။ အဲ့တာလေးတွေတော့ ကွာတာပေါ့”လို့ ပြောပါတယ်။

ချောစုခင်ဟာ သီချင်းခွေများစွာ ထွက်ရှိထားသူ တဦးဖြစ်ပြီး ထွက်ရှိတဲ့ သီချင်းတိုင်းလည်း အောင်မြင်မှုရရှိခဲ့တဲ့ အဆိုရှင်တဦး ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading