Entertainment

သီလရှင် ၃ ရက်ဝတ်ပြီး ကုသိုလ်ယူခဲ့တဲ့ နန်းသူဇာ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မော်ဒယ် နန်းသူဇာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မယ်သီလရှင်ဝတ်ပြီး တရားအားထုတ်မှုများ      ပြုလုပ်ခဲ့တာ အေးချမ်းမှု ရရှိခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နန်းသူဇာ တရားထိုင်တယ်။ အရင်က ဘုရား၊ တရားတေ့ာ လုပ်တယ်။ ဒါပေမယ့် ခုမှ ပါဠိလိုတွေပါ ပိုသိခွင့်ရခဲ့တယ်။ ကိုယ့်က ဖုန်းတွေ၊ ဂိမ်းတွေ ဆော့နေကျကို အဲ့လို တရားတွေလုပ်နေတော့ ဖုန်းတောင် မကိုင်ဖြစ်ဘူး။ နန်းသူဇာ ဘဝမှာ ပထမဆုံးအကြိမ် သီလရှင်ဝတ်ဖူးတာလည်း ဖြစ်တယ်။ အရမ်းအေးချမ်းတယ်။ ကျေလည်း ကျေနပ်ခဲ့ပါတယ်” လို့ နန်းသူဇာက ဆိုပါတယ်။

နန်းသူဇာက သီလရှင်ကို သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းနဲ့ အတူတူ ၃ ရက်ဝတ်ကာ တရားအားထုတ်ခဲ့တာ ဖြစ်ပြီး နန်းမြတ်ဖြိုးသင်းနဲ့ သီလရှင် အတူတူဝတ်ဖြစ်တဲ့ ခံစားချက်ကိုလည်း အခုလို ဆိုပါတယ်။

“၃ ရက်ထဲ ဝတ်ဖြစ်သွားတာက နန်းမြတ်ကလည်း အလုပ်ရှိတယ်။ နန်းသူဇာကလည်း အလုပ်ရှိတာကြောင့် ၃ ရက်ပဲ ဝတ်ဖြစ်သွားတာပါ။ ဒီရက်ပိုင်းလေးပဲ အချိန်ရတာနဲ့ ဝတ်ဖြစ်သွားတာပါ။ နန်းသူဇာ တရားအားထုတ်ရတာကို မွေ့လျော် သွားတယ်။ နန်းသူဇာတို့လည်း အကောင်းဆုံးလုပ်ခဲ့တယ်။ အဆာပြေ မုန့်တွေ ယူသွားပေမယ့် တရားကြောင့် နန်းသူဇာတို့ သီလဆောက်တည် နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး “သူငယ်ချင်းနဲ့ အတူတူ ဝတ်ရတယ်၊ အတူတူ နေရတယ်။ သီလရှင် နှစ်ပါး တရားအားထုတ်လည်း အတူတူ ဆိုတော့ ကြည်နူးမိတယ်။ ကျေနပ်မိတယ်။ အတူတူ တရားအားထုတ်ရတဲ့အတွက် အရမ်းပျော်တယ်။ အနုပညာနဲ့ ပတ်သတ်ရင် ညီမ ရုပ်ရှင်မရိုက်တော့ ကြော်ငြာလေးတွေရှိတယ်။ အင်တာဗျူးတွေ ချိတ်ထားတာ ရှိတယ်” လို့ ဆိုပါတယ်။

နန်းသူဇာက နန်းမြတ်ဖြိုးသင်းနဲ့ တွဲဖက်ပြီး တေးစီးရီးတခွေ ထွက်ရှိထားပြီး နောက်ထပ်လည်း အနုပညာအလုပ်များကို အတူတူ လက်တွဲပြီး ထပ်လုပ်ဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

နန်းသူဇာရဲ့ချစ်သူ ကျော်ထွဋ်ဆွေကလည်း သီလရှင် ဝတ်နေစဉ်ကာလအတွင်း ဆေးများလာပို့ပေးပြီး လူထွက်တဲ့နေ့မှာ လာရောက်ကြိုပေးတယ်လို့လည်း ဆိုပါတယ်။ “နန်းသူဇာ ဖိနပ်ပေါက်သွားတော့ ဆေးလေးတွေ လာပေးတယ်။ အဲ့လောက်ပါပဲ။ တရက်လောက်ပဲ လာတယ်။ ကျန်တဲ့ရက်တွေတော့ မလာပါဘူး။ နောက်ပြီး မသင့်တော်ဘူး ထင်တယ်လေ။ နောက်ထွက်တဲ့နေ့ လာကြိုတယ်” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading