“Along With the Gods 2” ရုပ်ရှင်ရဲ့ တရားဝင်ပိုစတာနဲ့ စတင် ပြသမယ့်ရက်ကို ထုတ်ပြန် ကြေညာလိုက်ပါပြီ။ ဝင်ငွေ အများအပြား ရရှိခဲ့တဲ့ “Along With the Gods” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Along With the Gods 2” ကို တရားဝင် ပိုစတာနဲ့အတူ လာမယ့် သြဂုတ် ၁ ရက်နေ့မှာ စတင် ပြသတော့မယ်လို့ ကြေညာထားပါတယ်။
ရုပ်ရှင်နာမည်ကတော့ “Along With the Gods: The Last 49 Days” ဖြစ်ပြီးတော့ သေမင်း ၃ ဦးဖြစ်တဲ့ Joo Ji Hoon, Ha Jung Woo နဲ့ Kim Hyang Gi တို့ရဲ့ ဘဝနောက်ကြောင်း ဖြစ်ရပ်တွေကို ဇာတ်အိမ်တည်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသားတွေဖြစ်ကြတဲ့ Ma Dong Seok နဲ့ Kim Dong Wook တို့အပြင် အထူးဧည့်သည် သရုပ်ဆောင်အဖြစ် Lee Jung Jae လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ပထမ ရုပ်ရှင်ဖြစ်တဲ့ “Along With the Gods: Two Worlds” ကို တောင်ကိုရီးယား နိုင်ငံတွင်းမှာ ကြည့်ရှုသူ ၁၄ ဒဿမ ၄ သန်း ရှိခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်မှာ ပြသခဲ့ဖူးသမျှ အာရှရုပ်ရှင်တွေထဲမှာ ရုံဝင်ငွေ အများဆုံး၊ ဟောင်ကောင်မှာ ပြဖူးသမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဒုတိယရုံဝင်ငွေ အများဆုံး ဖြစ်ခဲ့ပြီး မြောက်အမေရိက၊ သြစတေးလျ၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံအပါအဝင် မြန်မာနိုင်ငံမှာပါ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
ပထမရုပ်ရှင် “Along With the Gods” ကို ဖြန့်ချိပြီးမှာ နောက်ဆက်တွဲရုပ်ရှင်ကို ရိုက်ကူးခဲ့တာ မဟုတ်ဘဲ အပိုင်း နှစ်ခုလုံးကို တခါတည်း အပြီးသတ် ရိုက်ကူးခဲ့တဲ့ ပထမဆုံး ကိုရီးယားရုပ်ရှင် ဖြစ်တာကြောင့်လည်း အများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။
အခု ဒုတိယ နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ ငရဲမှာ ၄၉ ဦးမြောက် ဝိညာဉ်ကို လမ်းပြပေးရတဲ့ ပထမရုပ်ရှင်ထဲက သေမင်းတွေအကြောင်း ဇာတ်အိမ်တည်ထားပြီးတော့ အခုအပိုင်းမှာတော့ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်က သူတို့ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရရှိတော့မှာ ဖြစ်ပါတယ်။
အခုရုပ်ရှင်နဲ့ ပတ်သက်လို့ အများ စိတ်ဝင်စားမှု မြင့်တက်လာနေပြီး ပထမရုပ်ရှင်မှာ အမြည်းသဘောမျိုး ပါဝင်ခဲ့တဲ့ Sung Joo Shin (Ma Dong Seok) ဇာတ်ကောင်အကြောင်းကိုလည်း ပရိသတ်တွေက သိလိုနေကြပါတယ်။
Ref:soompi