Entertainment

“အရိပ်ဇာတ်ကားမှာ ပေါက်ကျိုင်းကို အားပေးလို့ ဝမ်းသာတယ်”ဆိုတဲ့ ကျော်ကျော်

Want create site? Find Free WordPress Themes and plugins.

MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “အရိပ်” ဇာတ်ကားမှာ မောင်ပေါက်ကျိုင်း ဇာတ်ရုပ်နဲ့ ပရိသတ် အသိအမှတ်ပြုခြင်း ခံနေရတဲ့ သရုပ်ဆောင် ကျော်ကျော်က လတ်တလောမှာ ဇာတ်လမ်းတွဲများ ရိုက်ဖြစ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“အရိပ် ဇာတ်ကားမှာ ကျနော်ကို အားပေးကြတာ ကျနော် မမျှော်လင့်ထားပါဘူး။ ကျနော်ရဲ့ဇာတ်ကောင်ကို ဒီလို အားပေး ကြလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် မမျှော်လင့်ဘဲ ပရိသတ်တွေက အကြိုက်သွားတွေ့တဲ့ အခါကျတော့ အနုပညာ တာဝန်ထမ်းဆောင်ရကျိုး နပ်တာပေါ့နော်။ ပရိသတ်တွေ အားပေးတဲ့အတွက် တော်တော်လေးကို ပီတိဖြစ် ဝမ်းသာ ရပါတယ်။ ကျနော် ပေါက်ကျိုင်းကလည်း အားပေးတဲ့ ပရိသတ်တွေကို  ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”လို့ ကျော်ကျော်က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ကျော်ကျော်က ဇာတ်ကားများ ရိုက်ကူးမှု မရှိတဲ့အခါမှာ ဘောလုံး အားကစားကို ကစားဖြစ်တယ်လို့လည်း ဧရာဝတီကို ဆိုပါတယ်။ ဘောလုံးအားကစားနည်းကို ဝါသနာပါတဲ့ ကျော်ကျော်က ဘောလုံးကန်ဖြစ်တာနဲ့ ပတ်သတ်ပြီး  အခုလို ဆိုပါတယ်။

“ကျနော်က ဇာတ်ကားရိုက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဘောလုံးကန်တော့ မပျက်ဘူး။ တပတ်မှာ မကန်ဘူးဆို တပွဲ ၂ ပွဲကတော့ ပုံမှန်ကန်ဖြစ်တယ်။ နယ်မှာရိုက်တဲ့ ကားတွေဆိုရင်သာ ဘောလုံုးကန်တာကို နားထားတာ ဒါတောင် ဂိုးပေါက် ကျဉ်းကျဉ်းတွေမှာ ကန်နေတုန်းပဲ။ ကျနော် သရုပ်ဆောင် အလုပ်ပြီးရင်တော့ ဘောလုံးကန်တဲ့ အားကစားနည်းကို ဝါသနာ အပါဆုံးပါ” လို့ ဆိုပါတယ်။

ကျော်ကျော်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီး ရုပ်သံ ဇာတ်လမ်းတွဲမှ တဆင့် ပရိသတ်အားပေးမှု ပိုမို ရရှိလာတဲ့ သရုပ်ဆောင် မင်းသားတဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading