Entertainment

“အချစ်ရေးမှာ ကံကောင်းတယ်” ဆိုတဲ့ အဆိုတော် ခင်စုစုနိုင်

အသံပါဝါအား ကောင်းကောင်းနဲ့ Melody World 2010 သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် ခင်စုစုနိုင်ဟာ အချစ်ရေးမှာ ကံကောင်းသူတယောက်ဖြစ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ညီမအချစ်ရေးက အေးဆေးပါပဲ။ အချစ်ရေးမှာတော့ ကံကောင်းတယ်လို့ ပြောရမယ်။ ညီမကို အလိုလိုက်ပြီး ချစ်ပေးတယ်။ တိုင်ပင်ပြီး ဘယ်အရာမဆို နားလည်မှုလေးတွေ ထားထားတယ်။ ကိုယ်တွေက ရန်ဖြစ်တာတော့ နည်းတယ်။ ချစ်သူက အပြင်ကလည်း ပြောလို့ရသလို အနုပညာထဲကလည်း ပြောလို့ ရပါတယ်။ ညီမတို့နှစ်ယောက် လက်ထပ်ဖို့ကတော့ လိုပါသေးတယ်” လို့ ခင်စုစုနိုင်က ပြောပါတယ်။

အဆိုတော် ခင်စုစုနိုင်ဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့  ပရိသတ်တွေကို ပြောလေ့ပြောထ သိပ်မရှိတဲ့ သူတယောက် ဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သတ်လို့လည်း အသံ မထွက်တဲ့ အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။

အဆိုတော် ခင်စုစုနိုင်က အမျိုးသား အဆိုတော်တဦးနဲ့ ချစ်ကြိုက်နေသူ တဦးဖြစ်ပြီး ဂီတချင်းအကြိုက်တူ၊ ဝါသနာတူ ချစ်သူကြောင့် ပျော်ရွှင်နေသူ တဦးလည်း ဖြစ်ပါတယ်။  ခင်စုစုနိုင်ဟာ” ချစ်မြဲတိုင်း ချစ်မယ်”  ဆိုတဲ့ ပထမဆုံး  တကိုယ်တော် အခွေနဲ့ ” ကိုယ်ပိုင် စိတ်ကူး” လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် တကိုယ်တော်အခွေ ထွက်ရှိထားတဲ့ အဆိုတော် တဦးလည်း ဖြစ်ပါတယ်။

Loading