ကမ္ဘာကျော် ဘောလုံး အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်း တို့ဟာ သူတို့ ကွာရှင်းတော့မယ်လို့ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုခဲ့ကြပါတယ်။
Twitter မှာ သူတို့နှစ်ဦး လမ်းခွဲတော့မယ်လို့ မကြာခင် ကြေညာတော့မှာဖြစ်တဲ့အကြောင်း ကောလာဟလသတင်းတွေ ပျံ့နှံ့လာခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့စုံတွဲနှစ်ဦးက ဇွန်လ ၈ ရက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။
သူတို့ရဲ့ ကိုယ်စားလှယ်တွေက “လမ်းခွဲဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ ကြေညာချက် မရှိပါဘူး။ ဒါဟာ လူမှုမီဒီယာ သတင်း အတုအယောင်သာ ဖြစ်ပါတယ်။ ဒါဟာ အရမ်းထူးဆန်းပြီးတော့ အချိန်ကုန်စေတဲ့ သတင်းသာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဒေးဗစ်ဘက်ခမ်းဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ကာကွယ်ဖို့သာ အတူတူနေနေကြရတာ ဖြစ်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို တုန့်ပြန် ပြောကြားခဲ့ဖူးပါတယ်။
နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းက “ကျနော်တို့အတူနေကြတယ်ဆိုတာ အလုပ်တွေကြောင့်လို့ လူတွေက ပြောနေခဲ့ကြပါတယ်။ ဒါမဟုတ်ပါဘူး။ ကျနော်တို့ တဦးကို တဦးချစ်လို့ အတူတူနေကြတာပါ။ ကျနော်တို့ ဆီမှာ အံ့သြဖွယ် ကလေး ၄ ဦးရှိနေလို့ အတူတူ နေနေကြတာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။ သူတို့ စုံတွဲဟာ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ကလေး ၄ ဦးထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဘောလုံးလောကမှ အနားယူလိုက်ပေမယ့် အားကစား လိုက်စားနေဆဲ ဒေးဗစ်ဘက်ခမ်း
Ref: etcanada