Entertainment

“ဝတ်စုံတွေကို လွတ်လွတ်လပ်လပ် ဖန်တီးရတာ သဘောကျတယ်” ဆိုတဲ့ ဒီဇိုင်နာဖြိုးကို

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က သရုပ်ဆောင်ဖွေးဖွေးကို ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဝတ်စုံတစုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုများခံခဲ့ရတဲ့ ဒီဇိုင်နာဖြိုးကိုကတော့ ဒီဇိုင်းတွေဖန်တီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဖန်တီးရတာကို သဘောကျတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ လွတ်လွတ်လပ်လပ် ဖန်တီးရတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ Creation ဖြစ်တဲ့ အတွက် ဖန်တီးသူတယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ဖန်တီးနေရတာကို သဘောကျပါတယ်။ အဓိကကတော့ ကျနော်က ကျနော့်ရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး လုပ်ဖြစ်တယ်။ ပြီးတော့ ပတ်ဝန်းကျင် အနေအထားပေါ့နော်။ ဒါကတော့ ကျနော်တို့ Creation သမားတွေကတော့ စိတ်ခံစားချက်နဲ့ပဲလုပ်တာများပါတယ်” လို့ ဒီဇိုင်နာ ဖြိုးကိုက ပြောပါတယ်။

Pond’s ကပြုလုပ်တဲ့ ပွဲတခုမှာ သရုပ်ဆောင်ဖွေးဖွေးအတွက် ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဝတ်စုံမှာ ကမ္ဘာကျော် အဆိုတော် တဦးဖြစ်တဲ့ Dia Lipa ဝတ်ဆင်ခဲ့တဲ့ Designer Giambattista ရဲ့ ဝတ်စုံပုံစံတူကို ဖန်တီးခဲ့တာနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ ဖြိုးကိုဟာ အဲဒီအချိန်တုန်းက ဝေဖန်ခံရမှုတွေရခဲ့ပါတယ်။

“အဲဒါကတော့ ဖွေးဖွေးကလည်း ဒီ Dress လေးကိုဝတ်ချင်တယ်ပြောတော့ ကျနော့် အနေနဲ့ကလည်း နိုင်ငံခြားက နာမည်ကြီးဒီဇိုင်နာ လုပ်ထားတဲ့ဟာကို ပြန်လုပ်ပေးရမှာဆိုတော့ လုပ်ပေးချင်တာ၊ မလုပ်ပေးချင်တာထက် ညီမလေးဝတ်ချင်တာဆိုတော့ လုပ်ပေးလိုက်တာပါပဲ။ လုပ်ပေးပြီးတော့လည်း ဒီ ဒီဇိုင်းက ဘယ်ဒီဇိုင်နာ လုပ်ထားတာပါ ဆိုတာကို တင်ထားတာပဲ။ ဖြစ်လာတဲ့ ကိစ္စတခုမှာတော့ ဒါဘယ်သူကမှ မှန်တယ်၊ မှားတယ် မရှိပါဘူး” လို့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဒီဇိုင်နာဖြိုးကိုက ပြောပါတယ်။

ဒီဇိုင်နာဖြိုးကိုကတော့ သရုပ်ဆောင်ဖွေးဖွေးနဲ့ ပက်ထရစ်ရှာတို့အတွက် ဝတ်စုံများကို အဓိကဖန်တီးပေးဖြစ်နေပြီး Extraordinary ဆိုတဲ့ သင်တန်းကျောင်းလည်း ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

“သင်တန်းကျောင်းကို ရန်ကုန်မှာ ဖွင့်ထားတယ်။ ဘာမှထိန်ချန်မှု မရှိဘဲနဲ့ ကျနော်သိသမျှ တတ်သမျှကို ပြန်သင်ပေးတယ်။ ဒါကလည်း ကျနော့်အနေနဲ့ ဒီမှာသင်တန်းဖွင့်တာကို များတယ်လို့ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် International အနေနဲ့ သွားရောက်သင်မယ်ဆိုရင်တော့ ကျနော်တို့က ဘာမှမရှိပါဘူးလို့” လို့ ဒီဇိုင်နာ ဖြိုးကိုက ဆိုပါတယ်။

ဒီဇိုင်နာ ဖြိုးကိုကတော့ ဒီဇိုင်းလောကကို ဒီဇိုင်နာ ပြည်စိုးအောင်ဆီမှာ သင်တန်းတက်ကာ ဝင်ရောက်ခဲ့ပြီး ပြည်ပမှာ အချိန် ၂ နှစ်ခန့် ဒီဇိုင်းပညာကို လေ့လာခဲ့ကာ အခုချိန်မှာတော့ အောင်မြင်မှုတခုကို ရရှိနေတဲ့ ဒီဇိုင်နာတဦး ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်ကမ္ဘာကျော် အဆိုတော်၊ မော်ဒယ်လ် Dua Lipa ရဲ့ ဝတ်စုံနဲ့ ဒီဇိုင်းတူလို့ ဝေဖန်ခံနေရတဲ့ ဖွေးဖွေး

Did you find apk for android? You can find new Free Android Games and apps.
Loading