Entertainment

“သမန်းကျား” ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးထားတဲ့ ခွန်းဆင့်နေခြည်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် ခွန်းဆင့်နေခြည် ကိုယ်တိုင် ရိုက်ကူးထားတဲ့ “သမန်းကျား” ရုပ်ရှင် ဇာတ်ကားကို မကြာခင်ရုံတင်  ပြသတော့နိုင်ဖို့ ပြင်ဆင်နေပြီး အဲဒီကားကို ထိုင်းနိုင်ငံမှာ  အစအဆုံးတည်းဖြတ်ပြီး  ပြင်ဆင်ထားကြောင်း ဧရာဝတီကို ဆိုပါတယ်။

“သမန်းကျား ဇာတ်ကားက ၄ နှစ်ကျော်လောက်ရှိနေပြီ။ ပြင်ဆင်ထားတာဆိုရင် မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ အစအဆုံးကို ကိုယ်လိုချင်တဲ့ စကေးကို မရောက်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ အစအဆုံးပြန်လုပ်လိုက်ရတယ်”လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။ “သမန်းကျား” ရုပ်ရှင်ကားကို  ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် သူထူးစံ၊ခွန်းဆင့်နေခြည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

“ရုပ်သံပိုင်းကို အကောင်းဆုံး လုပ်ထားတယ်။ ထိုင်းမှာ လုပ်ရတာ စိတ်တိုင်းကျတယ်။ အသေးစိတ်ပေါ့နော်။ Professional Skillကို အပြည့် Service ပေးတယ်။ကိုယ်ပြောတဲ့နည်းစနစ်က လွဲနေရင်တောင် သူတို့က ဒါမဟုတ်ဘူး။ ဒီလိုဆိုပြီး ပြန်ပြင်ပေးတယ်။ ခွန်းဆင့်ကဒီမှာလုပ်တာ ကိုယ်လိုချင်တဲ့ Skill မရောက်လို့သာ ဘန်ကောက်မှာသွားလုပ်တာပါ။ မြန်မာနိုင်ငံမှာလည်း သူ့ Skillနဲ့သူ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။

“သမန်းကျား” ကားမှာ တကယ့်ကျားအစစ်နဲ့ရိုက်ကူးခဲ့တာဖြစ်လို့  ရိုက်ကူးရေးမှာ ကျားဟပ်ခံရပြီး ဆေးကုသမှု အနည်းငယ် ခံယူခဲ့ရတယ်လို့  ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“အဓိကတော့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ဇာတ်ပေါ့။ သူက ထမံသီမြို့မှာရှိတဲ့ ကျားတွေရဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဖန်တီးထားတဲ့ဇာတ်တပုဒ်ပါ။ လူကနေ ကျားပြောင်းတဲ့ အန်နီမေးရှင်းတွေ ပါတယ်။အဲဒါတွေအတွက်အများကြီး စိန်ခေါ်မှုတွေ ရှိတယ်ဆိုတာကြိုတွေးထားတယ်။အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက နည်းပညာပိုင်း အားနည်းနေသေးတဲ့  အခြေအနေမျိုးမှာ ရပ်တည်နေတာဖြစ်တဲ့အတွက်ကို အဲဒီအန်နီမေးရှင်းတွေကမအောင်မြင်လိုက်ဘူးပေါ့နော်”

“ဒီတော့ အန်နီမေးရှင်းနဲ့တွဲပီးလုပ်ဖို့ ရိုက်ထားတဲ့ ကဒ်တွေက အသုံးပြုလို့မရတော့ဘူး။ အမျိုးမျိုးပေါ့လေ။ နည်းပညာပိုင်း မှာ အခက်အခဲ ဖြစ်သွားတဲ့အခါကျတော့ ခွန်းဆင့်တို့က ဇာတ်ဝင်ခန်းအရ ကျားအစစ်တွေနဲ့ သွားရိုက်လိုက်ရတယ်”လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

ခွန်းဆင့်နေခြည်က ဒီဇာတ်ကားကို ရိုက်ကူးပေးတဲ့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့  ရိုက်ကူးဖြစ်တာ ၃ ကား မြောက်ဖြစ်ပြီး ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့အတူ ရိုက်ကူးခဲ့တဲ့ “၇၆ မိုင်” ဇာတ်ကားတုန်းကလည်း  ပရိသတ် အားပေးမှုရရှိခဲ့ပါတယ်။ သမန်းကျားဇာတ်ကားကို အမြန်ဆုံးရုံတင်နိုင်ဖု့ိကြိုးစားနေတဲ့ ခွန်းဆင့်နေခြည်က အမေရိကားမှာ အနုပညာနဲ့ ပတ်သတ်တဲ့ကျောင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading