• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အပြင်မှာ ကိုယ်တိုင် လက်စားချေရတာ နှစ်သက်တယ်” ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်

by မန်းသူ
9 June 2018
in Entertainment
A A
ဒါရိုက်တာ ညိုမင်းလွင်  / မန်းသူ

ဒါရိုက်တာ ညိုမင်းလွင် / မန်းသူ

8.6k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ဇာတ်လမ်း ညိုမင်းလွင်၊ ဇာတ်ညွှန်း ဝင်းမြင့်ဦး၊ သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်၊ နန်းဆုဦးတို့နဲ့ ဖန်တီးရိုက်ကူး ပုံဖော်ထားတဲ့ “လက်စားချေနတ်သမီး” ရုပ်ရှင်ကားကို ဇွန်လ ၈ ရက်နေ့မှာ စတင် ရုံတင်ပြသနေပါတယ်။

“Revenge paste sweet” ဆိုတဲ့ အယူအဆကို မှန်ကန်တယ်လို့ ယူဆတဲ့သူတွေ အားလုံးအတွက် ဒီဇာတ်ကားကို ရိုက်ပြထားတာလို့ ဆိုပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
935
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
444
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
452

“ကိုယ့်ကို လာတင်စီးရင် ရအောင် ပြန်တင်စီးရမှ ကျေနပ်တဲ့သူ၊ လာပြီးတော့ စော်ကားရင် ပြန်လက်စားချေရမှ ကျေနပ်တတ်တဲ့သူမျိုး ဆိုရင်တော့ ၁ နာရီခွဲကြာတဲ့ ဒီဇာတ်ကားက အလကား အချိန်အလဟာသ မဖြစ်စေရပါဘူး၊ စိတ်ကျေနပ်စွာနဲ့ အိမ်ပြန်သွားလို့ရတဲ့ ဇာတ်ကားတကားပါ” လို့ ဒါရိုက်တာ ညိုမင်းလွင်က ညွှန်းဆို ထားပါတယ်။

“အပြင်မှာလည်း ကိုယ်တိုင် လက်စားချေရတာကို နှစ်သက်တယ်” လို့ဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်ကို ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်မှုအပိုင်းကို အနုပညာ သတင်းထောက် မန်းသူက ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ အခု ရုံတင်နေတဲ့ “လက်စားချေ နတ်သမီး” ရုပ်ရှင်က ဘယ်လိုဇာတ်လမ်းမျိုးလဲ။

ဖြေ ။ ။ ဒီဇာတ်ကားဟာ ပရိသတ်တွေအတွက် အချစ်ကား တကားထက်တော့ ပိုပါတယ်။ ကျနော် အချစ်ကား ရိုက်လေ့ ရိုက်ထ မရှိပေမယ့် ကျနော်ကိုယ်တိုင် ပရိသတ်တယောက်အနေနဲ့ ဒီဇာတ်ကားကို ကြည့်ရတာကြိုက်ပါတယ်။

မေး ။ ။ “လက်စားချေခြင်း”ကို နှစ်သက်တဲ့ သူတယောက်မလို့ ဒီလိုဇာတ်လမ်းမျိုးကို ရိုက်တာလား။ ကိုယ်ကိုယ်တိုင် ကရော “လက်စားချေခြင်း” ကို နှစ်သက်တဲ့သူလား။

ဖြေ ။ ။ “ခွင့်လွှတ် အနစ်နာခံခြင်း”ကို နောက်ကွယ်မှာ လှောင်ပြောင်ရယ်မောပြီးတော့ နောက်ပြောင်တတ်တဲ့ သူတွေ ရှိနေသမျှ “လက်စားချေခြင်း” ဆိုတာ လိုကိုလိုအပ်တယ်လို့ ကျနော် ယူဆပါတယ်။ လက်စားချေတာ အဲဒီအတွက် မှန်ကန်တယ်လို့လည်း ရိုက်ပြထားပါတယ်။ အပြင်မှာ ကျနော် ကိုယ်တိုင်လည်း လက်စားချေတာကို ကြိုက်တယ်။

မေး ။ ။ လက်စားချေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း လက်ခံနိုင်တယ်ပေါ့။

ဖြေ ။ ။ ကိုယ်ကသူများကို ရေနွေးပူနဲ့ ပက်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်တော့ လက်ကို အပူခံရတယ်။ ဒါပေမယ့် ပက်လိုက်ရတဲ့ အရသာကိုတော့ကြိုက်တယ်။

မေး ။ ။ ကိုယ့်ဘဝမှာရော ဒီဇာတ်ကားထဲကလို လက်စားချေခဲ့ဖူးလား။ လက်စားချေဖို့ ကြိုးစားခဲ့ဖူးလား။

ဖြေ ။ ။ ဒါက Personal ဖြစ်သွားပြီ။ ကိုယ်ကစပြီး ဘယ်တော့မှ မစော်ကားပါနဲ့။ အဲဒီလိုပဲ ကိုယ့်ကိုစော်ကားလာရင်လည်း ခွင့်မလွှတ်ပါနဲ့။ ကျနော်က အဲဒီလို လူမျိုး။

မေး ။ ။ ကိုညိုမင်းလွင် ရဲ့ Facebook Post တခုမှာ တင်ထားတာတွေ့ရတယ်။ ကျောင်းသားဘဝထဲက ဒီလို ဇာတ်လမ်းမျိုးတွေ ဖတ်ရတာ နှစ်သက်ခဲ့တယ်လို့ ရေးထားတယ်။
ဒါနဲ့ပတ်သတ်လို့ “လက်စားချေခြင်း” ကို နှစ်သက်တဲ့ လူတွေ လာကြည့်ဖို့ ဖိတ်ခေါ်ထားတဲ့ စာတွေကလည်း ပရိသတ်ကို ဆွဲဆောင်ထားတယ်ဆိုတော့ အဲဒီအရွယ်ကတည်းက ပြင်ဆင်ထားတဲ့ ဇာတ်လမ်းလို့ ပြောလို့ရလား။

ဖြေ ။ ။ “လက်စားချေခြင်း” ဆိုတာ ငယ်ငယ်ထဲက မှန်ကန်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ အဲဒီတုန်းထဲက ရထားတာတော့ မဟုတ်ပါဘူး။

မေး ။ ။ ဒီကားကရော ကိုညိုမင်းလွင် စိတ်ကြိုက်ဖြစ်ရဲ့လား။ စိတ်တိုင်းကျမှ လွှတ်လိုက်တာလား။

ဖြေ ။ ။ ၂၀၁၆ ခုနှစ်မှာ မင်းသား သြဘာအတွက် သရုပ်ဆောင်တာဟာ ဒါကအကောင်းဆုံးပဲ။

မေး ။ ။ သရုပ်ဆောင်သစ် တယောက်အနေနဲ့ ဒီကားရဲ့ဇာတ်ရုပ်နဲ့ စကားလုံးတွေက ခက်ခဲတယ်လို့ မထင်မိဘူးလား။

ဖြေ ။ ။ ဇာတ်လမ်းအနေနဲ့ ပြောရရင်တော့ နည်းနည်း Deep ဖြစ်တယ်။ ဒါပေမယ့် သူတို့အတွက်တော့ အဲဒီလောက်ကြီး အရမ်းခက်ခဲတာမျိုးတော့ မဟုတ်ပါဘူး။

မေး ။ ။ ဇာတ်ရဲ့သဘောတရားအရ ဝါရင့်သရုပ်ဆောင်တွေနဲ့ အသစ်နဲ့ကြားမှာ ကွာဟမှု ရှိနေတယ်ဆိုပြီး မစိုးရိမ်မိဘူးလား။

ဖြေ ။ ။ အဲဒီလိုရောက်နိုင်တာ တချို့ရှိခဲ့တယ်။ အဲဒါက သက်မွန်မြင့်နဲ့ တွဲပြီးသရုပ်ဆောင်ရတဲ့ အချိန်မှာ နည်းနည်း ဟသွားတာ ရှိတယ်။ ဒါပေမယ့် ကျနော် ပြောသလိုပဲ ၂၀၁၆ ခုနှစ်၊ သြဘာတတ်တာ ဒါအကောင်းဆုံး။ ဒီအချိန်မှာတော့ သူ ဒီထက်ပိုပြီး ကောင်းနေလိမ့်မယ်။

မေး ။ ။ အဲဒီအချိန်တုန်းကရော ဒါရိုက်တာ ညိုမင်းလွင်အနေနဲ့ အသစ်တယောက်ကို တင်ရတာ စိတ်တိုင်းကျ ဖြစ်ရဲ့လား။

ဖြေ ။ ။ ကျနော်ကတော့ သစ်တယ်၊ ဟောင်းတယ် ဆိုတာထက် ကျနော်ရဲ့ ကင်မရာဘောင်ထဲ ရောက်လာတဲ့ သရုပ်ဆောင်တယောက်ကို သူရဲ့သရုပ်ဆောင် ကာရိုက်တာ ပီပြင်ဖို့ကိုပဲ စဉ်းစားပါတယ်။ သစ်တာ ဟောင်းတာတွေက နောက်ကိစ္စပါ။

မေး ။ ။ ဒီဇာတ်ကား တည်းဖြတ်တဲ့အပိုင်းမှာရော ကိုညိုမင်းလွင် စိတ်ကြိုက်လုပ်ခဲ့တာပဲလား။

ဖြေ ။ ။ ကျနော် စိတ်တိုင်းကျ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် DCP ပြန်ကူးခါနီးအချိန်မှာ နည်းနည်းကြားထဲမှာ ပြောင်းဆက် လိုက်တဲ့ အယ်ဒီတာကြောင့် ဇာတ်သိမ်းတချို့ နည်းနည်းတော့ နားလည်မှု လွဲသွားတာလေးရှိတယ်။ ဒါပေမယ့် အခုအားလုံး ပြန်ပြင်ပြီး သွားပါပြီ။ ။

ဆက်စပ်ဖတ်ရှုရန် – “ဒါရိုက်တာအလုပ်ကို တသက်လုံးလုပ်ဖို့ အစီအစဉ် မရှိဘူး”လို့ ပြောလိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

Your Thoughts …
Tags: ဒါရိုက်တာ ညိုမင်းလွင်
မန်းသူ

မန်းသူ

Similar Picks:

"မြ" ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်  / ဧရာဝတီ

မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း

by ချစ်ပိုး
4 September 2019
56.8k

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျနော် ရိုက်ပါမယ်လို့ စပြောကတည်းက မရိုက်ဘူးလို့ ထင်နေတဲ့သူတွေလည်းရှိတယ်။ ပေါ်ပင် ထလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်း ရှိတယ်။

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“မြမြ ရုပ်ရှင်ရိုက်တာ၊ လုပ်စားတာ မဟုတ်ဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

by ချစ်ပိုး
31 January 2020
8.6k

ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော၊ ကျနော် တိုက်ခိုက်တယ်လို့ လုံးဝ မခံယူထားဘူး။ ဝေဖန်တယ်လို့ပဲ လက်ခံထားတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် / ဧရာဝတီ

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

by ချစ်ပိုး
1 July 2019
20.7k

“Sex Education သင်ပေးဖို့ မြန်မာနိုင်ငံမှာက အမေနဲ့ သားတို့၊ အဖေနဲ့ သမီးတို့ ခွဲခြားပြီး ကန့်လိုက်တော့ ဒီစကားက အဖေရှေ့မှာ မပြောရဘူးတို့၊ အမေရှေ့မှာ မပြောရဘူးတို့ ပါလာတာပေါ့။

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
6.9k

"နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။

ဒါရိုက်တာ ညိုမင်းလွင်  / Nyo Min Lwin's Facebook

“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို

by ချစ်ပိုး
25 April 2019
5.3k

“ရေပန်းစားနေတဲ့ကိစ္စအပေါ်မှာ လုပ်စားတာလား ဆိုရင်တော့ နိုးပါ၊ အခုချက်ချင်း ထ ရိုက်ရင်တောင် အနည်းဆုံး နောက်တနှစ်လောက်ကြာပြီးမှပဲ ပရိသတ်ဆီရောက်မှာပါ။

ဒါရိုက်တာ ညိုမင်းလွင်

“ခပ်ဟော့ဟော့တွေ ရိုက်ပြဖို့ လိုအပ်ရင်လည်း ကျနော်ရိုက်မှာပါ”

by မန်းသူ
22 January 2019
7.7k

အောက်လမ်းနည်း ဆိုတာက လူပြောခံရရင်ပြီးရော၊ လူပြောခံရရင် ပေါက်တာပဲဆိုပြီး ရေကန်ထဲဆင်းစိမ်တာ၊ နှုတ်ခမ်းခြင်းနမ်းပြထားတာ မပါဘူး။ မရိုးသားတဲ့နည်းနဲ့ဖွထားတာ တခုမှ မပါဘူး"

Next Post
ASUS မှ အသစ် မိတ်ဆက်လိုက်တဲ့ “ROG Phone” Gaming စမတ်ဖုန်း

Gaming စမတ်ဖုန်း လောကကို တခေတ် ဆန်းစေမယ့် ASUS “ROG Phone”

တာမွေမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်း / ရွှေလေး / ဧရာဝတီ

ရန်ကုန်တိုင်းအစိုးရ၏ ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု လွှတ်တော်၏ ဝေဖန်မှုခံနေရ

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.8k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate